top of page


စစ်ဘေးရှောင်တွေနေတဲ့စာသင်ကျောင်းဗုံးကြဲခံရပြီး အမျိုးသမီး သုံးဦးသေဆုံး
BVJ/ဂျိုး_နိုဝင်ဘာ ၁၈၊ ၂၀၂၅ ဒီကနေ့မနက်ပိုင်းကဗုံးကြဲခံရတဲ့ ကျောက်ဖြူမြို့နယ် တောင်ငူကျေးရွာ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ကျောက်ဖြူမြို့နယ်အတွင်းက တောင်ငူကျေးရွာကို ဒီကနေ့ မနက်ပိုင်းမှာ စစ်ကောင်စီလေကြောင်းက ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီး ၃ ဦးသေဆုံးပြီးတော့ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ တောင်ငူကျေးရွာအတွင်းက စစ်ဘေးဒုက္ခသည်တွေနေထိုင်တဲ့စာသင်ကျောင်းကိုဗုံးကြဲချခဲ့တာ ဖြစ်တယ်လို့ ဒေသခံအမျိုးသမီးတဦးကပြောပါတယ်။ “လေယာဉ်ကတော့မနေ့က ကတည်းကရွာနားမှာဝဲနေတာဒီကနေ့မ

BVJ
Nov 181 min read


ကံမက အသက် ၇၀ကျော်အမျိုးသားတစ်ဦး ပစ်သတ်ခံရမှု MODကိုတိုင်ကြားထား
မိုနာ/BVJ_နိုဝင်ဘာ ၁၈၊ ၂၀၂၅ ပစ်သတ်ခံရသူ ဦးကိုငယ်(ဓါတ်ပုံ-ကိုမြတ်အောင်) မကွေးတိုင်း၊ ကံမမြို့နယ် ကျောက်စောင်းရွာမှာ အသက် ၇၀ကျော်အမျိုးသားတစ်ဦးသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ကာကွယ်ရေးဝန်ကြီးဌာန MODဆီတိုင်ကြားထားတယ်လို့ ဆွေမျိုးတော်စပ်သူဆီက သိရပါတယ်။ ၇၁နှစ်အရွယ် ဦးကိုငယ်ဆိုသူကို သူ့ရဲ့နေအိမ်ကနေ နိုဝင်ဘာ ၁၅ရက်ညနေ ၅နာရီခန့်မှာ ဆိုင်ကယ်သုံးစီးနဲ့ လက်နက်ကိုင် ၆ဦးက လာရောက်ဖမ်းခေါ်သွားပြီးနောက် ရွာလယ်မှာ နဖူးကိုသေနတ်နဲ့ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဦးကိုငယ်ဟာ ရွ

BVJ
Nov 181 min read


ရွာကိုစစ်ကြောင်းဝင်လို့တိမ်းရှောင်ရင်း စစ်ဘေးရှောင်သက်ကြီးသုံးဦး သေဆုံး
မိုနာ/BVJ _ နိုဝင်ဘာ ၁၈၊ ၂၀၂၅ မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်း၊ အနောက်တောင်ပိုင်းနဲ့ အနောက်ပိုင်းကျေးရွာတွေကို စစ်အုပ်စုစစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ထွက်ပြေးတိမ်းရှောင်ရင်းစစ်ဘေးရှောင် သက်ကြီး သုံးဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၁၅ရက်နေ့မှာ အသက် ၉၁နှစ် အဖိုးတစ်ဦး၊ ၁၆ရက်နေ့မှာ အသက် ၉၀ အဖွားတစ်ဦးနဲ့ ၁၇ရက်နေ့မှာ ၆၁နှစ် အဖွားတစ်ဦးတို့သေဆုံးသွားတာဖြစ်ပြီး သူတို့တွေဟာ မြိုင်မြို့နယ်အနောက်ပိုင်းရွာကဒေသခံတွေဖြစ်ပါတယ်။ “စစ်ကြောင်းလာလို့ထွက်ပြေးကြရင်း သက်ကြီးသုံးဦး...

BVJ
Nov 181 min read


တိုက်ပွဲပြင်းထန်နေတဲ့ကျောက်ဖြူမှာ ကျေးရွာတော်တော်များများကို စစ်အုပ်စုလေကြောင်းဗုံးကြဲနေ
BVJ/ဂျိုး_နိုဝင်ဘာ ၁၈၊ ၂၀၂၅ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ကျောက်ဖြူမြို့နယ်မှာ စစ်အုပ်စုနဲ့အာရက္ခတပ်တော်-AAကြား တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေသလို နှစ်ဘက်ထိခိုက်သေဆုံးမှုတွေများနေတာပါ။ စစ်အုပ်စုဘက်က AAခြေကုတ်ယူထားတဲ့နယ်မြေတွေကို ဆက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လက်ရှိမှာတော့ ကျောက်ဖြူ- ရန်ကုန်ကားလမ်းမပေါ်က မင်းပြင်ကျေးရွာအထိရောက်နေပြီလို့ ကျောက်ဖြူဒေသခံတစ်ဦးကပြောပါတယ်။ “မင်းပြင်ကျေးရွာနားမှာတော့ နှစ်ဘက်တိုက်ပွဲပြင်းထန်နေတယ်။ လက်နက်ကြီးသံတွေ လက်နက်ငယ်တွေ နေ့တိုင်းကြားနေရတယ်။...

BVJ
Nov 181 min read


ရခိုင်နဲ့ဧရာဝတီတိုင်းက AAနဲ့PDFတပ်ဖွဲ့ဝင်တွေထွက်ပြေးပြီးအလင်းဝင်လာဟုဆို
ယူဂရင်း/BVJ_နိုဝင်ဘာ ၁၈၊ ၂၀၂၅ ရခိုင်ပြည်နယ်အတွင်းက မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ သံတွဲနဲ့ ဂွမြို့နယ်တို့က အာရက္ခတပ်တော်-AAတပ်ဖွဲ့ဝင်အမျိုးသား ၉ ယောက်နဲ့ ဧရာဝတီတိုင်း၊ မအူပင်၊ လေးမျက်နှာ၊ ဇလွန်၊ ကြံခင်းနဲ့ရေကြည်မြို့နယ်တို့က PDF တပ်ဖွဲ့ဝင် အမျိုးသား ၆ယောက်တို့ အလင်းဝင်လာတယ်လို့ စစ်အုပ်စုထိန်းချုပ်သတင်းစာတွေမှာ ဒီနေ့ဖော်ပြပါတယ်။ သူတို့တွေဟာ မနေ့က နိုဝင်ဘာ ၁၇ရက်မှာအလင်းဝင်လာတာဖြစ်ပြီး သူတို့၁၅ယောက်နဲ့အတူ မောင်းပြန်ရိုင်ဖယ် နှစ်လက်နဲ့လက်ပစ်ဗုံးတစ်လုံးပါလာတာကြောင့် သေနတ်နှ

BVJ
Nov 181 min read


ရွှေကုက္ကိုလ်မြို့သစ်က ကျားဖြန့်လုပ်ငန်းတွေရှင်းထုတ်တော့မယ်လို့ BGFဆို
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ရွှေကုက္ကိုဒေသကကျားဖြန့်လုပ်ငန်းတွေကို အပြီးအပြတ်ရှင်းပစ်တော့မယ်လို့ BGFတပ်ဖွဲ့ကထုတ်ပြောအပြီး နာရီပိုင်းအတွင်းမှာ အဲ့ဒီကလူတွေဟာ ခရီးဆောင်အိတ်တွေထုပ်ပိုးပြီး ညတွင်းချင်း ထွက်ဖို့ကြိုးစားနေကြတဲ့ဗီဒီယိုဖိုင်တွေ အွန်လိုင်းပေါ်တက်လာပါတယ်။ ရွှေကုက္ကိုမြို့သစ်ပတ်ဝန်းကျင်မှာ ကျားဖြန်နဲ့ပတ်သက်တဲ့သူ နှစ်ထောင်ဝန်းကျင်ရှိနေသေးတယ်လို့ BGFတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးနိုင်မောင်ဇော်က ထိုင်းသတင်းဌာနThe Reportersရဲ့ အင်တာဗျူးထဲမှာ ဝန်ခံထားပါတယ်။

BVJ
Nov 181 min read


မြစ်ကြီးနားက ပီပီပီပါတီကိုယ်စားလှယ်လောင်းနေအိမ် ခဲနဲ့ပေါက်ခံရ
ယူဂရင်း/BVJ_ နိုဝင်ဘာ ၁၇၊ ၂၀၂၅ ဓါတ်ပုံ-PPP စစ်အုပ်စုရွေးကောက်ပွဲကိုဝင်ပြိုင်မယ့် ပြည်သူ့ရှေ့ဆောင်ပါတီ-PPPက မြစ်ကြီးနားလွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့နေအိမ် ခဲနဲ့ပေါက်ခံခဲ့ရတယ်လို့ ပါတီဥက္ကဌ ဒေါ်သက်သက်ခိုင်က ပြောပါတယ်။ ဆိုင်ကယ်နဲ့လာပြီး ကိုယ်စားလှယ်လောင်းရဲ့နေအိမ်ကိုခဲနဲ့ပစ်ပေါက်သွားတာကြောင့် ရဲကိုအချိန်မီတိုင်ကြားခဲ့ပေမယ့် ကားနဲ့ဖြစ်နေတဲ့အတွက်ဆိုင်ကယ်ကိုလိုက်လို့မမိခဲ့ဘူးလို့လည်း ဒေါ်သက်သက်ခိုင်က ပြောပါတယ်။ “ကျမတို့ပါတီက ကိုယ်စားလှယ်လောင်းတစ်ယောက်အိမ်ကို မြစ်ကြီးနားမှာသူ့

BVJ
Nov 171 min read


ရန်ကုန်UGရဲဘော်နှစ်ယောက် ဖမ်းခံရ
ယူဂရင်း/BVJ_ နိုဝင်ဘာ ၁၇၊ ၂၀၂၅ မြို့ပြUGတွေလည်း ရွေးကောက်ပွဲဆန့်ကျင်ရေးအတွက်ပွဲကနေကြောင်း YUPAအဖွဲ့က စက်တင်ဘာ ၂၀ရက်က ကြေညာထားပုံ။ Yangon UG People Army -YUPAရဲ့ ရဲဘော်နှစ်ယောက်ဖြစ်တဲ့ ကေစီနဲ့မိုးလေးတို့ ဖမ်းဆီးခံလိုက်ရတယ်လို့ အဖွဲ့က အသိပေးပါတယ်။ မနေ့က နိုဝင်ဘာ ၁၆ရက်မှာဖမ်းခံလိုက်ရတာဖြစ်ပြီး သူတို့နှစ်ယောက်နဲ့ အဆက်အသွယ်ရှိထားသူတွေအနေနဲ့ လုံးဝအဆက်အသွယ်မလုပ်ကြဖို့ကိုလည်း YUPAက ပြောထားပါတယ်။ ဒါ့အပြင် ကျန်တဲ့အဖွဲ့ဝင်တွေလည်းအရေးပေါ်ရွှေ့ပြောင်းလိုက်ရတာကြောင့် အရေးပေါ်ရွှေ့ပြောင်းစာ

BVJ
Nov 171 min read


“နွေဦးတော်လှန်ရေး”လို့ သုံးစွဲဟောပြောခဲ့တဲ့ ကိုယ်စားလှယ်လောင်းကိုအရေးယူဖို့ UECပြင်ဆင်နေ
မိုနာ/BVJ_ နိုဝင်ဘာ ၁၇၊ ၂၀၂၅ ပြည်သူ့ပါတီ-PPက သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ဟာ ရွေးကောက်ပွဲမဲဆွယ်ဟောပြောရာမှာ ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းဖြစ်စဥ်ကို “အရေးတော်ပုံ” နဲ့“တော်လှန်ရေး”ဆိုတဲ့ စကားလုံးတွေသုံးနှုန်းခဲ့ပြီး မျိုးဆက်သုံးဆက်တိုင် နိုင်ငံရေးအကျဉ်းသားလို့ ထုတ်ဖော်ပြောခဲ့ပါတယ်။ “ကျနော့်အဖေဆိုရင်လည်း ကိုကိုးကျွန်းပြန်ကြီးပေါ့။ မဆလရဲ့ တစ်ပါတီ အာဏာရှင်စနစ်ကို ရဲရဲဝံ့ဝံ့ တွန်းလှန်တော်လှန်ခဲ့တဲ့ လူတစ်ယောက်ဖြစ်တယ်။ ကျနော့်အဖေဟာလည်း

BVJ
Nov 171 min read


ဒါရိုက်တာရှင်ဒေဝီ နယ်စည်းမထားသတင်းထောက်များအဖွဲ့RSFရဲ့ သတင်းလွတ်လပ်ခွင့်ဆု ချီးမြှင့်ခံရ
အေတီ/BVJ_ နိုဝင်ဘာ ၁၆၊ ၂၀၂၅ သတင်းမှတ်တမ်းရိုက်ကူးသူ ဒါရိုက်တာရှင်ဒေဝီကို နယ်စည်းမထား သတင်းထောက်များအဖွဲ့-RSFက ၂၀၂၅ခုနှစ်အတွက် Press Freedom Independence award 2025 သတင်းလွတ်လပ်ခွင့်ဆုကို နိုဝင်ဘာ ၁၅ရက်နေ့က ချီးမြှင့်ခဲ့ပါတယ်။ ဆုပေးပွဲကို ပါရီမြို့မှာကျင်းပခဲ့ပြီး အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးအကျဉ်းချခံနေရတဲ့ ဒါရိုက်တာရှင်ဒေဝီကိုယ်စား စာရေးဆရာမ မသီတာစမ်းချောင်းက ဆုလက်ခံယူခဲ့ပါတယ်။ “ကျင်းပရာပါရီမှာ တက်ရောက်လက်ခံပေးခွင့်ရခဲ့ပါတယ်။ မြန်မာရဲ့သတင်းလွတ်လပ်ခွင့်အခြေအနေကို ခဏလေးပြောခွင့်

BVJ
Nov 171 min read


စစ်အာဏာရှင်ဆန့်ကျင်သူ မေမြတ်နိုးရဲ့စင်္ကာပူပွဲ ပရိသတ်များပြားတာကြောင့် အချိန်နှစ်ပိုင်းခွဲကျင်းပခဲ့ရ
ဂျီဘီ/BVJ_နိုဝင်ဘာ ၁၆၊၂၀၂၅ Photo Credit: May Myat Noe “လမ်းချင်းတူလို့ လူချင်းတွေ့တယ်”ဆိုတဲ့စကားရပ်အတိုင်းပဲ စစ်အာဏာရှင်ကို ဆန့်ကျင်တွန်းလှန်နေတဲ့ အနုပညာရှင်မေမြတ်နိုးရဲ့ ပထမဆုံးအကြိမ် စင်္ကာပူ Fan Meetingပွဲဟာ တက်ရောက်သူပရိသတ်အင်အားများပြားခဲ့တာကြောင့် အချိန်နှစ်ပိုင်းခွဲ ကျင်းပပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။ မေမြတ်နိုးဟာ စစ်အာဏာရှင်ကိုဆန့်ကျင်တွန်းလှန်တဲ့ တော်လှန်ရေး အနုပညာရှင်တွေထဲကတစ်ဦးဖြစ်ပြီး ယူကေ(UK)နိုင်ငံမှာပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအပြင် မြန်မာ့နွေဦ

BVJ
Nov 171 min read


တပ်ကုန်းမှာ ၂နှစ်ကြာတပ်စွဲထားတဲ့ ရတနာမြေအခြေပြုလုံခြုံရေးကင်းစခန်းကို PLAဝင်စီး
မိုနာ/BVJ_နိုဝင်ဘာ ၁၄၊ ၂၀၂၅ နေပြည်တော်၊ ဥတ္တရသီရိ တပ်ကုန်းမြို့နယ်ရှိ စစ်အုပ်စုရဲ့ ရတနာမြေအခြေပြုလုံခြုံရေးကင်းစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က အခုလ ၁၂ရက် ညနေပိုင်းမှာ ၀င်ရောက်စီးနင်းခဲ့တယ်လို့သိရပါတယ်။ စစ်အုပ်စုက နယ်မြေစိုးမိုးရေးစစ်ကြောင်းထိုးနေချိန်မှာ ဝင်းစီးခဲ့တာဖြစ်ပြီး အခုဝင်စီးတဲ့စခန်းဟာ စစ်အုပ်စုဘက်က ၂နှစ်ဝန်းကျင်တပ်စွဲထားတဲ့စခန်းဖြစ်တယ်လို့ PLAက ဒီနေ့ နိုဝင်ဘာ ၁၄ရက် နေ့လယ်မှာထုတ်ပြန်ပါတယ်။ “ရန်သူ့စခန်းကို ၀င်ရောက်စီးနင်းချိန်တွင် ရန်သူများစခန်းစွန့်ခွာထ

BVJ
Nov 141 min read


မြန်မာ-ထိုင်းနယ်စပ်မြို့ မောတောင်ကို ကာကွယ်ရေးတပ်တွေသိမ်းပိုက်
မိုနာ/BVJ_နိုဝင်ဘာ ၁၄၊ ၂၀၂၅ ဓါတ်ပုံ-BPLA မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်တဲ့ တနင်္သာရီတိုင်းအတွင်းက မောတောင်မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLAနဲ့ပူးပေါင်းတပ်တွေက ဒီနေ့မနက်မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့နီးစပ်သူတစ်ဦးဆီက သိရပါတယ်။ “ဒီနေ့မနက်ကပဲ ရဲစခန်းတခုလုံးသိမ်းပြီးပြီ။ လက်နက်တွေလည်းအများကြီးရတယ်။ ထိုင်းဘက်ကိုထွက်ပြေးသွားတဲ့ စစ်သားတွေလည်းအများကြီး” အဲ့ဒီစခန်းသိမ်းပိုက်မှုအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင်တွေဟာ အလံဖြူထောင်ပြီး ထိုင်းဘက်ကိုထွက်ပြေး

BVJ
Nov 141 min read


ဒေါက်တာဆာဆာ၊ဒေါ်ခင်မမမျိုးတို့ ဦးဆောင်တဲ့ဌာနနှစ်ခုအပါအဝင် NUGဝန်ကြီးဌာနငါးခု လျှော့ချဖို့စီစဥ်ထား
အေတီ/BVJ_ နိုဝင်ဘာ ၁၄၊ ၂၀၂၅ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဆောင်နေတယ်ဆိုတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဝန်ကြီးဌာန ၁၇ ခုထဲက ဝန်ကြီးဌာန ၅ခုကိုလျှော့ချဖို့စီစဥ်ထားပြီးပြီ လို့ သတင်းရရှိပါတယ်။ NUGအစိုးရက လျှော့ချဖို့စီစဥ်ထားတဲ့ ဝန်ကြီးဌာန ၅ခုဟာ (၁)-ဒေါက်တာဆာဆာဦးဆောင်တဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန (MOIC)၊ (၂)-ဦးထင်လင်းအောင်ဦး ဆောင်တဲ့ ဆက်သွယ်ရေး၊သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန (MOCIT)၊(၃)-ဒေါ်ခင်မမမျိုးဦးဆောင်တဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ

BVJ
Nov 141 min read


အာဏာသိမ်းစစ်ခေါင်းဆောင်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးက ဖမ်းဝရမ်းချက်ချင်းထုတ်ဖို့ ကုလမှာတောင်းဆို
ယူဂရင်း/BVJ_ နိုဝင်ဘာ ၁၃၊ ၂၀၂၅ ဓါတ်ပုံ-CINCDS အာဏာသိမ်းစစ်တပ်အနေနဲ့ အတုအယောင်ရွေးကောက်ပွဲပြုလုပ်ပြီး ကြီးလေးတဲ့ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့နဲ့ ရှောင်လွှဲဖို့ကြိုးပမ်းနေတာကြောင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးအနေနဲ့ စစ်ခေါင်းဆောင်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုဖမ်းဝရမ်းချက်ချင်းထုတ်ဖို့ကို အခုလ အောက်တိုဘာ ၁၁ရက်မှာကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားခဲ့ပါတယ်။ ...

BVJ
Nov 131 min read


တော်လှန်ရေးတပ်ဖွဲ့တွေလုပ်မယ့်ရွှေမျောစီမံကိန်းအပေါ် ကန့်ကွက်ဆန္ဒပြသူတွေ ဖမ်းဆီးခံရမှုကနေမလွတ်မြောက်လာသေး
မိုနာ/BVJ_နိုဝင်ဘာ ၁၃၊ ၂၀၂၅ လောင်းပြည့်ကျွန်းရွှေမျောစီမံကိန်းရပ်တန့်ဖို့ ဆန္ဒပြနေပုံ(ဓါတ်ပုံ-CJ) စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်ထဲက တော်လှန်ရေးတပ်ဖွဲ့တွေဦးစီးလုပ်ကိုင်မယ့် လောင်းပြည့်ကျွန်းရွှေမျောစီမံကိန်းကို ဒေသခံတွေက အခုလ ၈ရက်မှာ ဆန့်ကျင်ကန့်ကွက်ဆန္ဒပြခဲ့တာကြောင့် အဲ့ဒီထဲကဦးဆောင်သူတချို့ကို ဒေသတွင်းPDFတွေက ဖမ်းဆီးထားပါတယ်။ ရွှေမျောတိုက်ဖို့ပြင်ဆင်နေတာကိုရပ်တန့်ဖို့နဲ့ ဒေသပကဖ၊ ပအဖတာဝန်ခံတွေကို တာဝန်ကနေရပ်နားဖို့ ဒေသခံတွေကန့်ကွက်ဆန့်ကျင်ဆန္ဒပြခဲ့ကြတာဖြစ်ပြီး

BVJ
Nov 131 min read


ကျားဖြန့်ဂိုဏ်းတွေကိုကူညီနေတဲ့ DKBAတပ်ဖွဲ့နဲ့ခေါင်းဆောင်သုံးဦးကို အမေရိကန်ပိတ်ဆို့အရေးယူ
အေတီ/BVJ_နိုဝင်ဘာ ၁၃၊ ၂၀၂၅ နိုင်ငံတကာရာဇဝတ်ဂိုဏ်း ကရင်အမျိုးသားတပ်မတော်(KNA)တပ်ဖွဲ့ ခေါင်း ဆောင်စောချစ်သူနဲ့ပတ်သက်ဆက်နွယ်နေတဲ့ ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ်မတော် (DKBA)တပ်ဖွဲ့နဲ့ တပ်ဖွဲ့ခေါင်းဆောင် ၃ ဦးကို အမေရိကန်က ပိတ်ဆို့အရေးယူလိုက်ပါတယ်။ DKBA ခေါင်းဆောင် စိုင်းကျော်လှ၊ စောစတီး၊ စောစိန်ဝင်းနဲ့ စောဆန်းအောင်၊ ကုမ္ပဏီနှစ်ခုဖြစ်တဲ့ Trans Asia International Holding Group Thailand Company Limited, Troth Star Company Limitedနဲ့ ထိုင်းနိုင်ငံသား ချမူစဝမ်တို့ကို ကျားဖြန့်စင်တာတွေမှ

BVJ
Nov 131 min read


ရွှေဘို-မန္တလေးလမ်းပိုင်းတိုက်ပွဲမှာ ပကဖရဲဘော် ၈ ဦးကျဆုံး
မိုနာ/BVJ_နိုဝင်ဘာ ၁၂၊ ၂၀၂၅ ရွှေဘိုမြို့နယ်ပကဖက တိုက်နယ်(၆)ပကဖတိုက်ခိုက်ရေးရဲဘော်တွေကို ယူနီဖောင်း၊ဘက်တံဆိပ်နဲ့MA 1နှစ်လက်တို့ကို အောက်တိုဘာ ၁၂ရက်ကတပ်ဆင်ပေးနေပုံ။ စစ်ကိုင်တိုင်း၊ ရွှေဘို-မန္တလေးလမ်းပိုင်း တဂဏန်းရွာထိပ်မှာအထိုင်ချနေတဲ့ တပ်မ ၃၃လက်အောက်ခံ စစ်အုပ်စုစစ်ကြောင်းကို ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ မြို့နယ် ပကဖ တာဝန်ခံရဲ့စီမံကွပ်ကဲမှုနဲ့ မြို့နယ်(PDO)တိုက်ခိုက်ရေးအဖွဲ့၊ တိုက်နယ်(၁၊၂၊၃၊၅)ပကဖတိုက်ခိုက်ရေးအဖွဲ့တွေနဲ့ နယ်မြေခံပကဖတွေက အခုလ ၁၀ရက်နေ့ ညနေလေးနာရီကျော်မ

BVJ
Nov 121 min read


ပဲခူး၊ဧရာဝတီနဲ့မကွေးတိုက်ပွဲတွေအတွင်း အလံဖြူထောင်၊ထွက်ပြေးလာသူ တပ်သားသစ် ၇၀ ခန့် အေအေဖမ်းမိထား
ဖမ်းမိသူတွေဟာ စစ်မှုထမ်းသင်တန်းဆင်းတပ်ဖွဲ့ဝင်သစ်တွေနဲ့ အထက်တန်းကျောင်းသားတွေဖြစ် မိုနာ/BVJ_နိုဝင်ဘာ ၁၂၊ ၂၀၂၅ ကပစ ၁၆တိုက်ပွဲအတွင်း အေအေထံ အလံဖြူထောင်၊လက်နက်ချထွက်ပြေးလာသူ စစ်အုပ်စုတပ်သားများ။ အာရက္ခတပ်တော်-AAနဲ့ အာဏာသိမ်းစစ်တပ်တို့ဟာ ရခိုင်နဲ့ထိစပ်နေတဲ့ ပဲခူး၊ မကွေးနဲ့ဧရာဝတီတိုင်းအစပ်တို့မှာ တိုက်ပွဲတွေဖြစ်နေပြီး အဲ့ဒီတိုက်ပွဲတွေအတွင်းမှာ စစ်အုပ်စုဘက်က အလံဖြူထောင်သူတွေနဲ့ထွက်ပြေးလာသူ အများအပြားရှိနေတယ်လို့ အေအေက မနေ့က နိုဝင်ဘာ ၁၁ရက်ညပိုင်းမှာ အသိပေးလာပါတယ်။ နှစ်ဘက်ဖြစ်ပွားနေ

BVJ
Nov 121 min read


ဝင်းမနားတိုက်နယ်ဆေးရုံ လေထီးနဲ့ဗုံးကြဲခံရ၊ အနည်းဆုံး အရပ်သား ၈ ဦးသေဆုံ
အေတီ/BVJ_နိုဝင်ဘာ ၁၁၊ ၂၀၂၅ ဓါတ်ပုံ - NUG ဒီနေ့ နိုဝင်ဘာ ၁၁ရက် မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က စစ်ကိုင်းတိုင်း၊ကနီမြို့နယ်က ဝင်းမနားတိုက်နယ်ဆေးရုံကို လေထီးနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာ ကြောင့် လူနာခုနစ်ဦးနဲ့ဆေးရုံဝန်ထမ်းတစ်ဦးသေဆုံးခဲ့တယ်လို့ ကနီဒေသခံတစ်ဦးက Burma VJကိုအတည်ပြုပါတယ်။ “နမခကတက်လာတဲ့ ပါရာမော်တာစက်တပ်လေထီးက မနက်၉နာရီလောက်မှာ ဝင်းမနားတိုက်နယ်ဆေးရုံမီးဖွားဆောင်ပေါ်ကို တစ်လုံးချတယ်။ လူနာထားတဲ့ဆောင်ကို တစ်လုံးချတယ်။ စုစုပေါင်းနှစ်လုံးချတယ်။သေဆုံးသူက ၈ယောက်၊ ဒဏ်ရာရတဲ့သူက ၄၉ဦး

BVJ
Nov 121 min read
bottom of page



