“NUGပြိုလဲသွားလို့လည်းမဖြစ်ဘူး၊ CDMတွေပြိုလဲသွားလို့လည်းမဖြစ်ပါဘူး”
- BVJ

- Feb 21
- 1 min read
BVJ_ဖေဖော်ဝါရီ ၂၁၊ ၂၀၂၆
NUGဝန်ကြီးချုပ်ရုံးအမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ခင်ပွန်းဦးညီညီမင်းတို့ကို တိုင်ကြားထားတဲ့အပေါ် ဖေဖော်ဝါရီ ၁၈ရက်ကထွက်လာတဲ့ ဝန်ကြီးချုပ်ရုံးဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးCDMတွေက NUGကို CDMလုပ်ကြသလို NUG ကာကွယ်ရေးဝန်ကြီးဌာနကအောက်ကတပ်ရင်းတပ်ဖွဲ့တွေကို ထောက်ပို့လုပ်နေတဲ့ ဒို့ခေတ်ကလည်း ထောက်ပို့မှုယာယီရပ်ဆိုင်းကြောင်းနဲ့ တယ်လီကျန်းမာကလည်း တပါတ်အတွင်းဖြေရှင်းပေးဖို့ဆိုပြီး စာထုတ်ထားကြပါတယ်။
ဒီပေါ်မှာ ဒေါ်ကြည်ပြာတို့အမှုကို စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ်ရုံးဝန်ကြီးဒေါက်တာဇော်ဝေစိုးက ဘယ်လိုတုန့်ပြန်လိုက်သလဲဆိုတာ ဒီရုပ်သံထဲမှာနားဆင်နိုင်ပါတယ်။

Comments