စစ်သားနဲ့ရဲ ၂၀ နီးပါးသေဆုံးပြီး ၁၁ ယောက်ဖမ်းမိခဲ့တဲ့တိုက်ပွဲ
- BVJ

- Feb 19
- 1 min read
မိုနာ/BVJ_ဖေဖော်ဝါရီ ၁၉၊ ၂၀၂၆

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာက စစ်အုပ်စုရဲ့ (GTC)တပ်စခန်းကုန်းနဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်တွေကို အခုလ ဖေဖော်ဝါရီ ၁၆ရက်က မနက်ခြောက်နာရီအချိန်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကဝင်တိုက်ခဲ့ပါတယ်။
တိုက်ခိုက်မှုမှာ အပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲလေးနာရီကြာမြင့်ခဲ့ပြီး GTCတပ်စခန်းကိုယာယီသိမ်းမိပြီးချိန်မှာ စစ်အုပ်စုဘက်ကစစ်ကူစစ်ကြောင်းရောက်လာတာကြောင့် ရဲဘော်တွေနောက်ပြန်ဆုတ်ခဲ့ရတယ်လို့ တိုက်ခိုက်ခဲ့တဲ့ ဒူရကစစ်ကြောင်းနဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်-DNLAတို့က မနေ့ကနဲ့ ဒီနေ့မှာထုတ်ပြန်ထားကြပါတယ်။

တိုက်ပွဲအတွင်း Type 81စက်လက် တစ်လက်၊ G3 ၁၃လက်၊ G4 ၂လက်၊ AK47 ၁လက်၊ MA5 ၁လက်၊ G3ကျည်ဘောက် ၇၃ဘောက်၊ Type 81ကျည်ဘောက် ၁ဘောက်၊ AKကျည်ဘောက် ၁ဘောက်၊ G3ကျည် သုံးထောင်၊ လက်ပစ်ဗုံး ၁၂လုံး၊AKကျည် ၁၀၀၊ စကားပြောစက် ၅လုံးနဲ့ ဆက်စပ်ပစ္စည်းတွေရရှိခဲ့သလို စစ်အုပ်စုဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်သား(၁၉)ဦးသေဆုံးပြီး သုံ့ပန်းအဖြစ် စစ်သားနဲ့ရဲ ၁၁ ဦးကိုလည်း ဖမ်းမိခဲ့တယ်လို့သိရပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးအရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်နေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးအထူးသတိနဲ့သွားလာနေထိုင်ကြဖို့ကိုလည်း တိုက်တွန်းထားပြီး လေကြောင်းရန်ကာကွယ်ရေးအချက်တွေကိုလည်း လိုက်နာကြဖို့ကို တိုက်ခိုက်ခဲ့တဲ့တပ်ဖွဲ့တွေကသတိပေးထားပါသေးတယ်။




Comments