top of page

တော်လှန်ရေးရည်မှန်းချက်မပြောင်းဘဲ ဆက်တိုက်မယ်လို့ KNDFကြေညာ

  • Writer: BVJ
    BVJ
  • 12 minutes ago
  • 1 min read

ယူဂရင်း/BVJ_ဇူလိုင် ၂၂၊ ၂၀၂၆

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFအနေနဲ့ တော်လှန်ရေးရည်မှန်းချက်တွေမပြောင်းလဲဘဲ ခံယူချက်နဲ့ဆက်လက်ရပ်တည်တိုက်ပွဲဝင်နေတယ်လို့ မနေ့က ဇူလိုင် ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။


ချမှတ်ထားတဲ့ပန်းတိုင်ဖြစ်တဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးရည်မှန်းချက်တွေကို လူထုလိုလားချက်နဲ့အညီ အောင်မြင်စေဖို့အတွက် တော်လှန်‌ရေးအင်အားစုအသီးသီးနဲ့ဟန်ချက်ညီညီ ပူးပေါင်းချိတ်ဆက်တိုက်ပွဲဝင်သွားမယ်လို့လည်း KNDFက ကတိပြုထားပါတယ်။


KNDFအနေနဲ့ တပ်ကိုပိုမိုကျစ်လစ်ခိုင်မာစေဖို့နဲ့ စနစ်တကျ တပ်ဖွဲ့တည်ဆောက်နိုင်ရေးတို့အတွက် အရင်ရှိခဲ့တဲ့ စစ်ဗျူဟာနဲ့တပ်ရင်းတွေကိုပြန်လည်ပေါင်းစည်းပြီး စစ်ဒေသအဖြစ်ပြောင်းလဲဖွဲ့စည်းကြောင်းကြေညာချိန်မှာ အခုလိုထည့်သွင်းဖော်ပြလာတာဖြစ်ပါတယ်။


KNDFအနေနဲ့ လက်ရှိမှာတပ်ရင်းတွေကိုစုဖွဲ့ပြီး စစ်ဒေသအမှတ် (၂)၊ (၃) နဲ့(၄)အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

အရင်ကဖွဲ့စည်းခဲ့တဲ့ စစ်ဗျူဟာအမှတ် (၄)၊ (၅) နဲ့ (၇) လက်အောက်မှာရှိတဲ့တပ်ရင်း (၈) ရင်းကိုပြန်လည်ပေါင်းစည်းပြီး စစ်ဒေသ အမှတ်(၂) အဖြစ် တပ်ရင်းအမှတ် (၅)၊ (၆)၊ (၇) နဲ့ ပြောင်းလဲဖွဲ့စည်းထားပြီး စစ်ဗျူဟာအမှတ် (၂) နဲ့ (၇) လက်အောက်မှာရှိတဲ့ တပ်ရင်း (၇) ရင်းကို ပြန်လည်ပေါင်းစည်းပြီး စစ်ဒေသအမှတ်(၃)အဖြစ် တပ်ရင်းအမှတ် (၈)၊ (၉)၊ (၁၀)တို့နဲ့လည်းကောင်း ၊ စစ်ဒေသအမှတ်(၄)ကိုတော့ စစ်ဗျူဟာအမှတ် (၆)၊ (၃) နဲ့ (၅) လက်အောက်မှာရှိတဲ့တပ်ရင်း (၅) ရင်းနဲ့ တပ်ရင်းအမှတ် (၁၁)၊ (၁၂) နဲ့ (၁၄) တို့နဲ့ ပြန်လည်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။


အခု တပ်ရင်းပြန်လည်ပူးပေါင်းဖွဲ့စည်းတာဟာ ၂၀၂၆၊နှစ်ဦးပိုင်းကစလို့ တပ်ဖွဲ့တွေကိုစံနှုန်းပြည့် စုဖွဲ့တည်ဆောက်တာ၊ ကျစ်လစ်ခိုင်မာအားကောင်းစေတာ၊ စိတ်ဓာတ်ရေးရာတည်ဆောက်တာ၊ အမိန့်၊ စည်းကမ်းနဲ့ ဥပဒေတွေကို တိကျစွာလိုက်နာစေဖို့ဖြစ်ပြီး ပြည်သူ့လိုလားချက်ဖြစ်တဲ့ ကရင်နီပြည်မှာ ကာကွယ်ရေးတပ်တခုထဲပေါ်ပေါက်လာစေရေးကိုရည်ရွယ်ပြီး တပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးအစီအမံတွေကို အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အခုပြန်လည်ဖွဲ့စည်းမှုကနေ ကရင်နီပြည်နယ်မြေအသီးသီးမှာအခြေပြုပြီး စစ်ရေးတာဝန်တွေကိုထမ်းဆောင်သွားမယ်လို့လည်း အများပြည်သူကိုအသိပေးထားပါတယ်။


KNDFအနေနဲ့ တပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးအစီအမဲတွေကိုအကောင်အထည်ဖော်ဆောင်ရွက်ရာမှာ စစ်ဒေသ အမှတ်(၁) အယ်လ်ဖာကိုအရင်ဖွဲ့စည်းခဲ့ပြီး အခု စစ်ဒေသ (၂)၊(၃)၊(၄)တို့ကိုပါဖွဲ့စည်းလိုက်တာဖြစ်ကြောင်းနဲ့ ကျန်တဲ့စစ်ဒေသတွေကိုလည်း သတ်မှတ်အစီအစဉ်တွေနဲ့အညီ ဆက်ဖွဲ့စည်းသွားမယ်လို့လည်း သိရပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page