"အရေးကြီးပြီ"သီချင်းသီဆိုဆန္ဒပြခဲ့တဲ့ အကျဉ်းသူတွေ တိုက်ပိတ်ခံထားရ
- BVJ

- Feb 2
- 1 min read
မိုနာ/BVJ_ဖေဖော်ဝါရီ ၂၊ ၂၀၂၆

မနေ့က ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်း ၅ နှစ်ပြည့်တဲ့နေ့မှာ စစ်ကိုင်းတိုင်း၊ မော်လိုက်-ကလေးမြို့အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေဟာ သွေးသစ္စာသီချင်းဆိုပြီး ထောင်တွင်းဆန္ဒပြမှုလုပ်ခဲ့ပါတယ်။
အဲ့ဒီဆန္ဒပြမှုအပြီးမှာ တိုက်ပိတ်ခံရသူ ၁၅ဦးရှိတယ်လို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက သိရပါတယ်။
ဆန္ဒပြတာကို မော်လိုက်-ကလေး အကျဥ်းထောင်က အကျဥ်းသူနှစ်ရာဝန်းကျင်က သွေးသစ္စာသီချင်း သံပြိုင်သီဆိုပြီး ၁-အမှုကြီး၉မှု ပယ်ကာဖျက်သိမ်းရေး၊ ၂- အကျဥ်းသား/အကျဥ်းသူ တန်းတူအချိုးရရှိရေး၊ ၃-အာဏာရှင် အဖွဲ့အစည်းမှန်သမျှကျရှုံးရေးဆိုတဲ့ အချက် သုံးချက်ကိုတောင်းဆိုဆန္ဒပြခဲ့ကြတာဖြစ်ကြောင်းနဲ့ အဲ့ဒီသပိတ်ကို ဖောင်းပြင်မြို့က အကျဥ်းသူ မခင်နွဲ့လှိုင်က ဦးဆောင်ခဲ့တာဖြစ်တယ်လို့ ကလေးမြိုလူထုတိုက်ပွဲဦးဆောင်ကော်မတီက မနေ့ကထုတ်ပြန်ခဲ့ပါတယ်။
“လက်ရှိ မနေ့ကထောင်တွင်းလှုပ်ရှားမှုနဲ့ပတ်သက်ပြီးတော့ ဒီ ၁၅ဦးတိုက်ပိတ်ခံရတယ်လို့ ကျနော်တို့ပြန်ကြားသိရပါတယ်။ ဘယ်သူတွေပါလဲဆိုတာတော့ အတည်မပြုနိုင်သေးဘူးဗျ”လို့ ကလေးမြိုလူထုတိုက်ပွဲဦးဆောင်ကော်မတီအဖွဲ့ဝင်တစ်ဦးက Burma VJကိုပြောပါတယ်။
အခုတောင်းဆိုတောင်းဆိုထားတဲ့ အချက် ၁နဲ့ ၂ကို မြန်မာနှစ်ဆန်း၁ရက်နေ့ နောက်ဆုံးထားပြီး သဘောတူပေးဖို့နဲ့ သဘောမတူခဲ့ဘူးဆိုရင် နှစ်ဆန်း၂ရက်နေ့ကို တနိုင်ငံလုံးရှိ အကျဥ်းထောင်တွင်းသပိတ်နေ့အဖြစ် ကြေငြာလိုက်တယ်လို့လည်း တောင်းဆိုချက်ထဲမှာပါဝင်ပါတယ်။




Comments