top of page
“အိမ်ကိုတက် ဓားပြတိုက်တဲ့ ဓားပြလက်ထဲက ဝေစုလိုက်တောင်းတာနဲ့ တူတူပဲ"
၂၀၂၁ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့မှာ အရပ်သားအစိုးရလက်ထဲက အာဏာလုခဲ့တဲ့ အာဏာသိမ်းစစ်အုပ်စု ဟာ ၅နှစ်နီးပါးအကြာမှာ ရွေးကောက်ပွဲတစ်ခု ပြုလုပ်တော့မှာဖြစ်ပါတယ်။ကုလသမဂ္ဂအပါအဝင် နိုင်ငံအများစုက ဒီရွေးကောက်ပွဲကို 'အတုအယောင်ရွေးကောက်ပွဲ' အဖြစ်သတ်မှတ်ထားပြီး လက်မခံပယ်ချထားကြပါတယ်။စစ်အုပ်စုကလုပ်မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် နွေဦးတော်လှန်ရေးမှာပါဝင်ဆင်နွှဲနေတဲ့ ဦးမင်းကိုနိုင် ကို Burma VJ အဖွဲ့သား ကိုအောင်ကြီးက မေးမြန်းထားပါတယ်။ ၁၉၈၈အရေးတော်ပုံက စတင်ပါဝင်ခဲ့တ

BVJ
Dec 28, 20253 min read


စစ်အုပ်စုလုပ်တဲ့ရွေးကောက်ပွဲ အားပေးဝင်ပြိုင်တဲ့ ပါတီဝင် ၂၀ ကို NLDထုတ်ပယ်
BVJ/ဂျိုး_ဒီဇင်ဘာ ၂၅၊ ၂၀၂၅ အာဏာသိမ်းစစ်အုပ်စုကကျင်းပပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ပါတီဝင်တွေနဲ့ ရွေးကောက်ပွဲကိုအားပေးကူညီနေတဲ့ ပါတီဝင် ၂၀ဦးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီကထုတ်ပယ်လိုက်ကြောင်း ဒီကနေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ နိုင်ငံရေးတရားဝင်မှုရရှိစေရေးရည်ရွယ်ပြီး ပြုလုပ်တဲ့အတု အယောင်ရွေးကောက်ပွဲကို NLDပါတီပါဝင်တွေအနေနဲ့ အသိအမှတ်မပြုကြဖို့နဲ့ပူးပေါင်းဆောင်ရွက်တာတွေ မပြုလုပ်ကြဖို့ ပါတီကတားမြစ်ထားတာလည်းဖြစ်ပါတယ်။ လက်ရှိထုတ်ပယ

BVJ
Dec 26, 20251 min read


ရွေးကောက်ပွဲနေ့မှာ အသံတိတ်သပိတ်ဆင်နွှဲကြဖို့ ဟားခါးမြို့က ပြည်သူတွေကို CDF-ဟားခါး တပ်ဖွဲ့ တိုက်တွန်းထား
◾ဟားခါးအမတ်လောင်းတွေရဲ့ပိုင်ဆိုင်မှု ပြည်သူပိုင်အဖြစ် သိမ်းဆည်း မိုနာ/BVJ_ဒီဇင်ဘာ ၂၄၊ ၂၀၂၅ အာဏာသိမ်း စစ်အုပ်စုက အခုလာမယ့် ၂၈ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအပိုင်း-၁မှာ ပါဝင်တဲ့ ချင်းပြည်နယ်၊ ဟားခါးမြို့ကပြည်သူလူထုအနေနဲ့ အဲ့ဒီနေ့မှာအိမ်ထဲမှာနေပြီး အသံတိတ်သပိတ်ဆင်နွှဲကြဖို့ CDF-ဟားခါး ဗဟိုကောင်စီက ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။ ပြီးတော့ စစ်အုပ်စုရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် ဟားခါးလွှတ်တော်ကိုယ် စားလှယ်လောင်းတွေနဲ့ နိုင်ငံရေးပါတီတွေက ပိုင်ဆိုင်မှုတွေအားလုံးကိုလည်း ပြည်သူပိုင်သ

BVJ
Dec 26, 20251 min read


ပေါက်မြို့နယ်ကကျေးရွာတချို့ကို စစ်အုပ်စုအင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်နေပြီး အလင်းဝင်ဖို့ကြိုးစားသူတွေကိုပါ ပစ်ခတ်
BVJ/ဂျိုး_ဒီဇင်ဘာ ၂၄၊ ၂၀၂၅ ပုံစာ- သင်တန်းဆင်းပွဲမှာတခုအတွင်းက မြိုင် ပကဖ တပ်ဖွဲ့ဝင်များ မကွေးတိုင်းဒေသကြီး၊ ပက္ကူခရိုင် ပေါက်မြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတချို့ကို စစ်အုပ်စုကဒီရက်ပိုင်းအတွင်းမှာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာနေတာကြောင့် စစ်အုပ်စုနဲ့တော်လှန်ရေးတပ်တွေကြား နှစ်ဘက်တိုက်ပွဲတွေပြင်းထန်နေပါတယ်။ တိုက်ပွဲအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေဆီကိုလက်နက်ကိုင်ဆောင်ပြီး အလင်းဝင်ရောက်ဖို့ကြိုးစားတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင် (၄) ဦးကို စစ်အုပ်စုက ပစ်ခတ်ရှင်းလင်းလိုက်တယ်လိ

BVJ
Dec 24, 20251 min read


စစ်တပ်ဗုံးကြဲလို့ ဝက်လက်မှာလူမမယ်ကလေးအပါအဝင် မိသားစုဝင်တွေ သေဆုံး
အယ်နာ/BVJ_ဒီဇင်ဘာ ၂၄၊ ၂၀၂၅ စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း ငါးပတ်ချောင်းရွာကို ဒီဇင်ဘာ ၂၃ ရက်ညနေက စစ်လေယာဉ်နဲ့ဗုံးကြဲလို့ သားအမိနှစ်ဦးနဲ့အဖွားဖြစ်သူတို့သေဆုံးပြီး အခြားရွာသူရွာသားလေးဦးတို့လည်း သေဆုံးခဲ့ပါတယ်။ သေဆုံးသူစုစုပေါင်း ခုနှစ်ဦးထဲမှာ နှစ်ဦးကအရွယ်မရောက်သေးတဲ့ ကလေးတွေဖြစ်ကြပြီး ၇ နှစ်အရွယ်သမီးငယ်နဲ့ အသက် ၃၅ နှစ်အရွယ်သူ့အမေ ဒေါ်မာသွယ်၊ အဖွားဖြစ်သူ အသက် ၈၀ အရွယ်ဒေါ်ခင်တင့်တို့ ပါသွားကြတာပါ။ ကျန်ကလေးတစ်ဦးက အခြားဒေသကစစ်ရှောင်လာတဲ့ အသက် ၁၄ နှစ် အရွယ်ကလေးတစ်ဦးဖြစ်

BVJ
Dec 24, 20251 min read


မိုးကုတ်-မိုးမိတ် တိုက်ပွဲပြင်းထန်နေဆဲ
BVJ/ဂျိုး_ဒီဇင်ဘာ ၂၄၊၂၀၂၅ ပုံစာ- မိုးကုတ်တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းများ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်အတွင်းမှာ အခု ဒီဇင်ဘာလ ၇ ရက်နေ့ကစပြီး ဒီကနေ့အထိ စစ်အုပ်စုနဲ့အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ မိုးကုတ်မြို့နယ်အတွင်းမှာ တိုက်ပွဲကြီး (၆)ကြိမ်နဲ့ ထိတွေ့တိုက်ပွဲငယ် (၉)ကြိမ်အထိဖြစ်ပွားခဲ့ပြီး စစ်အုပ်စုတပ်ဖွဲ့

BVJ
Dec 24, 20251 min read


ဗုံးကြဲခံရတဲ့မြောက်ဦးဆေးရုံအတွက် သူပုန်ဖြူရောင်းရင်းညီကိုတွေက ငွေကျပ်သိန်းတစ်ထောင်ကျော်လှူဒါန်း
BVJ/ဂျိုး_ ဒီဇင်ဘာ ၂၃၊၂၀၂၅ ရခိုင်ပြည်နယ်အတွင်းက မြောက်ဦးဆေးရုံတိုက်ခိုက်ခံရမှုအတွက် သူပုန်ဖြူရောင်းရင်းညီအစ်ကိုတွေက ငွေကျပ်သိန်းထောင့်နှစ်ရာကျော်လှူဒါန်းလိုက်တယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဒီနေ့မှာထုတ်ပြန်ထားပါတယ်။ မြောက်ဦးပြည်သူဆေးရုံကို အခုလဒီဇင်ဘာလ ၁၀ရက်နေ့မှာစစ်အုပ်စုက ဗုံးကြဲခဲ့တာဖြစ်ပြီး အရပ်သား ၃၃ ဦးသေဆုံးပြီး၊ ၈၀ နီးပါးထိခိုက်ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဆေးရုံတခုလုံးလည်းပျက်ဆီးသွားသလို တန်ဖိုးကြီး ဆေးရုံသုံးစက်ပစ္စည်းတွေလည်း ပျက်ဆီးသွားခဲ့တာပါ။ လက်ရှိ..

BVJ
Dec 24, 20251 min read


စစ်တွေတဖက်ကမ်းကရွာတွေကို စစ်တပ်ကဗုံးကြဲနေ
BVJ/ဂျိုး_ ဒီဇင်ဘာ ၂၃၊ ၂၀၂၅ စစ်အုပ်စုလေကြောင်းဗုံးကြဲမှုကြောင့် ပျက်စီးသွားတဲ့နေအိမ်များ(ဓာတ်ပုံ- APM) ရခိုင်ပြည်နယ်မြို့တော် စစ်တွေတဖက်ကမ်း ပုဏ္ဏားကျွန်းမြို့နယ်ထဲက ကျေးရွာသုံးရွာကို မနေ့ကညနေပိုင်းမှာ စစ်အုပ်စုကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တချို့ပျက်စီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်အုပ်စုဟာဆင်အင်းကြီးကျေးရွာ၊ ကွမ်းတောင်ကျေးရွာနဲ့ခမောင်းတောကျေးရွာတွေကို ဒီဇင်ဘာလ ၂၂ရက်နေ့ ခြောက်နာရီဝန်းကျင်လောက်မှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀ ဗုံးတွေကြဲခဲ့တာဖြစ်ပါတယ်။...

BVJ
Dec 24, 20251 min read


ဆရာမကြီးဒေါ်အေသီအောင်နဲ့ခင်ပွန်း သတ်ဖြတ်ခံရတဲ့ကိစ္စစုံစမ်းဖော်ထုတ်မှုမှာ KNUနဲ့ဒေသခံတာဝန်ရှိသူတွေကြား သဘောထားကွဲလွဲမှုတွေရှိနေ
အေတီ/ BVJ_ဒီဇင်ဘာ ၂၄၊ ၂၀၂၅ ဓာတ်ပုံ- ပုလောမြို့နယ်ပညာရေးဘုတ်အဖွဲ့ ဆရာမကြီး ဒေါ်အေသီအောင်နဲ့ ခင်ပွန်းသတ်ဖြတ်ခံခဲ့ရတဲ့ကိစ္စမှာ တရားခံဖော်ထုတ်မှုနဲ့ပတ်သက်ပြီး KNUတပ်မဟာ(၄)တာဝန်ရှိတဲ့သူတွေနဲ့ ဒေသခံတာဝန်ရှိသူတွေကြား သဘောထားကွဲလွဲမှုတွေရှိနေပါတယ်။ တရားခံလေးဦးဖမ်းမိတယ်ဆိုတဲ့ မြိတ်-ထားဝယ်ခရိုင် KNU တပ်မဟာ(၄) ရဲ့ ဒီဇင်ဘာ ၂၁ရက်နေ့ကထုတ်ပြန်ချက်ဟာ ပုလောမြို့နယ်စုံစမ်းစစ်ဆေးရေးအဖွဲ့က အခြားဒေသခံအဖွဲ့အစည်းတွေကို တစုံတရာအသိပေးမတိုင်ပင်ခဲ့သလို ဖမ်းမိထားတဲ့တရားခံတွေ စုံစမ်းမေးမြန်းမှုလုပ်ရမ

BVJ
Dec 24, 20251 min read


စစ်ကိုင်းတိုင်းအတွင်းကမြို့နယ်တွေ နေ့စဉ်ဗုံးကြဲခံနေရ
မိုနာ/BVJ_ဒီဇင်ဘာ ၂၃၊ ၂၀၂၅ ဗန်းမောက်မြို့ ဘုန်းကြီးကျောင်း၊ လေကြောင်းတိုက်ခံရပြီးနောက်မြင်တွေ့ရပုံ။ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေဖြစ်တဲ့ ဗန်းမောက်၊ကောလင်း၊ ယင်းမာပင်နဲ့ ဝက်လက်မြို့နယ်တွေကို စစ်အုပ်စုဟာ နေ့တိုင်းနီးပါးလေကြောင်းကနေ လှည့်ပတ်ဗုံးကြဲတိုက်ခိုက်နေပါတယ်။ မနေ့က ဒီဇင်ဘာ၂၂ ရက် ညနေငါးနာရီကျော်အချိန်မှာ ကောလင်းမြို့နယ်၊ နတ်အင်းကျေးရွာ စာသင်ကျောင်းကို တိုက်လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး နှစ်ဦးနဲ့ အမျိုးသား လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ မြေပြင်စစ်က

BVJ
Dec 23, 20251 min read


ရွေးကောက်ပွဲလုပ်ဖို့ရက်ပိုင်းအလိုမှာ စစ်အုပ်စုဝါဒဖြန့်ချန်နယ်တွေ ဖယ်ရှားခံရ
ယူဂရင်း/BVJ_ဒီဇင်ဘာ ၂၃၊ ၂၀၂၅ ၂၀၂၅၊မေလ ၁၀ရက်က ရုရှားကနေပြန်လာတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ကို အထူးလေယာဉ်ပေါ်မှာမေးမြန်းနေပုံဆိုပြီး စစ်အုပ်စုကထုတ်ပြန်ထားပုံ(ဓါတ်ပုံ-CINCDS) သြစတေးလျအခြေစိုက် တိုက်ရိုက်ရုပ်သံလွှင့်ပလက်ဖောင်းဖြစ်တဲ့ Kickက မြန်မာအာဏာသိမ်းစစ်အုပ်စုက ထိန်းချုပ်ဝါဒဖြန့်နေတဲ့ MRTV HD၊ MITV ၊MRTV News၊ MRTV Farmers ၊MRTV Sports၊ MRTV NRC နဲ့MRTV Entertainmentတို့ကို ဖယ်ရှားလိုက်တယ်လို့ သိရပါတယ်။ တရားမဝင်မြန်မာစစ်အုပ်စုရဲ့ ဝါဒမှိုင်းဖြန့်အကောင့်တွေကနေ တိုက်ရိုက်ထုတ်လွှင့

BVJ
Dec 23, 20251 min read


မန္တလေးသပိတ်ခေါင်းဆောင်ကိုဖမ်းဆီးပြီး အခြေအနေမသိရတာကြောင့် အသက်အန္တရာယ်အပေါ်စိုးရိမ်မှုမြင့်တက်နေ
မိုနာ/BVJ_ဒီဇင်ဘာ ၂၃၊ ၂၀၂၅ မန္တလေးလူထုသပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင် အာဏာသိမ်းစစ်အုပ်စုက ဆုကြေးငွေနဲ့ဖမ်းဝရမ်းထုတ်ထားတဲ့ မန္တလေးမြို့ လူထုသပိတ်လှုပ်ရှားမှုခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုထက်မြတ်အောင်ဟာ အခုလ ဒီဇင်ဘာ၁၄ရက်က စတင်အဆက်အသွယ်ပြတ်တောက်ပြီးနောက် လက်ရှိအချိန်ထိအခြေအနေမသိရသေးတာကြောင့် အသက်အန္တရာယ်စိုးရိမ်နေရကြောင်း ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ(ရ.တ.က.သ)က မနေ့ကထပ်မံ ထုတ်ပြန်ပါတယ်။ ကိုထက်မြတ်အောင်ကို စစ်တပ်ကဖမ်းဆီးသွားပြီး ဖမ်းဆီးချိန်မှာလည်း ကန်ကြောက်ထိုးနှက် မတရား...

BVJ
Dec 23, 20251 min read


မော်စကိုမြို့ကားဗုံးပေါက်ကွဲမှု ရုရှားဗိုလ်ချုပ်ကြီးတစ်ဦးသေဆုံး
အေတီ/BVJ_ဒီဇင်ဘာ ၂၂၊ ၂၀၂၅ တနင်္လာနေ့မနက်ပိုင်းက ရုရှားနိုင်ငံမြို့တော်မော်စကိုမှာ ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ရုရှားစစ်တပ်ကဗိုလ်ချုပ်ကြီးတစ်ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးခဲ့သူဟာ ဒုတိယဗိုလ်ချုပ်ကြီး Fanil Sarvarov ဖာနေးလ်ဆာဗာရော့ဗ်ဖြစ်ပြီး သူ့ရဲ့ကားအောက်မှာထောင်ထားတဲ့ဗုံးပေါက်ကွဲခဲ့တာကြောင့် သေဆုံးခဲ့တာဖြစ်တယ်လို့ ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက အတည်ပြုထားပါတယ်။ ရုရှားလက်နက်ကိုင်တပ်ဖွဲ့ စစ်ဆင်ရေးလေ့ကျင့်ဌာနအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ဖာနေ့းလ်ဆာဗာရော့ဗ်ဟာ ပြီးခဲ့တဲ့တစ်နှစ်အ

BVJ
Dec 23, 20251 min read


ရွေးကောက်ပွဲမဲရုံစားရိတ်နဲ့စားဖို့သောက်ဖို့အတွက်ဆိုပြီး ပြည်သူတွေဆီက စစ်အုပ်စုငွေကြေးကောက်ယူနေ
မိုနာ/BVJ_ဒီဇင်ဘာ ၂၂၊ ၂၀၂၅ စစ်အုပ်စုရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်းလှုပ်ရှားမှုကို ရန်ကုန်၊ဆူးလေမှာပြုလုပ်နေပုံ (ဓါတ်ပုံ-ရန်ကုန်လူထုသပိတ်) စစ်အုပ်စုဟာ အခု ဒီဇင်ဘာ ၂၈ရက်နေ့မှာပြုလုပ်မယ့်ရွေးကောက်ပွဲ-အပိုင်း၁မှာ မဲရုံအတွက်စားရိတ်ဆိုပြီး ရန်ကုန်မြို့နေပြည်သူတွေဆီက တအိမ်တက်ဆင်းငွေကြေးလိုက်လံကောက်ယူနေတယ်လို့ ရန်ကုန်မှာနေထိုင်သူတွေက ပြောကြပါတယ်။ “မဲရုံထိုင်ဖို့စားရိတ်ဆိုပြီး ကြိုပြီးလိုက်ကောက်နေတယ်။ အလှူငွေလေးတဲ့။ စားဖို့သောက်ဖို့နဲ့ပစ္စည်းဌားရမ်းဖိုးလေးတွေပါတဲ့။ အိမ်ပေါက်စေ့လိုက်

BVJ
Dec 22, 20251 min read


ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု ဇန်နဝါရီလအတွင်း အိုင်စီဂျေမှာကြားနာစစ်ဆေးမယ်
အေတီ/BVJ_ ဒီဇင်ဘာ ၂၀၊ ၂၀၂၅ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်လို့စွပ်စွဲထားတဲ့အမှုကို နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဇန်နဝါရီ ၁၂ ရက်ကနေ ၂၉ ရက်အထိ ကြားနာမှုပြုလုပ်ဖို့ရှိကြောင်း ကုလသမဂ္ဂရဲ့အမြင့်ဆုံးတရားရုံး အိုင်စီဂျေက သောကြာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ဂါဇာစစ်ပွဲအတွင်းကကိစ္စတွေနဲ့ပတ်သက်ပြီး အစ္စရေးနိုင်ငံကို တောင်အာဖရိကနိုင်ငံက အိုင်စီဂျေမှာစွပ်စွဲထားတဲ့အမှုရှိနေတဲ့အတွက် မြန်မာကိစ္စအပေါ် ဆုံးဖြတ်မယ့်ဆုံးဖြတ်ချက်က တောင

BVJ
Dec 22, 20251 min read


"အနောက်နိုင်ငံတွေက ရုရှားကိုလေးလေးစားစားဆက်ဆံရင် စစ်ပွဲတွေထပ်မဖြစ်စေရဘူး"
အီးကေ/BVJ_ ဒီဇင်ဘာ ၂၀၊ ၂၀၂၅ အနောက်နိုင်ငံတွေက ရုရှားနိုင်ငံကိုလေးလေးစားစားဆက်ဆံမယ်ဆိုရင် ယူကရိန်းစစ်ပွဲလို နောက်ထပ်စစ်ပွဲတွေထပ်ဖြစ်လာတော့မှာမဟုတ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်ကပြောကြားခဲ့ပြီး ရုရှားက ဥရောပနိုင်ငံတွေကို စစ်တိုက်ဖို့စီစဥ်နေတယ်ဆိုတဲ့ပြောဆိုချက်တွေဟာလည်း"အဓိပ္ပာယ်မရှိဘူး"လို့ ပြောလိုက်ပါတယ်။ လေးနာရီခွဲနီးပါးကြာပြုလုပ်ခဲ့တဲ့ ရုပ်မြင်သံကြားအစီအစဉ်တခုမှာ ဘီဘီစီသတင်းထောက် စတိဗ်ရိုဆင်ဘာ့ဂ်က ယူကရိန်းကိုဝင်ရောက်ကျူးကျော်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ပူတင်ရဲ့အသုံးအနှုန်းဖ

BVJ
Dec 22, 20251 min read


လုပ်ကြံခံရတဲ့ စီဒီအမ်ကျောင်းအုပ်ဆရာမကြီးနဲ့ခင်ပွန်းဖြစ်သူတို့ရဲ့ စျာပန ကျင်းပ
အေတီ/BVJ_ဒီဇင်ဘာ ၂၀၊ ၂၀၂၅ ဒီဇင်ဘာ၁၆ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး၊ပုလောမြို့နယ်၊ဆားခဲကျေးရွာမှာလုပ်ကြံခံခဲ့ရတဲ့ စီဒီအမ်ကျောင်းအုပ်ဆရာမကြီး ဒေါ်ပန်ထွာ(ခ) ဒေါ်အေသီအောင်နဲ့အမျိုးသား ဦးပြည့်ဖြိုးနိုင်တို့ရဲ့ စျာပနနဲ့ဆွေးကျွေးတရားနာပွဲကို ဒီနေ့ မှာ ပြုလုပ်ခဲ့ပါတယ်။ စျာပနနဲ့ဆွမ်းကျွေးတရားနာပွဲကို NUGအစိုးရလက်အောက်ခံ ပုလောပညာရေးဘုတ်အဖွဲ့ကဦးဆောင်ကျင်းပခဲ့တာဖြစ်ပါတယ်။ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ စီဒီအမ်ဆရာမကြီး ဒေါ်ပန်ထွာ (ခ) ဒေါ်အေသီအောင်နဲ့ခင်ပွန်းဖြစ်သူတို့ လုပ်ကြံခံရမှုနဲ့

BVJ
Dec 22, 20251 min read


တပါတ်အတွင်း အထူးသတင်း
BVJ_ဒီဇင်ဘာ ၂၀၊ ၂၀၂၅ ဒီတပတ်အတွင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ စစ်အုပ်စုနဲ့အာရက္ခတပ်တော်-AAကြား အမ်း-ပဒါန်းလမ်းပေါ်က ဂုတ်ကြီးစခန်းအနီးမှာ နှစ်ဘက်တိုက်ပွဲပြင်းထန်နေတဲ့သတင်း၊ စစ်အုပ်စုလုပ်မယ့်စီမံကိန်းတွေအပေါ် ကန့်ကွက်သူတွေကို အရေးယူသွားမယ်လို့ စစ်အုပ်စုဘက်ကပြောဆိုလိုက်တဲ့သတင်းနဲ့ မြန်မာအပေါ် စွပ်စွဲထားတဲ့အိုင်စီဂျေအမှု "သက်သေတွေကိုပါ စစစ်တော့မယ့်သတင်းအပါအဝင် တခြားပြည်းတွင်း၊ပြည်ပကစိတ်ဝင်စားစရာ သတင်းတွေကိုနားဆင်ကြရမှာ ဖြစ်ပါတယ်ရှင့်။

BVJ
Dec 22, 20251 min read


CDMဆရာမ ဒေါ်အေသီအောင်နဲ့ခင်ပွန်းတို့ကိုလုပ်ကြံခဲ့တဲ့ တရားခံတွေနဲ့ပတ်သက်တဲ့အချက်အလက်တွေ KNUထုတ်ပြန်
အေတီ/BVJ-ဒီဇင်ဘာ ၂၁၊ ၂၀၂၅ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ဆားခဲကျေးရွာကနေအိမ်မှာလုပ်ကြံခံခဲ့ရတဲ့ NUGပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ စီဒီအမ်ဆရာမကြီး ဒေါ်အေသီအောင်နဲ့ခင်ပွန်းဖြစ်သူတို့ကို လုပ်ကြံခဲ့တဲ့တရားခံတွေနဲ့ပတ်သက်ပြီး KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။ ဆရာမဒေါ်အေသီအောင်တို့လင်မယားကို ဒီဇင်ဘာ၁၅ရက် ညနေပိုင်းက လုပ်ကြံခဲ့တဲ့သူတွေဟာ KNDO တပ်ရင်း(၇)၊ တပ်ခွဲ(၅)အချုပ်ထဲကထွက်ပြေးလွတ်မြောက်သွားတဲ့သူတွေဖြစ်ပြီး သတ်ဖြတ်မှုကျူးလွန်ခဲ့သူလေးဦးရဲ့နာမည်တွေက..

BVJ
Dec 22, 20251 min read


ရန်ကုန်၊ပဲခူး၊ချင်းတပ်ဖွဲ့တို့ပူးပေါင်းပြီး ပဲခူးနောက်ခြမ်းရှိ စစ်အုပ်စုတပ်စခန်းတခုကို သိမ်းပိုက်
BVJ/ဂျိုး_ဒီဇင်ဘာ ၁၉၊ ၂၀၂၅ ပဲခူးတိုင်းအနောက်ဘက်ခြမ်း လက်ပံတန်းမြို့နယ် ဆင်တလင်းကျေးရွာမှာရှိတဲ့ စစ်အုပ်စုတပ်စခန်းတခုကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ရက်နေ့မှာ အရှိုချင်းကာကွယ်ရေးတပ်-ACDFနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ် ACDFပြောခွင့်ရ ဆလိုင်းခနီလေဗွေကပြောပါတယ်။ “ဆင်တလင်းကျေးရွာမှာ တပ်စွဲအထိုင်ချထားတဲ့ စစ်အုပ်စုတပ်စခန်းကို ကျနော်တို့ ဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့တာ ပြီးတော့စခန်းတခုလုံးကိုလည်း ကျနော်တို့ရှင်းလင်းရေးလုပ်န

BVJ
Dec 19, 20251 min read
bottom of page



