ယာယီသမ္မတမင်းအောင်လှိုင်က ကာချုပ်မင်းအောင်လှိုင်ထံ အာဏာပြန်အပ်နှင်းပြီး စစ်အုပ်ချုပ်ရေးအမိန့် အတည်ပြုထုတ်ပြန်
- BVJ

- Jan 30
- 1 min read
အေတီ/BVJ_ဇန်နဝါရီ ၂၉၊ ၂၀၂၆

အာဏာသိမ်းစစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေး လုံခြုံရေးကောင်စီနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးတို့က အရေးပေါ်အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးအမိန့်ဆက်လက်တည်ရှိကြောင်း ထုတ်ပြန်ချက်သုံးစောင်ကို ဒီနေ့မှာထုတ်ပြန်ပါတယ်။
အဲ့ဒီထုတ်ပြန်ချက်တွေအရ ၁/၂၀၂၅အမိန့်အရ တိုင်းနဲ့ပြည်နယ်တွေက မြို့နယ်တွေမှာထုတ်ပြန်ကြေညာထားတဲ့ အရေးပေါ်အခြေအနေ စစ်အုပ်ချုပ်ရေးကြေညာချက်ဟာ ဒီနေ့ ဇန်နဝါရီ ၂၉ ရက်ကစပြီး နောက်ထပ်ရက်ပေါင်း(၉၀)အထိ ဆက်လက်အတည်ဖြစ်သွားပါတယ်။
ဒီနေ့ထုတ်ပြန်ခဲ့တဲ့ အမိန့်ထုတ်ပြန်ချက်သုံးစောင်မှာ နှစ်စောင်ကို ယာယီသမ္မတ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကလက်မှတ်ထိုးထုတ်ပြန်ထားပြီး စစ်အုပ်ချုပ်ရေး အမိန့်ဆက်လက်အတည်ပြုတဲ့ထုတ်ပြန်ချက်ကိုတော့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နာမည်နဲ့ပဲထုတ်ပြန်ထားပါတယ်။
ဒီနေ့ထုတ်ပြန်ချက်ဟာ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ ဥက္ကဌ ယာယီသမ္မတ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ လုပ်ပိုင်ခွင့်အာဏာပြန်လည်အပ်နှင်းလိုက်တာဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုနောက်ပိုင်းမှာ နိုင်ငံရေးအကျဥ်းသား ၃၀၃၅၁ဦးဖမ်းဆီးခံခဲ့ရပြီး၊၂၂၇၆၂ဦး ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်ကာ စစ်အုပ်စုရဲ့ လက်ချက်နဲ့ ၇၇၃၆ဦးသတ်ဖြတ်ခံခဲ့ရကြောင်း နိုင်ငံရေးအကျဥ်းသားကူညီစောင့်ရှောက်ရေးအသင်း AAPPက ဒီနေ့ရက်စွဲနဲ့ထုတ်ပြန်ထားတယ်။







Comments