ကစပ ၁၆နားက ကာကင်းစခန်းတွေကို AAထိုးစစ်ဆင်တိုက်ခိုက်နေ
- BVJ

- Feb 4
- 1 min read
BVJ/ဂျိုး_ဖေဖော်ဝါရီ ၄၊ ၂၀၂၆

စစ်အုပ်စုရဲ့ စစ်ရေးအရအချက်အချာကျတဲ့ ပွိုင့် ၆၆၆ စခန်းကိုသိမ်းပြီးနောက်မှာ အာရက္ခတပ်တော် -AAအနေနဲ့ ကပစ ၁၆ကိုသိမ်းပိုက်နိုင်ဖို့ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
လက်ရှိမှာတော့ ကပစ ၁၆ ရဲ့ ကာကင်းစခန်းတွေကို AAနဲ့မဟာမိတ်တပ်တွေကပူးပေါင်းထိုး စစ်ဆင်တိုက်ခိုက်နေသလို စစ်အုပ်ဘက်ကလည်း စစ်ကူအမြောက်အများနဲ့ ခုခံတိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက Burma VJကိုပြောပါတယ်။
“၆၆၆စခန်းသိမ်းပြီးကတည်းက တဆက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေတာ။ သူတို့ဘက်ကတော့ ကပစ မရောက်ခင် ကာကင်းစခန်းတွေအများကြီးချထားတာ။အင်အားလည်းများတယ်။တိုက်ပွဲတော့ နေတိုင်းပြင်းထန်နေတယ်။ အသေးစိတ်တော့ ပြောလို့မရဘူး”
စစ်အုပ်စုရဲ့ ကပစ ၁၆ဟာ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းမှာတည်ရှိတဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံးလက်အောက်ခံကပစတွေထဲကတခုဖြစ်ပါတယ်။
စစ်အုပ်စုဘက်ကတော့ ကပစ ၁၆ မကျဆုံးရေးအတွက် လေကြောင်းပစ်ကူတွေအပါအဝင် စစ်ကူအမြောက်အများနဲ့ ခုခံကာကွယ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
“လေကြောင်းကတော့ လေယာဉ်တွေရော ပါရာမော်တာတွေရောနဲ့ နေ့တိုင်းဗုံးကြဲနေတာ။ သိမ်းထားတဲ့ ၆၆၆စခန်းတွေရော တခြားနေရာတွေရော နေ့ရောညပါဗုံးကြဲနေတာ။စစ်ကူတွေလည်း အတော်များတယ်။ ကားကင်းတွေလည်းမနည်းဘူး”
အာရက္ခတပ်တော်-AAနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဟာ ကပစ လက်အောက်ခံ ပွိုင့် ၆၆၆ စခန်းကုန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့မှာအပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပြီး အဲဒီစခန်းဟာ မကွေးတိုင်းအတွင်းမှာရှိတဲ့ ကပစ စခန်းတွေအတွက်အရေးပါတဲ့ စခန်းတခုဖြစ်တယ်လို့လည်း သိရပါတယ်။







Comments