top of page

မြင်းမူ စက်တပ်လေထီးနဲ့ဗုံးကြဲခံရပြီး ကလေးငယ်နှစ်ဦးအပါအဝင် ၉ ဦးသေဆုံး

  • Writer: BVJ
    BVJ
  • Feb 24
  • 1 min read

အယ်နာ/BVJ_ဖေဖော်ဝါရီ ၂၄ ၊ ၂၀၂၆

မြင်းမူမြို့နယ်၊ကန်တော်ကျေးရွာအနီး စစ်ဘေးရှောင်စခန်းကို ၂၀၂၅၊ ဧပြီ ၁၉ ရက်က ဗုံးကြဲခံရပြီးနောက်မြင်တွေ့ရပုံ(ဓါတ်ပုံ-RFA)
မြင်းမူမြို့နယ်၊ကန်တော်ကျေးရွာအနီး စစ်ဘေးရှောင်စခန်းကို ၂၀၂၅၊ ဧပြီ ၁၉ ရက်က ဗုံးကြဲခံရပြီးနောက်မြင်တွေ့ရပုံ(ဓါတ်ပုံ-RFA)

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ် ရွှေကျောင်းကန်ရွာမှာရှိတဲ့ ပဲဆီကြိတ်စက်နဲ့စတားလင့်အင်တာနက် အသုံးပြုနေတဲ့နေရာကို စစ်အုပ်စုက မနေ့ကဖေဖော်ဝါရီ ၂၃ ရက်၊ ညခုနှစ်နာရီဝန်းကျင်မှာ ဗုံးကြဲခဲ့တဲ့အတွက် ကလေးနှစ်ဦးအပါအဝင် ၉ ဦးသေဆုံးပြီး ၁၀ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သိရပါတယ်။


မုံရွာ အနောက်မြောက်ပိုင်း စစ်ဌာနချုပ် နမခကနေတက်လာတဲ့ ပါရာ‌မော်တာစက်တပ်လေထီးနှစ် စီးကဗုံးကြဲခဲ့တဲ့အတွက် အခုလိုသေဆုံးထိခိုက်ဒဏ်ရာရခဲ့ကြတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေထဲမှာ အပြင်းအထန်ဒဏ်ရာရသူတွေလည်းပါဝင်ပါတယ်။


သေဆုံးသူတွေထဲမှာ ငါးနှစ်ကလေးငယ်နဲ့အမျိုးသမီး‌လေးဦးလည်းပါဝင်ပြီး နွားနှစ်ကောင်လည်းသေဆုံးခဲ့တယ်လို့ ဒေသတွင်းကသိရပါတယ်။


စစ်အုပ်စုကပြည်သူတွေအပေါ်အစုလိုက် အပြုံလိုက်သေစေဖို့ ရည်ရွယ်တိုက်ခိုက်တာဟာ အင်မတန်ယုတ်မာရက်စက်တဲ့ စစ်ရာဇဝတ်မှုဖြစ်တဲ့အတွက် ရှုံ့ချတယ်လို့လည်းလေကြောင်းအန္တရာယ်သတိပေးချက်တွေ ဖော်ပြနေတဲ့Monywa Revolution -MR ကလည်း ပြောထားပါတယ်။


အခုလ ဖေဖော်ဝါရီ ၂၂ ရက်ကလည်း စစ်ကိုင်းတိုင်း ၊ ဟုမ္မလင်းမြို့နယ် ရွှေမှော်ဈေးတန်းကို စစ်ကောင်စီကလေကြောင်းကနေဗုံးကြဲခဲ့တာကြောင့် အမျိုးသား ၆ဦးနဲ့ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပါသေးတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page