top of page


ကစပ ၁၆နားက ကာကင်းစခန်းတွေကို AAထိုးစစ်ဆင်တိုက်ခိုက်နေ
BVJ/ဂျိုး_ဖေဖော်ဝါရီ ၄၊ ၂၀၂၆ အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များ စစ်အုပ်စုရဲ့ စစ်ရေးအရအချက်အချာကျတဲ့ ပွိုင့် ၆၆၆ စခန်းကိုသိမ်းပြီးနောက်မှာ အာရက္ခတပ်တော် -AAအနေနဲ့ ကပစ ၁၆ကိုသိမ်းပိုက်နိုင်ဖို့ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ လက်ရှိမှာတော့ ကပစ ၁၆ ရဲ့ ကာကင်းစခန်းတွေကို AAနဲ့မဟာမိတ်တပ်တွေကပူးပေါင်းထိုး စစ်ဆင်တိုက်ခိုက်နေသလို စစ်အုပ်ဘက်ကလည်း စစ်ကူအမြောက်အများနဲ့ ခုခံတိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက Burma VJကိုပြောပါတယ်။ “၆၆၆စခန်းသိမ်းပြီးကတည်းက တဆက်တည်း ထိုးစစ်ဆင်တိုက်ခို

BVJ
Feb 41 min read


ထိုင်းမှာလုပ်ငန်းခွင်ထိခိုက်မှုကြောင့် လက်တဖက်ဖြတ်လိုက်ရသူမိန်းကလေး နစ်နာကြေးမရသေး
အယ်နာ/BVJ_ဖေဖော်ဝါရီ ၄၊ ၂၀၂၆ "အပြင်မသွားရဲဘူး၊လူတွေကလက်ကိုကြည့်ကြလို့" အပြင်မှာ အရင်လို လျှောက်လည်စားသောက်ရမှာ၊ လူတွေကြားသွားရမှာရှက်ရွံနေတဲ့မိန်းကလေးက အသက် ၁၉ နှစ်အရွယ် မလှလှအေးပါ။ အရင်ကတော့ သူမကဒီလိုရှက်ရွံတာတွေမရှိခဲ့ပါဘူး။ လူငယ်ပီပီ TikTok ဆော့တာ၊ ဓာတ်ပုံရိုက်တာတွေကိုပြုလုပ်လေ့ရှိပေမယ့် လက်ဖဝါးတစ်ဝက်ဖြတ်ရပြီးနောက်ပိုင်း ဓာတ်ပုံရိုက်ရင် လက်ချောင်းတွေမရှိတော့တဲ့ ညာဘက်လက်ကို အပေါ်အကျီအိတ်ကပ်ထဲထည့်ထားတာမျိုး ၊ အဝတ်၊အိတ်စတဲ့ တခုခုနဲ့ဖုံးကွယ်ထားတာမျိုးကိုပဲမြင်တွေ့ရပါတော့တယ်။ မ
shwe yee
Feb 41 min read


၂၀၂၁ကစပြီးရိုးသားခဲ့တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်ပြော
မိုနာ/BVJ_ဖေဖော်ဝါရီ ၄၊ ၂၀၂၆ မိမိတို့နိုင်ငံတော်တာဝန်စတင်ထမ်းဆောင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစတင်ပြီးရိုးသားတဲ့နိုင်ငံရေးစနစ်နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ မှန်မှန်ကန်ကန်ဖြစ်စေရေးကြိုးပမ်းဆောင်ရွက်ခဲ့တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။ ၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အရပ်သားအစိုးရဆီကအာဏာသိမ်းပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတအပါအဝင် ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့အရပ်သားပြည်သူတွေကို ဖမ်းဆီးထောင်ချထားတဲ့ စစ်အုပ်စုခေါင်းဆေ

BVJ
Feb 41 min read


တိုက်ပွဲပြင်းထန်နေဆဲကျောက်ဖြူမှာ စစ်အုပ်စုဗုံးကြဲလို့ စစ်ဘေးရှောင်တွေ ထိခိုက်သေဆုံးမှုရှိနေ
BVJ/ဂျိုး_ဖေဖော်ဝါရီ ၄၊ ၂၀၂၆ စစ်အုပ်စုလေကြောင်းဗုံးကြဲခဲ့တဲ့ ကျောက်ဖြူမြို့နယ် မော်ကြီးကျေးရွာ(ဓာတ်ပုံ-APM) စစ်အုပ်စုနဲ့ အာရက္ခတပ်တော်-AAတို့ကြား တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်တောင်ပိုင်း၊ ကျောက်ဖြူမြို့နယ်မှာရှိတဲ့ မော်ကြီးကျေးရွာကို စစ်အုပ်စုက အခုလ ဖေဖော်ဝါရီ ၂ရက်မှာ ပါရာမော်တာနဲ့ဗုံးကြဲခဲ့တာကြောင့် စစ်ဘေးဒုက္ခသည် တစ်ဦးသေဆုံးပြီးတော့ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံးဒဏ်ရာရရှိသွားသူတွေဟာ င/ပုချွိန်ကျေးရွာကနေ မော်ကြီးကျေးရွာမှာ လာရောက်စစ်ဘေးရှောင်နေတဲ့ စစ်ဘေးဒုက္ခသည်တွေဖြစ

BVJ
Feb 41 min read


မြန်မာစစ်အုပ်စုကိုအမှုဖွင့်ဖို့ တီမောကလက်ခံလိုက်ပြီ
မိုနာ/BVJ_ဖေဖော်ဝါရီ ၃၊ ၂၀၂၆ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် စစ်အုပ်စုဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက်တာဝန်ရှိကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ CHROကတိုင်တန်းထားအပေါ်မှာ တီမော လက်စတေအာဏာပိုင်တွေက လက်ခံလိုက်ပြီဖြစ်တဲ့အတွက် အမှုလက်ခံဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ စစ်အုပ်စုဟာ ချင်းပြည်နယ်အတွင်း ကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်ပေါ် ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး CHROအဖွဲ့က အရှေ့တီမောတရားရုံးမှာ ပြီးခဲ့

BVJ
Feb 31 min read


"အရေးကြီးပြီ"သီချင်းသီဆိုဆန္ဒပြခဲ့တဲ့ အကျဉ်းသူတွေ တိုက်ပိတ်ခံထားရ
မိုနာ/BVJ_ဖေဖော်ဝါရီ ၂၊ ၂၀၂၆ မနေ့က ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်း ၅ နှစ်ပြည့်တဲ့နေ့မှာ စစ်ကိုင်းတိုင်း၊ မော်လိုက်-ကလေးမြို့အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေဟာ သွေးသစ္စာသီချင်းဆိုပြီး ထောင်တွင်းဆန္ဒပြမှုလုပ်ခဲ့ပါတယ်။ အဲ့ဒီဆန္ဒပြမှုအပြီးမှာ တိုက်ပိတ်ခံရသူ ၁၅ဦးရှိတယ်လို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက သိရပါတယ်။ ဆန္ဒပြတာကို မော်လိုက်-ကလေး အကျဥ်းထောင်က အကျဥ်းသူနှစ်ရာဝန်းကျင်က သွေးသစ္စာသီချင်း သံပြိုင်သီဆိုပြီး ၁-အမှုကြီး၉မှု ပယ်ကာဖျက်သိမ်းရေး၊ ၂- အကျဥ်းသ

BVJ
Feb 21 min read


ကပစလက်အောက်ခံ ပွိုင့် ၆၆၆စခန်းကို အေအေနဲ့ပူးပေါင်းတပ်တွေ သိမ်းပိုက်
BVJ/ဂျိုး_ဇန်နဝါရီ ၃၀၊ ၂၀၂၆ ရခိုင်ရိုးမက စစ်အုပ်စုရဲ့မိုးထိတောင်စခန်းကို AAကသိမ်းပိုက်ခဲ့စဉ်က သိမ်းဆည်းရမိတဲ့လက်နက်ခဲယမ်းများ။ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်အတွင်းက စစ်အုပ်စုရဲ့ ပွိုင့် ၆၆၆ တောင်ကုန်းအခြေစိုက်စခန်းကို အာရက္ခတပ်တော်-AAနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ဒီရက်ပိုင်းအတွင်းမှာသိမ်းပိုက်ရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းတွေကပြောပါတယ်။ အာရက္ခတပ်တော်-AAအနေနဲ့ ပွိုင့် ၆၆၆စခန်းကို အခုလ ဇန်နဝါရီလ ၂၈ရက်နေ့ နေ့လယ်ပိုင်းမှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ညနေပိုင်းမှာ..

BVJ
Jan 301 min read


ရန်ပုံငွေရှာဖွေရေးဘယ်လောက်ခက်ခက် မူးယစ်ဆေးဝါးနဲ့အလုပ်မလုပ်ဟု NUGဝန်ကြီးပြော
ယူဂရင်း/BVJ_ဇန်နဝါရီ ၃၀၊ ၂၀၂၆ အမျိုးသားညီညွတ်ရေးအစိုးရ-NUG အနေနဲ့ တော်လှန်ရေးရန်ပုံငွေရှာဖွေရေး ဘယ်လောက်ခက်ခက် မူးယစ်ဆေးဝါးနဲ့ အလုပ်လုပ်မှာမဟုတ်ဘူးလို့ NUGဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။ “မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ရပ်တည်ချက်၊ မူဝါဒနဲ့ ဥပဒေတွေချမှတ်ထားပြီးဖြစ်တာကြောင့် "မူးယစ်ဆေးဝါးနဲ့ပတ်သက်ရင် နိုင်ငံတော်ရဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကျနော်တို့တော်လှန်ရေးရဲ့ ရပ်တည်ချက်က မူဝါဒရော၊ဥပဒေရောပြတ်သားပြီးသားဖြစ်တယ်။ မူးယစ်ဆေးဝါးနဲ့ပတ်သက်ရင် လုံး၀၊လုံး၀ လုံး၀..

BVJ
Jan 301 min read


ယာယီသမ္မတမင်းအောင်လှိုင်က ကာချုပ်မင်းအောင်လှိုင်ထံ အာဏာပြန်အပ်နှင်းပြီး စစ်အုပ်ချုပ်ရေးအမိန့် အတည်ပြုထုတ်ပြန်
အေတီ/BVJ_ဇန်နဝါရီ ၂၉၊ ၂၀၂၆ အာဏာသိမ်းစစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေး လုံခြုံရေးကောင်စီနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးတို့က အရေးပေါ်အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးအမိန့်ဆက်လက်တည်ရှိကြောင်း ထုတ်ပြန်ချက်သုံးစောင်ကို ဒီနေ့မှာထုတ်ပြန်ပါတယ်။ အဲ့ဒီထုတ်ပြန်ချက်တွေအရ ၁/၂၀၂၅အမိန့်အရ တိုင်းနဲ့ပြည်နယ်တွေက မြို့နယ်တွေမှာထုတ်ပြန်ကြေညာထားတဲ့ အရေးပေါ်အခြေအနေ စစ်အုပ်ချုပ်ရေးကြေညာချက်ဟာ ဒီနေ့ ဇန်နဝါရီ ၂၉ ရက်ကစပြီး နောက်ထပ်ရက်ပေါင်း(၉၀)အထိ ဆက်လက်အတည်ဖြစ်သွားပါတယ်။ ဒီနေ့ထုတ်ပြန်ခဲ့တဲ့ အမိန့်ထုတ်ပြန်ချက်သု

BVJ
Jan 301 min read


စစ်သုံ့ပန်းတွေထောင်ဖောက်ပြေးသွားတဲ့အပေါ် ကရင်နီပြည်လူထုနဲ့တော်လှန်ရေးအင်အားစုတရပ်လုံးကို IECတောင်းပန်
ယူဂရင်း/BVJ_ဇန်နဝါရီ ၂၉၊ ၂၀၂၆ စစ်သုံ့ပန်း ၆၈ယောက်ကို ထိုင်းစစ်တပ်က မြန်မာစစ်အုပ်စုဘက်ကို ဇန်နဝါရီ ၂၇ရက်က ပြန်လွှဲပြောင်းပေးနေပုံ ကရင်နီပြည် အကျဉ်းထောင်ကနေ စစ်သုံ့ပန်း (၇၆) ဦး၊ ထောင်ဝန်ထမ်း (၂)ဦးနဲ့ မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ကျခံထားရသူ (၅)ဦး၊ စုစုပေါင်း (၈၃)ဦး ထွက်ပြေးလွတ်မြောက်သွားတာကနေ (၈)ဦးကိုအသေပစ်ခတ်ဖမ်းမိခဲ့ပြီး (၂)ဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ-IECကနေ ဒီနေ့ ဇန်နဝါရီ ၂၉ရက် နေ့လယ်မှာ အသိပေးထုတ်ပြန်ပါတယ်။ ကျန်တဲ့သူတွေကတော့ ထိုင်းစစ်တပ်ဆီမှ

BVJ
Jan 291 min read


ဝက်လက်က စစ်ဘေးရှောင်တွေအကူအညီလိုအပ်နေ
မိုနာ/BVJ_ဇန်နဝါရီ ၂၉၊ ၂၀၂၆ စစ်အုပ်စုစစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဝက်လက်နယ်အတွင်းက စစ်ဘေးရှောင်များ စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အတွင်းက သစ်ဆိမ့်၊ ငါးပတ်ချောင်း၊ ရှားကွဲ၊ ထုံးဘို၊ ကူကြီး၊ ရေဂမိုး၊ မင်းရွာတောင်၊ ရေလည်မှော်၊ ရွာသာ၊ နတ်မှော်ဦး၊ အင်ဒေါင်း၊ လှေပို့ဆိပ်၊ ရွာသစ်၊ ကမ်းဖြူရွာစတဲ့ ကျေးရွာ ၁၄ ရွာကဒေသခံတွေဟာ စစ်အုပ်စုစစ်ကြောင်းထိုးတာကြောင့်ထွက်ပြေးနေရပြီး အကူအညီတွေလိုအပ်နေပါတယ်။ လက်ရှိမှာစစ်အုပ်စုဟာ စစ်ကိုင်းမြို့နယ်အထိုင် တပ်မ ၃၃ကစစ်ကြောင်းနဲ့ တစ်ကြော

BVJ
Jan 291 min read


ကရင်နီစစ်ရှောင်စခန်းတချို့မှာ အရေပြားရောဂါကူးစက်မှုနှုန်းမြင့်တက်နေ
ယူဂရင်း/BVJ_ဇန်နဝါရီ ၂၈၊ ၂၀၂၆ ကရင်နီပြည်(ကယား)ထဲက ရှားတောမြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းမှာ ကလေးငယ်တွေအပါအဝင် ပြင်းထန်အရေပြားရောဂါခံစားနေရပြီး ကူးစက်မှုနှုန်းမြင့်မားနေတယ်လို့ ကရင်နီအရေးပေါ် ကယ်ဆယ်ရေးညှိနှိုင်းရေးအဖွဲ့ (CTER-Karenni)အဖွဲ့က ထုတ်ပြန်ပါတယ်။ လက်ရှိမှာဆေးဝါးပြတ်လပ်မှုဖြစ်ပေါ်နေတာကြောင့်လည်း ကလေးငယ်တွေနဲ့ရောဂါခံစားနေရသူတွေကို လုံလောက်တဲ့ကုသမှုမပေးနိုင်သေးဘဲ ဆေးဝါးတွေအရေးပေါ်လိုအပ်နေတယ်လို့ CTER-Karenniအဖွဲ့ကမနေ့က ဇန်နဝါရီ ၂၇ရက်မှာ အသိပေးထုတ်ပြန်ထားတာပါ။ ကရင

BVJ
Jan 281 min read


ကရင်နီကနေထွက်ပြေးသွားတဲ့ စစ်သုံ့ပန်း ၆၀ကျော်ကို မြန်မာဘက်ပြန်လွှဲပေး
အယ်နာ/BVJ_ဇန်နဝါရီ ၂၇၊ ၂၀၂၆ ထွက်ပြေးလာသူစစ်သုံ့ပန်းတွေကို ထိုင်းစစ်တပ်က စစ်အုပ်စုဆီပြန်လည်လွှဲပြောင်းပေးနေပုံ။ ကရင်နီ(ကယား)ပြည်၊ မယ်စဲ့အကျဉ်းထောင်ကနေထောင်ဖောက်ပြီး ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၆၀ကျော်ကို ထိုင်းစစ်တပ်ဘက်က ဒီနေ့ ဇန်နဝါရီ ၂၇ရက်နေ့လယ်မှာ မြန်မာနိုင်ငံဘက်ကိုပြန်လွှဲပေးလိုက်ပါတယ်။ အခုထိုင်းကပြန်လွှဲပေးလိုက်သူတွေဟာ မယ်စဲ့မြို့နယ်အကျဉ်းထောင်ကနေ အခုလ ၁၈ရက်မနက်အစောပိုင်းမှာ ထောင်ဖောက်ပြေးသွားသူ အယောက်၈၀ကျော်ထဲက ၆၈ယောက်ဖြစ်ပြီး.

BVJ
Jan 271 min read


ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက အင်တာနက်ပေးတဲ့နေရာကိုစစ်အုပ်စုဗုံးကြဲ
BVJ/ဂျိုး_ဇန်နဝါရီ ၂၇၊ ၂၀၂၆ စစ်အုပ်စုဗုံးကြဲသွားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းကအင်တာနက်ဝန်ဆောင်မှုပေးတဲ့နေရာ(ဓာတ်ပုံ- လူမှုကွန်ယက်) စစ်အုပ်စုနဲ့ အာရက္ခတပ်တော်-AAတို့ကြားတိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းအတွင်းက ကျောက်ဖြူမြို့နယ်အပါအဝင် မြို့နယ်တချို့ကို စစ်အုပ်စုကဒီရက်ပိုင်းထဲမှာ လေကြောင်းဗုံးကြဲ တိုက်ခိုက်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။ ဒီကနေ့ မနက်အစောပိုင်း တစ်နာရီဝန်းကျင်လောက်မှာလည်း ရခိုင်မြောက်ပိုင်း၊ပုဏ္ဏာကျွန်းမြို့နယ်အတွင်းက အင်တာနက်ဝန်ဆ

BVJ
Jan 271 min read


ဒဏ်ရာရထိုင်းရဲတပ်ကြပ်ကြီးကို မြန်မာမိသားစုဝင်တွေ သွားရောက်တောင်းပန်
အေတီ/BVJ_ဇန်နဝါရီ ၂၆၊ ၂၀၂၆ ဓာတ်ပုံခရက်ဒစ်- Alice Honey ထိုင်းရဲတပ်ကြပ်ကြီးကိုသေနတ်နဲ့ပစ်ခတ်ခဲ့လို့ ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ်နှစ်ဦးရဲ့မိသားစုဝင်တွေဟာ ပစ်ခတ်ခံခဲ့ရတဲ့ထိုင်းရဲတပ်ကြီးကို ဆေးရုံမှာ ဒီနေ့ သွားရောက်တောင်းပန်ခဲ့ကြပါတယ်။ လူနာသတင်းမေးရင်း ဆေးရုံမှာသွားရောက်တောင်းပန်ခဲ့ကြတဲ့သူတွေထဲမှာ ဖမ်းဆီးခံထားရတဲ့မြန်မာလူငယ်နှစ်ဦးရဲ့ ဇနီးနဲ့ကလေးတွေအပြင် သူတို့ကိုကူညီနေတဲ့ မဲဆောက်မြို့ကမြန်မာနိုင်ငံသားအချို့လည်း အတူလိုက်ပါသွားကြပါတယ်။ “ဒီနေ့ ကျနော်တို့ PDFရဲဘော်ဟောင်းတွေဖြစ်တဲ့..

BVJ
Jan 271 min read


အင်အားစုတွေကြားသဘောထားကွဲလွဲမှုတွေနဲ့ပတ်သက်ပြီး NUCCနဲ့NUG ဆွေးနွေး
မိုနာ/BVJ_ဇန်နဝါရီ ၂၇၊ ၂၀၂၆ တော်လှန်ရေးဦးဆောင်မှုခိုင်မာရေးနဲ့ နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေကိုဆွေးနွေးနိုင်ဖို့ ရည်ရွယ်ပြီး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တို့ဟာ အခုလ ဇန်နဝါရီ ၂၅ ရက်နေ့ ညမှာ ဆွေးနွေးအဖြေရှာခဲ့ကြတယ်လို့ သိရပါတယ်။ ဆွေးနွေးမှုအတွင်းမှာ အဓိကအနေနဲ့ အားကောင်းခိုင်မာတဲ့ တော်လှန်ရေးဦးဆောင်မှုတခုပေါ်ပေါက်စေဖို့နဲ့ အင်အားစုတွေအကြားသဘောထားကွဲလွဲမှုတွေကို ညှိနှိုင်းဖြေရှင်းနိုင်ရေးတို့ကိုဆွေးနွေးခဲ့ကြပြီး ကောင်းမွန်တဲ့သဘောတ

BVJ
Jan 271 min read


ဗိုလ်နဂါးတပ်ဖွဲ့ကိုဆန္ဒပြဖို့ တိုက်နယ်ဥက္ကဌတွေကိုဖိအားပေးခိုင်းစေမှုတွေရှိနေ
ဆန္ဒပြအဖွဲ့တွေက ကတိနှစ်ခုပေးရင် တော်လှန်ရေးကနှုတ်ထွက်မယ်လို့ ဗိုလ်နဂါး စိန်ခေါ် မိုနာ/BVJ_ဇန်နဝါရီ ၂၆၊ ၂၀၂၆ BNRAတပ်ဖွဲ့ကိုပုလဲမြို့နယ်၊ကျေးရွာအတွင်း ဆန္ဒပြနေပုံ။ စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်အတွင်းမှာ ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် -BNRAကိုအလိုမရှိကြောင်းဆန္ဒပြဖို့ ဒေသတွင်းကတိုက်နယ်ဥက္ကဌတွေကို ဖိအားပေးခိုင်းစေမှုတွေရှိခဲ့တယ်လို့ အဲ့ဒီအခြေအနေကိုကိုယ်တိုင်ကြုံတွေ့ရသူတွေက ပြောပါတယ်။ BNRAတပ်ဖွဲ့ကိုအလိုမရှိကြောင်း အခုလ ဇန်နဝါရီ၂၂ရက်မှာ ပုလဲမြို့နယ်အတွင်းကျေးရွာ

BVJ
Jan 261 min read


ရွေးကောက်ပွဲသုံးပိုင်းလုံးအောင်မြင်ခဲ့ပြီဖြစ်တာကြောင့် မတ်လကုန်မှာ အစိုးရသစ်တက်လာမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်ဆို
ယူဂရင်း/BVJ_ဇန်နဝါရီ ၂၆၊ ၂၀၂၆ စစ်အုပ်စုကကျင်းပတဲ့ရွေးကောက်ပွဲအပိုင်း-၁၊၂နဲ့၃တို့ကို အောင်မြင်စွာကျင်းပပြီးခဲ့ပြီဖြစ်တာကြောင့် လာမယ့်မတ်လကုန်မှာ အစိုးရသစ်တက်လာမှာဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲကိုလူငယ်၊လူရွယ်တွေအပါအဝင် ပြည်သူတွေတခဲနက်လာရောက်မဲပေးကြကြောင်းနဲ့ စိတ်ဝင်စားတာကိုတွေ့ရကြောင်းကိုလည်း စစ်ခေါင်းဆောင်ကပြောပါသေးတယ်။ ဒါကြောင့် အစိုးရသစ်တစ်ရပ်မဖွဲ့စည်းမီကြားကာလအတွင်း မန္တလေးမြို့သာယာလှပရေး၊ ဖွံ့ဖြိုးတို

BVJ
Jan 261 min read


ရိုဟင်ဂျာတွေအပေါ်လူမျိုးတုန်းသတ်ဖြတ်မှုနဲ့တရားရင်ဆိုင်နေတဲ့ စစ်အုပ်စုကိုယ်စားလှယ်အဖွဲ့ကို ရွေးကောက်ပွဲဝင်ပြိုင်တဲ့ပါတီတွေက ထောက်ခံ
BVJ/ဂျိုး_ဇန်နဝါရီ ၂၃၊ ၂၀၂၆ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ဂမ်ဘီယာနိုင်ငံရဲ့စွပ်စွဲချက်နဲ့ပတ်သက်ပြီး နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ သွားရောက်တရားရင်ဆိုင်နေတဲ့ စစ်အုပ်စုကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံကြိုဆိုတယ်လို့ ဒေါက်တာအေးမောင်ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီအပါအဝင် နိုင်ငံရေးပါတီတချို့နဲ့ အဖွဲ့အစည်းတချို့က ထုတ်ပြန်လာကြပါတယ်။ မြန်မာစစ်တပ်အနေနဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တာရှိ၊မရှိကို...

BVJ
Jan 231 min read


ကျောက်ဖြူမှာ အာရက္ခတပ်တော်ထိုးစစ် ဓညဝတီရေတပ်ဌာနချုပ်အနီးအထိရောက်လာ
BVJ/ဂျိုး_ဇန်နဝါရီ ၂၃၊၂၀၂၆ အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များ ရခိုင်တောင်ပိုင်း၊ကျောက်ဖြူမြို့နယ်အတွင်းက စစ်အုပ်စုနဲ့အာရက္ခတပ်တော်-AAကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်အုပ်စုရဲ့ ဓညဝတီရေတပ်ဌာနချုပ်အနီးအနားက ကျေးရွာတွေအထိရောက်ရှိလာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ လက်ရှိမှာတော့ ကျောက်ဖြူမြို့နယ်အတွင်းက ပြားကျွိန်ချောင်းဖျားကျေးရွာနဲ့ချောင်းမြောင်ကျေးရွာဘက်တွေမှာ နှစ်ဘက်တိုက်ပွဲတွေရှိနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။ “တိုက်ပွဲကတော့ သိပ်ပြင်းပြင်းထန်ထန်ဖြစ်နေတာတော့

BVJ
Jan 231 min read
bottom of page
