တိုက်ပွဲပြင်းထန်နေဆဲကျောက်ဖြူမှာ စစ်အုပ်စုဗုံးကြဲလို့ စစ်ဘေးရှောင်တွေ ထိခိုက်သေဆုံးမှုရှိနေ
- BVJ

- Feb 4
- 1 min read
BVJ/ဂျိုး_ဖေဖော်ဝါရီ ၄၊ ၂၀၂၆

စစ်အုပ်စုနဲ့ အာရက္ခတပ်တော်-AAတို့ကြား တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်တောင်ပိုင်း၊ ကျောက်ဖြူမြို့နယ်မှာရှိတဲ့ မော်ကြီးကျေးရွာကို စစ်အုပ်စုက အခုလ ဖေဖော်ဝါရီ ၂ရက်မှာ ပါရာမော်တာနဲ့ဗုံးကြဲခဲ့တာကြောင့် စစ်ဘေးဒုက္ခသည် တစ်ဦးသေဆုံးပြီးတော့ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
သေဆုံးဒဏ်ရာရရှိသွားသူတွေဟာ င/ပုချွိန်ကျေးရွာကနေ မော်ကြီးကျေးရွာမှာ လာရောက်စစ်ဘေးရှောင်နေတဲ့ စစ်ဘေးဒုက္ခသည်တွေဖြစ်ပြီး ဦးခိုင်အောင် ၈၅နှစ်ကတော့ ဗုံးကြဲခံရတဲ့နေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့တာပါ။ အသက် ၆၀အရွယ် ဦးခင်မောင်ချေနဲ့ အသက် ၆၅နှစ် ဦးသိန်းကျော်နုတို့ကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
အခုလို ဗုံးကြဲခံရမှုကြောင့် မော်ကြီးကျေးရွာက နေအိမ်တချို့လည်း မီးလောင်ပြာကျသွားတယ်လို့ ဒေသခံတွေက ပြောထားကြပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ရက်နေ့ကလည်း ကျောက်ဖြူမြိုနယ်၊ မူရွင်းရွာက စစ်ဘေးဒုက္ခသည်တွေနေထိုင်တဲ့ စာသင်ကျောင်းကို စစ်အုပ်စုလေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကိုးလသားကလေးတဦးအပါအဝင် စစ်ဘေးဒုက္ခသည် သုံးဦးသေဆုံးခဲ့ရတာလည်းဖြစ်ပါတယ်။







Comments