ဝက်လက်က စစ်ဘေးရှောင်တွေအကူအညီလိုအပ်နေ
- BVJ

- Jan 29
- 1 min read
မိုနာ/BVJ_ဇန်နဝါရီ ၂၉၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အတွင်းက သစ်ဆိမ့်၊ ငါးပတ်ချောင်း၊ ရှားကွဲ၊ ထုံးဘို၊ ကူကြီး၊ ရေဂမိုး၊ မင်းရွာတောင်၊ ရေလည်မှော်၊ ရွာသာ၊ နတ်မှော်ဦး၊ အင်ဒေါင်း၊ လှေပို့ဆိပ်၊ ရွာသစ်၊ ကမ်းဖြူရွာစတဲ့ ကျေးရွာ ၁၄ ရွာကဒေသခံတွေဟာ စစ်အုပ်စုစစ်ကြောင်းထိုးတာကြောင့်ထွက်ပြေးနေရပြီး အကူအညီတွေလိုအပ်နေပါတယ်။
လက်ရှိမှာစစ်အုပ်စုဟာ စစ်ကိုင်းမြို့နယ်အထိုင် တပ်မ ၃၃ကစစ်ကြောင်းနဲ့ တစ်ကြောင်း ၊ ကျောက်မြောင်းအထိုင် ခမရ ၁၂ကစစ်ကြောင်းတို့ပေါင်းပြီး ဧရာဝတီမြစ်ရိုးတလျှောက်ကို အင်အား အလုံးအရင်းနဲ့စစ်ကြောင်းထိုးနေတာကြောင့် အဲ့ဒီကျေးရွာ ၁၂ရွာက အိမ်ထောင်စု (၁၇၇၇)ကလူဦးရေ (၈၅၆၆)တို့ဟာ စစ်ဘေးတိမ်းရှောင်ထွက်ပြေးနေရတာဖြစ်တယ်လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင် ကော်မတီက တာဝန်ရှိသူကပြောပါတယ်။
“နေစရာ အမိုးအကာနဲ့အလုပ်ကိုင်ကြပ်တည်းနေတော့ စားဝတ်နေရေးလည်းအခက်ခဲရှိနေပါတယ်။ အဓိကကတော့တဲဆောက်ဖို့ မိုးကာတွေလိုအပ်ပြီး စားဝတ်နေရေးအတွက်တော့ ဆန်၊ဆီပေါ့ဗျာ”လို့ စစ်ရှောင်တွေအခက်အခဲနဲ့ပတ်သက်ပြီး ပြောပါတယ်။

အခုစစ်ဘေးတိမ်းရှောင်နေသူတွေထဲမှာ စစ်တပ်အာဏာစသိမ်းကထဲက ရှောင်တိမ်းထွက်ပြေးနေရတဲ့ ရေရှည်စစ်ဘေးတိမ်းရှောင်နေရသူတွေလည်းပါဝင်တယ်လို့ သိရပါတယ်။
ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ တာဝန်ရှိသူက“အချို့ စစ်ရှောင်တွေက ရေရှည်စစ်ရှောင်တွေပါ ပါတယ်။ သူတို့တွေက ဝက်လက်မြို့ပေါ် ရှိမ်းမကား မြို့ပေါ် ကနေ အာဏာသိမ်းတည်းက ထွက်ပြေးလာရတဲ့ စစ်ရှောင်တွေလည်းပါတယ်။ သူတို့တွေက အခုစစ်ကြောင်းထိုးနေတဲ့ရွာတွေနဲ့ အဲ့လမ်းတွေပေါ်မှာနေထိုင်ရတာကနေ စစ်ကြောင်းထိုးလာတော့ သူတို့ပါထပ်ပြီး တိမ်းရှောင်ရတဲ့သူတွေလည်း ပါတာပေါ့နော်။ အဲ့ကျေးရွာသူ/သားတွေကတော့ စစ်ကြောင်းထိုးနေတဲ့ကာလမှာပဲ တိမ်းရတော့ ရေတိုစစ်ရှောင်ပေါ့နော်”လို့ Burma VJကိုပြောပါတယ်။
ဒ့ါအပြင် ဝက်လက်နယ်ထဲမှာ မန္တလေးတိုင်းထဲကစစ်ဘေးရှောင်တွေလည်း သောင်းချီပြီးရှိနေတယ်လို့ သိရပါတယ်။


စစ်ဘေးရှောင်ပြည်သူတွေဟာ အလုပ်အကိုင်ကြပ်တည်းမှုတွေကြောင့် စားဝတ်နေရေးမပြေလည်မှုတွေအပြင် နေထိုင်စရာအခက်ခဲတွေရှိနေတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေဆီကို စားနပ်ရိက္ခာ၊အမိုးအကာတွေသွားရောက်လှူဒါန်းပေးကြဖို့ကိုလည်း ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက မနေ့က ဇန်နဝါရီ ၂၈ရက်မှာ မေတ္တာရပ်ခံထုတ်ပြန်ထားပါသေးတယ်။
ဝက်လက်မြို့နယ်ထဲကို စစ်အုပ်စုကစစ်ကြောင်းနှစ်ကြောင်းနဲ့စစ်ကြောင်းထိုးနေတာ တလနီးပါးကြာမြင့်နေပြီး လေကြောင်း ဗုံးကြဲ၊ နေအိမ်မီးရှို့တာတွေကိုလည်းလုပ်ဆောင်နေပါတယ်။







Comments