top of page

ကရင်နီကနေထွက်ပြေးသွားတဲ့ စစ်သုံ့ပန်း ၆၀ကျော်ကို မြန်မာဘက်ပြန်လွှဲ​ပေး  

  • Writer: BVJ
    BVJ
  • Jan 27
  • 1 min read

Updated: Jan 28

အယ်နာ/BVJ_ဇန်နဝါရီ ၂၇၊ ၂၀၂၆

ထွက်ပြေးလာသူစစ်သုံ့ပန်းတွေကို ထိုင်းစစ်တပ်က စစ်အုပ်စုဆီပြန်လည်လွှဲပြောင်းပေးနေပုံ။
ထွက်ပြေးလာသူစစ်သုံ့ပန်းတွေကို ထိုင်းစစ်တပ်က စစ်အုပ်စုဆီပြန်လည်လွှဲပြောင်းပေးနေပုံ။

ကရင်နီ(ကယား)ပြည်၊ မယ်စဲ့အကျဉ်းထောင်ကနေ‌ထောင်ဖောက်ပြီး ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၆၀ကျော်ကို ထိုင်းစစ်တပ်ဘက်က ဒီနေ့ ဇန်နဝါရီ ၂၇ရက်နေ့လယ်မှာ မြန်မာနိုင်ငံဘက်ကိုပြန်လွှဲပေးလိုက်ပါတယ်။

 

အခုထိုင်းကပြန်လွှဲ‌ပေးလိုက်သူတွေဟာ မယ်စဲ့မြို့နယ်အကျဉ်းထောင်ကနေ အခုလ ၁၈ရက်မနက်အစောပိုင်းမှာ ထောင်ဖောက်ပြေးသွားသူ အယောက်၈၀ကျော်ထဲက ၆၈ယောက်ဖြစ်ပြီး သူတို့ဟာထိုင်းဘက်ကိုထွက်ပြေးသွားကြတာဖြစ်ပါတယ်။

 

ထွက်ပြေးလာတဲ့စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကို နိုင်ငံတကာစစ်ဥပဒေစည်းမျဉ်းအရလွှဲပြောင်း‌ပေးမယ်လို့ ထိုင်းစစ်တပ်ဘက်ကပြောဆိုခဲ့ပြီးနောက် ဒီနေ့မှာ မြဝတီ မဲဆောက်အမှတ်(၂)ချစ်ကြည်ရေးတံတားကနေတဆင့် စစ်အုပ်စုဆီကို ထိုင်းဘက်ကတာဝန်ရှိသူတွေကလွှဲပေးခဲ့တာဖြစ်ပါတယ်။

 

အဲ့ဒီလွှဲပြောင်းမှုကို စစ်အုပ်စုဘက်ကချန်နယ်တွေမှာလည်း ဖော်ပြထားတာလည်းတွေ့ရပါတယ်။

 


ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ-IEC ထိန်းချုပ်ရာမယ်စဲ့အကျဉ်းထောင်-၂ ကစစ်သုံ့ပန်း ၈၁ဦးဟာ လက်နက် ၉ လက်နဲ့ ဆက်သွယ်ရေးစကားပြောစက်တွေယူဆောင်ပြီး ထွက်ပြေးသွားရာမှာ အဲ့ဒီထဲက ၁၃ဦးကိုကရင်နီတပ်တွေကပြန်ဖမ်းမိထားတယ်လို့ IECတာဝန်ရှိသူတွေက ပြောထားပါတယ်။

 


ထွက်ပြေးလာသူစစ်သုံ့ပန်းတွေကို ထိုင်းစစ်တပ်က စစ်အုပ်စုဆီပြန်လည်လွှဲပြောင်းပေးနေပုံ။
ထွက်ပြေးလာသူစစ်သုံ့ပန်းတွေကို ထိုင်းစစ်တပ်က စစ်အုပ်စုဆီပြန်လည်လွှဲပြောင်းပေးနေပုံ။

ထွက်ပြေးသွားတဲ့စစ်သုံ့ပန်းတွေဟာ ထောင်ဝန်ထမ်းတွေအကူအညီနဲ့ လွန်ခဲ့တဲ့သုံးလလောက်ကတည်းကထွက်ပြေးဖို့စီစဉ်ခဲ့ပြီး စစ်ကောင်စီနဲ့လည်းအချိတ်အဆက်ရှိခဲ့တယ်လို့ သိရပါတယ်။ သူတို့ကို ကရင်နီပြည်နယ်ထဲက တိုက်ပွဲတွေမှာ ပူးပေါင်းတပ်တွေဘက်ကအရှင်ဖမ်းမိခဲ့ပြီးနောက် သုံ့ပန်းအဖြစ်အကျဉ်းထောင်မှာ ထားထားတာဖြစ်ပါတယ်။

 

စစ်သုံ့ပန်းတွေထွက်ပြေးသွားတာနဲ့ပတ်သက်ပြီး IEC အတွင်းရေးမှူးဦးဗညားကတော့ အကျဉ်းထောင် အတွင်းစည်းပေါက်သွားတယ်လို့ဝန်ခံထားပြီး လုံခြုံရေးပိုင်းကိုပြန်လည်စီစစ်နေကြောင်း ပြောထားပါတယ်။

ထိုင်းနိုင်ငံနဲ့ထိစပ်နေတဲ့ မယ်စဲ့မြို့နယ်ကို ကရင်နီတပ်ပေါင်းစုက ၂၀၂၃ နိုဝင်ဘာလဆန်းမှာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

 

 

 

 

 

 

 

 

 

 

 

 

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page