top of page

ကပစလက်အောက်ခံ ပွိုင့် ၆၆၆စခန်းကို အေအေနဲ့ပူးပေါင်းတပ်တွေ သိမ်းပိုက်

  • Writer: BVJ
    BVJ
  • Jan 30
  • 1 min read

BVJ/ဂျိုး_ဇန်နဝါရီ ၃၀၊ ၂၀၂၆

ရခိုင်ရိုးမက စစ်အုပ်စုရဲ့မိုးထိတောင်စခန်းကို AAကသိမ်းပိုက်ခဲ့စဉ်က သိမ်းဆည်းရမိတဲ့လက်နက်ခဲယမ်းများ။
ရခိုင်ရိုးမက စစ်အုပ်စုရဲ့မိုးထိတောင်စခန်းကို AAကသိမ်းပိုက်ခဲ့စဉ်က သိမ်းဆည်းရမိတဲ့လက်နက်ခဲယမ်းများ။

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်အတွင်းက စစ်အုပ်စုရဲ့ ပွိုင့် ၆၆၆ တောင်ကုန်းအခြေစိုက်စခန်းကို အာရက္ခတပ်တော်-AAနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ဒီရက်ပိုင်းအတွင်းမှာသိမ်းပိုက်ရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းတွေကပြောပါတယ်။


အာရက္ခတပ်တော်-AAအနေနဲ့ ပွိုင့် ၆၆၆စခန်းကို အခုလ ဇန်နဝါရီလ ၂၈ရက်နေ့ နေ့လယ်ပိုင်းမှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ညနေပိုင်းမှာ စခန်းတခုလုံးကိုသိမ်းပိုက်ရရှိခဲ့တာ လည်းဖြစ်ပါတယ်။


တိုက်ပွဲအတွင်း စစ်အုပ်စုတပ်သားအများအပြားသေဆုံးခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွား သူတွေလည်းရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။


“စခန်းသိမ်းလိုက်တာ ဟုတ်ပါတယ်။ အလောင်းတချို့နဲ့ လက်နက်ခဲယမ်းတွေရလိုက်တယ်။ ထွက်ပြေးသွားသူတွေလည်းရှိတယ်။ ကျန်တာတော့ ပြောမရဘူး”


လက်ရှိ အာရက္ခတပ်တော်-AAသိမ်းပိုက်လိုက်တဲ့ ပွိုင့် ၆၆၆စခန်းဟာ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆) လက်အောက်ခံစခန်းတခုဖြစ်သလို ဧရာဝတီတိုင်းနဲ့ပဲခူးတိုင်းအစပ်ကလမ်းကြောင်းတွေကို စောင့်ကြည့်ဖို့ အကောင်းဆုံးနေရာတခုလည်း ဖြစ်ပါတယ်။


အာရက္ခတပ်တော်-AAအနေနဲ့ အဲဒီပွိုင့် ၆၆၆လုံးစခန်းကို ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် အောက်တိုဘာအတွင်းမှာ တကြိမ်သိမ်းပိုက်ရရှိခဲ့ပေမယ့် စစ်အုပ်စုရဲ့ တန်ပြန်ထိုးစစ်တွေ လေကြောင်းဗုံးကြဲမှုတွေကြောင့် ပြန်လည်ဆုတ်ခွာပေးလိုက်ရပါတယ်။


လက်ရှိမှာတော့ စခန်းသိမ်းတိုက်ပွဲအတွင်းက ဆုတ်ခွာထွက်ပြေးသွားတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကို AAနဲ့ မဟာမိတ်တပ်တွေကလိုက်လံရှင်းလင်းနေပြီး စစ်အုပ်စုအနေဘက်ကတော့ ပွိုင့် ၆၆၆စခန်းအနီးဝန်းကျင်ကို လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်နေတာရှိနေသေးတယ်လို့ စစ်ရေးသတင်း ရင်းမြစ်တွေက ပြောဆိုကြပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page