top of page

ရခိုင်ဒေသရေကြီးမှုအတွင်း လူသေဆုံးမှုရှိနေ

  • Writer: BVJ
    BVJ
  • Jul 10
  • 1 min read

မိုနာ/BVJ_ဇူလိုင် ၁၀၊ ၂၀၂၆

အာရက္ခတပ်တော်-AAထိန်းချုပ်ထားတဲ့ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ပလက်ဝ၊ မောင်တော၊ ရသေ့တောင်၊ တောင်ကုတ်စတဲ့ဒေသတွေမှာရေကြီးရေလျှံနေတာကြောင့် ဒေသခံပြည်သူတစ်သိန်းနီးပါးခန့်ရေဘေးကြုံတွေ့နေရပါတယ်။


အခုလ ဇူလိုင် ၄ရက်နေ့ကစပြီးမိုးအဆက်မပြတ်ရွာသွန်းတာတွေကြောင့် ရေကြီးရေလျှံမှုတွေနဲ့ ကမ်းပါးပြိုကျတာတွေ၊ မြစ်ရေမြင့်တက်တာတွေကြောင့် ရေဘေးဒုက္ခခံစားနေရပြီး ‌ဒီနေ့မှာတော့ရေဟာ လူတရပ်ကျော်ကိုမြင့်တက်လာတဲ့အတွက် အရေးပေါ်ကူညီကယ်ဆယ်ရေးတွေပြုလုပ်နေကြတာလို့ သိရပါတယ်။


ကူညီကယ်ဆယ်ရေးတွေကို အာရက္ခတပ်တော်-ULA/AAတပ်ဖွဲ့ဝင်တွေနဲ့ ဒေသတွင်းပရဟိတအဖွဲ့အစည်းတွေကလုပ်ဆောင်နေကြတာဖြစ်ပါတယ်။

ဒါ့အပြင် ရေကြီးနစ်မြုပ်မှုတွေအတွင်းမှာ အနည်းဆုံး လူသုံးဦးခန့်သေဆုံးမှုရှိနေတယ်လို့ ရခိုင်အမျိုးသားအဖွဲ့ချုပ် လူသားစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးရုံး(HDOC)ကလည်း မနေ့ကဇူလိုင် ၉ရက်မှာ ထုတ်ပြန်ထားပါတယ်။


မိုးရွာသွန်းမှုဆက်ရှိလာတာကြောင့် မောင်တော၊ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ ပလက်ဝ၊မြောက်ဦး၊ မင်းပြား စတဲ့မြို့နယ်တွေမှာ ရေကြီး၊ရေလွှမ်းအခြေအနေတွေပိုဆိုးလာနိုင်တဲ့အတွက် "တုန့်ပြန်ဆောင်ရွက်ရန်လိုအပ်လာတဲ့အခြေအနေ"ကို ရောက်ရှိလာတယ်လို့ HDOCက ဖော်ပြပါတယ်။


မင်းပြားမြို့၊ အလယ်ပိုင်းရပ်ကွက်က ဒေသခံတစ်ဦးက"အခုကမိုးနည်းနည်းတိတ်သွားတော့ ရေနည်းနည်းကျသလိုဖြစ်သွားတယ်။မနေ့ကတော့ တော်တော်တက်တယ်။ ပေါင်ကျော်တယ်။ နုန်းတွေလည်းပါတယ်။ အနိမ့်ပိုင်းတွေဆိုပိုဆိုးတယ်။ တချို့အိမ်တွေကတော့မပြောင်းသေးဘူး။ တစ်ထပ်အိမ်တို့၊ ချက်ပြုတ်စားသောက်လို့မရတဲ့အိမ်တွေကတော့ ရွှေ့သွားကြပြီ"လို့ Burma VJကို ပြောပါတယ်။

HDOCကတော့ ဒေသခံပြည်သူတွေလိုက်နာရမယ့် အချက် ၁၀ချက်တိုက်တွန်းထားပြီး အဲ့ဒီထဲမှာ ရိက္ခာခြောက်အပါအဝင် စားနပ်ရိက္ခာတွေနဲ့သောက်သုံးရေတွေကို အနည်းဆုံး ၇ရက်ကနေ ၁၄ရက်စာအထိ ကြိုတင်ပြင်ဆင်ထားကြဖို့ပါဝင်ပါတယ်။


ရခိုင်ဒေသရေကြီးမှုအတွင်း မြင်တွေ့ရပုံများ(ဓါတ်ပုံ-APM)

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page