top of page


အင်းစိန်ထောင်ကပြန်လွတ်လာတဲ့ ဆရာတော်ဦးပညာဇောတကို ဘတ်ဖဲလိုးမြို့ခံတွေက ကြိုဆို
အီးကေ/BVJ_ နိုဝင်ဘာ ၁၊ ၂၀၂၅ အောက်တိုဘာ ၃၀ရက်နေ့မှာ ရန်ကုန်၊ အင်းစိန်ထောင်ကပြန်လွတ်လာတဲ့ ဆရာတော်ဦးပညာဇောကို အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်၊ဘတ်ဖဲလိုးမြို့ မြို့ခံတွေက လေဆိပ်မှာကြိုဆိုကြပါတယ်။ ၂၀၂၄ခုနှစ် နိုဝင်ဘာ၁၃ရက်နေ့မှာ ရန်ကုန်မြို့မှာဖမ်းဆီးခံခဲ့ရတဲ့ ဆရာတော်ဦးပညာဇောတကို အာဏာသိမ်းစစ်အုပ်စုက ပုဒ်မ၃ခုနဲ့ ထောင်၁၅နှစ်ချခဲ့ပြီးနောက် အမေရိကန်နိုင်ငံသားဖြစ်တဲ့အတွက် ၂၀၂၅ခုနှစ် အောက်တိုဘာ ၃၀ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဆရာတော်ကို အာဏာသိမ်းစစ်အုပ်စုက နေ့ချင်းပြည်နှင်ဒဏ်ပေးခဲ့

BVJ
Nov 31 min read


မရှိသော ကြောင်ခံတွင်းပျက် နှင့် မက်လောက်စရာ မဟုတ်သော ဆက်ရက်တောင်ပံကျိုး
လင်းယုန်နက် “အာဆီယံကအသိအမှတ်ပြုတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ မဖြစ်မနေဆောင်ရွက်ရမယ်လို့ တောင်းဆိုထားတဲ့လုပ်ငန်းစဉ်တွေကို မအလစစ်အုပ်စုက တစ်ခုတစ်လေတောင် လုပ်မထားပါဘူး” အာဆီယံ ဆုံးဖြတ်ချက် (၂၆) မှာ မအလစစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သဘောထား ပေးထားပါတယ်။ ဒေါ်စန္ဒာမင်း ဘက်ပြောင်း ဦးဆောင်လှုပ်ရှားခဲ့တဲ့ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ကို ပါတီဝင် အင်အား ငါးသောင်းမပြည့်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ “ပါတီကို ဖျက်သိမ်း၊ ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်” လိုက်တဲ့အခါ တချို့က အံ့အာ

BVJ
Nov 22 min read


ပုဏ္ဏားကျွန်းကို စစ်အုပ်စုဗုံးထပ်ကြဲ ၄ ဦးသေဆုံး ၁၀ ဦးဒဏ်ရာရ
BVJ/ဂျိုး_အောက်တိုဘာ ၃၁၊ ၂၀၂၅ ပုဏ္ဏားကျွန်းကို ဒီနေ့မနက် ၁၁နာရီခန့်ကဗုံးကြဲခံရပြီးနောက် ထိခိုက်ဒဏ်ရာရသွားသူများ(ဓါတ်ပုံ-ဒေသခံ) အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့ပေါ်နဲ့ပန်းနီလာကျေးရွာကို ဒီနေ့ မွန်းလွဲပိုင်း ၁၁နာရီကျော်လောက်မှာ အာဏာသိမ်းစစ်အုပ်စုကလေကြောင်းဗုံးကြဲခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေရှိတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ “ဒီကနေ့မနက်ပိုင်း ၁၁နာရီကျော်လောက်က ဗုံးကြဲသွားတာ ပုဏ္ဏားကျွန်းမြို့ပေါ် ၅၅၀တပ်နားကို နှစ်ကြိမ်ကြဲတယ်၊ ပန်းနီလာကျေ

BVJ
Oct 311 min read


ရခိုင်ကမြို့နယ်သုံးခုကို စစ်ကောင်စီတစ်ရက်ထဲ ဗုံးကြဲတာကြောင့် အနည်းဆုံး ၆ဦးသေဆုံး
ဂျိုး/BVJ_အောက်တိုဘာ ၃၁၊၂၀၂၅ ပုဏ္ဏားကျွန်းမြို့ကို ဗုံးကြဲပြီးနောက်မြင်တွေ့ရပုံ(ဓါတ်ပုံ-APM) အာဏာသိမ်းစစ်အုပ်စုက အာရက္ခတပ်တော်AAထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်ထဲက မြို့နယ် သုံးခုကို မနေ့က လေကြောင်းဗုံးကြဲခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။ ရခိုင်တောင်ပိုင်းက ကျောက်ဖြူမြို့နယ် ဇင်ချောင်းတိုက်နယ် ကုန်ဘွယ်ကျေးရွာကို စစ်အုပ်စုက မနေ့ကညနေပိုင်းမှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၅ဦးထက်မနည်းသေဆုံးပြီးတော့ ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေလည်းရှိပါတယ်။ လက်ရှိ

BVJ
Oct 311 min read


ပတ္တမြားမြေကိုကာကွယ်ဖို့ ရဲဘော်တွေလိုအပ်နေ
မိုနာ/BVJ_အောက်တိုဘာ ၃၁၊ ၂၀၂၅ မန္တလေးတိုင်း၊မိုးကုတ်မြို့လက်ရှိအခြေအနေအရ စစ်အုပ်စုကိုပြန်လည်ခုခံတိုက်ခိုက်ဖို့အတွက် မိုးကုတ်မြို့နယ်ကတော်လှန်ရေးရဲဘော်ဟောင်းတွေအနေနဲ့ ပြန်လည်ပူးပေါင်းပါဝင်လာပေးကြဖို့ မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-မိုးကုတ်ပကဖက ဖိတ်ခေါ်နေပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်အနားယူထားကြတဲ့ ရဲဘော်တွေကိုပြန်လည်ခေါ်ယူတာဖြစ်တယ်လို့ မိုးကုတ်ပကဖက မနေ့က အောက်တိုဘာ ၃၀ရက်မှာထုတ်ပြန်ထားပါတယ်။ “လက်ရှိအချိန်မှာ မိုးကုတ်မြို့ရဲ့စစ်ရေးအကြပ်အတည်းနဲ့ ကြုံတွေ့နေရတဲ့အချိန်မှာ

BVJ
Oct 311 min read


အမေရိကန်နိုင်ငံသား ဆရာတော်ဦးပညာဇောတ အင်းစိန်ထောင်ကပြန်လွတ်လာ
အေတီ/BVJ_အောက်တိုဘာ ၃၀၊ ၂၀၂၅ အင်းစိန်ထောင်က ၂၀၂၅၊အောက်တိုဘာ ၃၀ရက်မှာပြန်လွတ်လာတဲ့ ဆရာတော်ဦးပညာဇောတကို ရန်ကုန်လေဆိပ်မှာတွေ့ရစဥ်။ မြန်မာပြည်မှာဖမ်းဆီးထောင်ချခံထားရတဲ့ အမေရိကန်နိုင်ငံသား ဆရာတော်ဦးပညာဇောတကို အာဏာသိမ်းစစ်အုပ်စုက ဒီနေ့နေ့လယ်မှာအင်းစိန်ထောင်က ပြန်လွှတ်ပေးလိုက်ပြီလို့ ဆရာတော်နဲ့နီးစပ်တဲ့ ရန်ကုန်မြို့ကနိုင်ငံရေးအကျဥ်းသားဟောင်းတွေက BVJကိုအတည်ပြုပါတယ်။ အာဏာသိမ်းစစ်အုပ်စုက ၂၀၂၄ခုနှစ် နိုဝင်ဘာ၁၃ရက်နေ့မှာ ဆရာတော်ဦးပညာဇောတကို ရန်ကုန်မြို့မှာဖမ်းဆီးခဲ့ပြီး၊ ၅၀ညပုဒ်မနဲ့ ထောင်

BVJ
Oct 311 min read


နှစ်၃၀ကျော်အတွင်း ပထမဆုံးအကြိမ်နျူကလီးယားလက်နက်စမ်းသပ်မှုပြန်လုပ်ဖို့ ဒေါ်နယ်ထရမ့်ညွှန်ကြား
အေတီ/BVJ_အောက်တိုဘာ ၃၀၊ ၂၀၂၅ ရုရှားနဲ့တရုတ်တို့လို အခြားနိုင်ငံတွေနဲ့ရင်ပေါင်တန်းနိုင်ရေးအတွက် နျူကလီးယားလက်နက်စမ်းသပ်တာတွေပြန်လုပ်ဖို့ အမေရိကန်စစ်တပ်ကို ညွှန်ကြားထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကပြောပါတယ်။ “အခြားနိုင်ငံတွေကလဲ စမ်းသပ်နေကြတာဆိုတော့ တန်းတူရည်တူဖြစ်သွားအောင် နျူကလီးယားလက်နက်စမ်းသပ်မှုတွေပြန်လုပ်ဖို့ စစ်ဘက်ကလူတွေကို ညွှန်ကြားထားပါတယ်”လို့ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ တောင်ကိုရီးယားမှာမတွေ့ဆုံခင်ချိန်လေးမှာ သူ့ရဲ့ လူမှုကွန်ယက်အကောင့်ကနေ တဆင့်ပြောကြားခဲ့ပါတယ်။ အ

BVJ
Oct 311 min read


၁၃နှစ်မိန်းကလေးကိုအဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တဲ့သူကို NUGရဲချုပ်ဦးဆောင်ပြီး စစ်ဆေးနေ
မိုနာ/BVJ_အောက်တိုဘာ ၃၁၊ ၂၀၂၅ သက်ငယ်မုဒိမ်းမှုနဲ့လူသတ်မှုကျူးလွန်သူကိုသေဒဏ်ပေးဖို့ ဒေသခံများက အောက်တိုဘာ ၂၆ရက်က ဆန္ဒပြတောင်းဆိုနေပုံ။ (ဓါတ်ပုံ-ယောအလင်းတန်း) မကွေးတိုင်း၊ဆောမြို့မှာ ၁၃နှစ်အရွယ်မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်မှု ကျူးလွန်သူ မင်းမင်းစိုးကို ထိရောက်တဲ့အရေးယူမှုပြုလုပ်နိုင်ရေး အမှုစစ်လုပ်ငန်းတွေဆောင်ရွက်နေပြီလို့ ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးလာပါတယ်။ လက်ရှိမှာ ကျူးလွန်သူမင်းမင်းစိုးကို NUGပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဌာနက ရဲချုပ်ဦးဆောင်က

BVJ
Oct 311 min read


မွေးဖွားအခြေတည်ရာဒေသတွေကို ဆက်ကာကွယ်မယ်လို့ မိုးကုတ်တိုက်ပွဲဝင်တပ်ဖွဲ့တွေ ကြေညာ
မိုနာ/BVJ_အောက်တိုဘာ ၃၀၊ ၂၀၂၅ တအာင်းတပ်မတော်-TNLAက အာဏာသိမ်းစစ်တပ်နဲ့အပစ်ရပ်လက်မှတ်ထိုးလိုက်တာကြောင့် မိုးကုတ်၊မိုးမိတ်ကနေဆုတ်ခွာတော့မယ်လို့ မနေ့ကကြေညာပြီးတဲ့နောက်မှာ PDFတပ်ရင်း၊တပ်ဖွဲ့တွေကလည်း မွေးဖွားအခြေတည်ရာဒေသတွေကိုကာကွယ်ပြီး ဆက်လက်တိုက်ပွဲဝင်မယ်လို့ ထုတ်ပြန်လာကြပါတယ်။ ဘယ်လောက်ပင်ကြီးမားတဲ့ အခက်အခဲအတားအဆီးတွေရှိနေစေကာမူ ဘုံရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲတွေကို ဆထက်ထမ်းပိုးဆက်လက်ဖော်ဆောင်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က မနေ့က

BVJ
Oct 301 min read


ချင်းပြည်သူတွေမဲမပေးကြဖို့ ချင်းပြည်ကောင်စီတိုက်တွန်း
ယူဂရင်း/BVJ_အောက်တိုဘာ ၃၀၊ ၂၀၂၅ ချင်းပြည်သူတွေအနေနဲ့ စစ်အုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်ခြင်းမပြုကြဖို့နဲ့ မဲမပေးကြဖို့ကို ချင်းပြည်ကောင်စီက မနေ့က အောက်တိုဘာ ၂၉ရက်မှာ ထုတ်ပြန်ချက်ထုတ်တိုက်တွန်းလိုက်ပါတယ်။ အတင်းအဓမ္မဆန္ဒမဲပေးဖို့စေခိုင်းခြင်းအပေါ်မှာ မိမိရဲ့ကိုယ်ပိုင်လွပ်လပ်ခွင့်နဲ့ ရွေးချယ်ခွင့်ကို ကျင့်သုံးပြီး မဲမပေးကြဖို့ကိုတိုက်တွန်းလာတာပါ။ ချင်းပြည်ကောင်စီရဲ့ စစ်အုပ်စုရွေးကောက်ပွဲအပေါ်ကန့်ကွက်ကြောင်းထုတ်ပြန်ချက်ထဲမှာ အတုအယောင်ရွေးကောက်ပွဲအစီအစဉ်အားလုံးနဲ

BVJ
Oct 301 min read


ဒါရိုက်တာမိုက်တီးအပါအဝင် အနုပညာရှင်သုံးဦး ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားမှုနဲ့ ဖမ်းဆီးခံရ
အီးကေ/BVJ_အောက်တိုဘာ ၂၉၊ ၂၀၂၅ ဒါရိုက်တာ မိုက်တီး(ခ)သန်းထွန်းဇော်၊ သရုပ်ဆောင် ကျော်ဝင်းထွဋ်(ခ)ကျော်မင်းထွဋ်နဲ့ ဟာသသရုပ်ဆောင် အုန်းဒိုင်း(ခ)ဇော်မြင့်တို့ကို ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေနဲ့ အာဏာသိမ်းစစ်အုပ်စုက မနေ့ကဖမ်းဆီးခဲ့ပါတယ်။ ခေတ်သမိုင်းကိုဒုန်းစိုင်းမည့်သူများ ရုပ်ရှင်မှာပါဝင်တဲ့သရုပ်ဆောင်တွေကိုဝေဖန်ရေးသားမှုနဲ့ ဒါရိုက်တာမိုက်တီးတို့သုံးဦးကို ဖမ်းဆီးခဲ့တာပါ။ ဒါရိုက်တာမိုက်တီးဟာ ၂၀၂၁ခုနှစ်အာဏာသိမ်းပြီးနောက်ပိ

BVJ
Oct 301 min read


ဒေါ်နယ်ထရမ့်နဲ့ ရှီကျင့်ဖျင်ကြား သဘောတူညီချက်တစ်ခုခု ရယူနိုင်မလား
အေတီ/BVJ- အောက်တိုဘာ ၂၉၊ ၂၀၂၅ အေပက်ထိပ်သီးဆွေးနွေးပွဲမှာ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့တွေ့ဆုံတဲ့အချိန်မှာ ကောင်းမွန်တဲ့ကုန်သွယ်ရေး သဘောတူညီချက်တွေ ရယူနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း တောင်ကိုရီးယားမှာရောက်နေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ရှေးဟောင်းမြို့တော် ဂျောင်ဂျူးမြို့မှာပြုလုပ်နေတဲ့ အာရှပစိဖိတ်ပူးပေါင်းဆောင်ရွက်ရေး အေပက်ထိပ်သီးဆွေးနွေးနွေးပွဲကမိန့်ခွန်းထဲမှာ ဒေါ်နယ်ထရမ့်ကပြောကြားခဲ့တာဖြစ်ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ဂျောင်ဂျူး

BVJ
Oct 301 min read


စစ်တပ်နဲ့TNLA အပစ်ရပ်လက်မှတ်ထိုး
မိုးကုတ်နဲ့မိုးမိတ်ကနေ TNLAပြန်ဆုတ်ပြီး ဒီနေ့မနက်ကစတင်အပစ်ရပ် မိုနာ/BVJ_အောက်တိုဘာ ၂၉၊ ၂၀၂၅ တအာင်းတပ်မတော်-PSLF/TNLAနဲ့ စစ်တပ်ကိုယ်စားလှယ်အဖွဲ့တို့ မနေ့က အောက်တိုဘာ ၂၇-၂၈ရက်မှာ တရုတ်နိုင်ငံ၊ ကူမင်းမှာတွေ့ဆုံပြီး အပစ်အခတ်ရပ်စဲရေးသဘောတူလက်မှတ်ထိုးလိုက်ပြီလို့ TNLAက ဒီနေ့ အောက်တိုဘာ ၂၉ရက် နေ့လယ်မှာကြေညာပါတယ်။ အခုတစ်ကြိမ်ဟာ (၉)ကြိမ်မြောက်တွေ့ဆုံပွဲဖြစ်ပြီး PSLF/TNLAက ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ စစ်တပ်ဘက်က ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင်တဲ့

BVJ
Oct 291 min read


PDFနဲ့စစ်အုပ်စု တခြမ်းစီထိန်းချုပ်ထားတဲ့ ဧရာဝတီမြစ်ကူးတံတား မိုင်းခွဲဖျက်ဆီးခံရ
ယူဂရင်း/BVJ_အောက်တိုဘာ ၂၉၊ ၂၀၂၅ တံတားဖျက်ဆီးခံထားရပုံ။ စစ်ကိုင်းတိုင်း ရွှေဘို-ကျောက်မြောင်းမြို့နယ်ကနေ မန္တလေးတိုင်း စဉ့်ကူး-လက်ပံလှမြို့နယ်တွေကို ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူးတံတား(ရတနာသိင်္ခ)ဟာ ဒီနေ့ အောက်တိုဘာ ၂၉ရက်မနက်ပိုင်းမှာ မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။ တံတားဖျက်ဆီးမှုနဲ့ပတ်သက်ပြီး စစ်အုပ်စုဘက်ကတော့ TNLAနဲ့PDFတွေလုပ်တာလို့ သတင်းဖြန့်နေပြီး တော်လှန်ရေးတပ်တွေဘက်ကတော့ ဒါနဲ့ပတ်သက်ပြီးတုန့်ပြန်ထုတ်ပြန်တာမျိုးမတွေ့ရသေးပါဘူး။ မန္တလေးဒေသခံတစ်ဦးကတော့ “တံတားက ဒီမန်း

BVJ
Oct 291 min read


တိုက်ပွဲအတွင်းဦးခေါင်းကျည်ထိပြီး နေပြည်တော်တပ်ရင်းကရဲဘော်လျှပ်စီး ကျဆုံး
မိုနာ/BVJ_ အောက်တိုဘာ ၂၉၊ ၂၀၂၅ ကျဆုံးရဲဘော်လျှပ်စီး(ခ)နေဝင်းထွန်း(ဓါတ်ပုံ-တပ်ရင်း ၉၀၁) ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ကမ်းရှိ ရေလွှဲကျေးရွာနဲ့ပိန္ဒဲပင်ကျေးရွာ တိုက်ပွဲအတွင်းမှာ ရဲဘော်လျှပ်စီး(ခ)နေဝင်းထွန်းကျဆုံးသွားတယ်လို့ နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်း ၉၀၁က သိရပါတယ်။ အသက် ၂၁နှစ်အရွယ် ရဲဘော်လျှပ်စီးကျဆုံးခဲ့ပုံကို တပ်ရင်း ၉၀၁(စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့-NPT) တာဝန်ရှိသူတစ်ဦးက Burma VJကိုပြောပါတယ်။ “၂၇ရက်နေ့မနက်၊ ရေတာရှည်မြို့နယ် ပိန္နဲပင် ရေလွှဲတကြေ

BVJ
Oct 291 min read


နိုင်ငံရေးလုပ်မစားမယ့်သူကို ရွေးချယ်ဖို့ ဒေါ်စန္ဒာမင်းမဲဆွယ်
မိုနာ/BVJ_အောက်တိုဘာ ၂၉၊ ၂၀၂၅ တကယ်ဖြစ်နိုင်ချေရှိတဲ့ အရည်အချင်းရှိတဲ့ နိုင်ငံရေးကိုလုပ်မစားတဲ့လွှတ်တော်ကိုယ်စားလှယ်တွေကို မဲပေးရွေးချယ်ကြဖို့လိုအပ်တယ်လို့ စစ်အုပ်စုရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်းကပြောပါတယ်။ “ပါတီထက်လူက ပိုအရေးကြီးတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်းဟာ အရည်အချင်းရှိတဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ရမယ်။ လူကောင်းဖြစ်ရမယ်။ အရေးကြီးဆုံးကတော့ နိုင်ငံရေးကိုစီးပွားရေးနဲ့မရောထွေးဘဲနဲ့ စီးပွားရေးသမားအဖြစ်နဲ့လုပ်မစားသော...

BVJ
Oct 291 min read


သံဇလုံဂိတ်တိုက်ပွဲအတွင်း ရေနံသာစစ်ကြောင်းမှူးကျဆုံး
BVJ/ဇော်-အောက်တိုဘာ ၂၈၊ ၂၀၂၅ ကျဆုံးစစ်ကြောင်းမှူး ရဲဘော်ဆိပ်ဖြူ(ခ) ဟိန်းမင်းသူ။ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ သံဇလုံဂိတ်တိုက်ပွဲအတွင်းမှာ ရေနံသာစစ်ကြောင်းက စစ်ကြောင်းမှူး ရဲဘော်ဆိပ်ဖြူ (ခ) ဟိန်းမင်းသူကျဆုံးခဲ့ရတယ်လို့ တိုက်ပွဲအတွင်းပါဝင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကသိရပါတယ်။ မနေ့က အောက်တိုဘာ (၂၇) ရက်နေ့ မနက် ငါးနာရီခွဲမှာ ဆိပ်ဖြူမြို့နယ်၊ ဂွေးပင်ချောင်းကျေးရွာနဲ့ တောင်ငယ်လုံးကျေးရွာကြားမှာ စစ်ဆေးရေးဂိတ်ထိုင်နေတဲ့ စစ်ကောင်စီတပ်ကိုတိုက်ခိုက်ခဲ့တဲ့တိုက်ပွဲအတွင်းမှာ စ

BVJ
Oct 281 min read


စစ်အုပ်စုရွေးကောက်ပွဲဝင်ပြိုင်မယ့်ကိုယ်စားလှယ်လောင်းတွေ တရားဝင် စတင်မဲဆွယ်
မိုနာ/BVJ_အောက်တိုဘာ ၂၈၊ ၂၀၂၅ စစ်အုပ်စုရွေးကောက်ပွဲဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေအတွက် ဒီနေ့ အောက်တိုဘာ ၂၆ရက် မနက် ၆နာရီကစပြီး တရားဝင်မဲဆွယ်စည်းရုံးခွင့်စတင်ပြီဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာတနိုင်ငံလုံးအတိုင်းအတာနဲ့ဝင်ပြိုင်မယ့် ဦးကိုကိုကြီးဦးဆောင်တဲ့ပြည်သူ့ပါတီကတော့ ဒီနေ့မနက်မှာ သူတို့ပါတီလူမှုကွန်ရက်ကနေ ရွေးကောက်ပွဲကြေညာစာတမ်းကို ဖော်ပြလာတာတွေ့ရပါတယ်။ ရွေးကောက်ပွဲကြေညာစာတမ်းမှာအချက် (၃၀)ပါဝင်တာကိုတွေ့ရပြီး အဲ့ဒီထဲမှာရွေးကောက်ပွဲအလွန်ကာလမှာ ဦးစားပေးဆောင်ရွက်မယ့်အကြောင်းအရာတ

BVJ
Oct 281 min read


ပြည်ပရွှေ့ပြောင်းတဲ့လူငယ်တွေများပြားနေပေမယ့် လူဦးရေဆုလာဘ်ရရှိနေဆဲကာလဖြစ်တယ်လို့ စစ်ခေါင်းဆောင်ပြော
ယူဂရင်း/BVJ_အောက်တိုဘာ ၂၈၊ ၂၀၂၅ ပြည်သူ့စစ်မှုထမ်းအတွက် စုဆောင်းခံရသူများ(ဓါတ်ပုံ-CINCDS) တချိန်ကမွေးဖွားနှုန်းမြင့်ခဲ့တဲ့ အကျိုးဆက်ကြောင့် နိုင်ငံတွင်းကလူငယ်တွေ ပြည်ပရွှေ့ပြောင်းသွားလာမှုတွေမြင့်မားနေပေမယ့် အလုပ်လုပ်နိုင်တဲ့လူငယ်လူရွယ်ဦးရေများပြားနေဆဲဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။ "မိမိတို့နိုင်ငံ၏လူငယ်များကြားတွင် ပြည်ပရွှေ့ပြောင်းသွားလာမှုများမြင့်မားနေသော်လည်း တစ်ချိန်က မွေးနှုန်းမြင့်မားခဲ့သည့် အကျိုးဆက်ကြောင့် အလုပ်လုပ်န

BVJ
Oct 281 min read


လက်နက်ကြီးကျည်ထိပြီးကျဆုံးခဲ့တဲ့ အသက် ၁၄နှစ် ပရဟိတသမားလူငယ်လေးရဲ့ စျာပန ကျင်းပ
အေတီ/BVJ_အောက်တိုဘာ ၂၇၊ ၂၀၂၅ အောက်တိုဘာ၂၆ရက်နေ့က လက်နက်ကြီးကျည်ထိမှန်ပြီးကျဆုံးခဲ့တဲ့ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းအဖွဲ့က အသက်၁၄နှစ်အရွယ် ပရဟိတသမားလူငယ်လေး မောင်ဌေးအောင်(ခ)ကိုလတ်ရဲ့ စျာပနကို ဒီနေ့ ကျင်းပခဲ့ပါတယ်။ အောက်တိုဘာ ၂၇ရက်နေ့မှာကျင်းပခဲ့တဲ့စျာပနကို ကိုလတ်ရဲ့မိဘဆွေမျိုးတွေ၊ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း အဖွဲ့သားတွေနဲ့အတူ ပုဏ္ဏားကျွန်းမြို့သားပရဟိတလူငယ်အဖွဲ့ကလည်း လိုက်ပါပို့ဆောင်ကြတာတွေ့ရပါတယ်။ ပရဟိတသမားလေး ကိုလတ်သေဆုံးရတဲ့အကြောင်းရင်းဟာ...

BVJ
Oct 281 min read
bottom of page



