top of page

DKBAနယ်မြေအတွင်း ကျားဖြန့်ကင်းစင်ရေး စစ်အုပ်စုနဲ့ညှိနှိုင်း

  • Writer: BVJ
    BVJ
  • Jul 10
  • 1 min read

ယူဂရင်း/BVJ_ဇူလိုင် ၁၀၊ ၂၀၂၆

ဓါတ်ပုံ-MOI
ဓါတ်ပုံ-MOI

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)နဲ့စစ်အုပ်စုရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)တို့ဟာ မနေ့က ဇူလိုင် ၉ရက်မှာ နေပြည်တော်မှာတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ စစ်အုပ်စုဘက်ကသတင်းထုတ်ပြန်ပါတယ်။


ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် ကြိုတင်ကန့်သတ်ချက်တွေမထားတဲ့ဆွေးနွေးပွဲဆိုပြီး DKBAကိုစစ်အုပ်စုကဖိတ်ခေါ်ခဲ့တာဖြစ်ပြီး အဲ့ဒီတွေ့ဆုံမှုမှာ NSPNCဘက်က ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်တို့ပါပြီး DKBAဘက်ကတော့ စစ်ဦးစီးချုပ် စောရွှေဝ၊ စစ်ဦးစီး အရာရှိချုပ် စောဆန်းအောင်၊ စစ်ရေးချုပ် စောစိန်ဝင်း၊ အမှတ် (၁) ကွပ်ကဲရေးမှူး စောထူးအောင်၊ နည်းဗျူဟာမှူး စောအောင်ထူးတို့ပါဝင်ပါတယ်။


တွေ့ဆုံမှုအတွင်းမှာ DKBA အနေနဲ့ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးကိစ္စရပ်တွေမှာပတ်သက်မှုမရှိဖို့၊ တိုက်ဖျက်ရေးမှာပါဝင်ဖို့၊ DKBAရဲ့အဓိကနယ်မြေတွေဖြစ်တဲ့ ဝေါလေ၊ ကျောက်ခတ်၊ ဘုရားသုံးဆူတို့မှာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကင်းစင်ရေးဆောင်ရွက်ဖို့၊ လက်ရှိကရင်ပြည်နယ်အတွင်း ထိတွေ့တိုက်ပွဲတွေမှာ မြေပြင်လုံခြုံရေး၊ စစ်ဆင်ရေးတွေနဲ့ပတ်သက်ပြီး DKBAအဖွဲ့ကစစ်တပ်နဲ့ပူးပေါင်းပေးဖို့ စတာတွေကိုNSPNCဘက်ကပြောခဲ့တာကိုတွေ့ရပါတယ်။


DKBAဘက်ကလည်း အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး၊ အကြမ်းဖက်အဖွဲ့တွေနယ်မြေအတွင်းမရှိစေရေး၊ ဆုံဆည်းမြိုင်၊ ဝေါလေ၊ ကျောက်ခတ်ဒေသရှိ စာသင်ကျောင်းတွေပြန်လည်ဖွင့်လှစ်နိုင်ရေးနဲ့ ကျောင်းအဆင့်မြှင့်နိုင်ရေး၊ ကျေးရွာတွေမှာ ငှက်ဖျားရောဂါ၊ တုပ်ကွေးရောဂါ ဖြစ်ပွားနေတာကြောင့် ကာကွယ်ဆေး၊ ကုသဆေးဝါးတွေ ထောက်ပံ့ပေးရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရေးတို့ကို စစ်အုပ်စုဘက်ကဆောင်ရွက်‌ပေးဖို့ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။


စစ်အုပ်စုဟာ ငြိမ်းချမ်းရေးအတွက် ကြိုတင်ကန့်သတ်ချက်တွေမထားတဲ့ဆွေးနွေးပွဲဆိုပြီး အခုလ ဇူလိုင် ၆ရက်ကလည်း ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) နဲ့နေပြည်တော်မှာ တွေ့ဆုံခဲ့ပါသေးတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page