top of page

တစညပါတီ ပုလောမြို့နယ်ဥက္ကဌကို PDFပစ်ခတ်ရှင်းလင်း၊

  • Writer: BVJ
    BVJ
  • 4 days ago
  • 1 min read
  • မဲစာရင်းပြုစုနေသူ ကျေးရွာအုပ်ချုပ်ရေးမှူးလက်ထောက် အမျိုးသမီးလည်း ဖမ်းဆီးထား

မိုနာ/BVJ_ဒီဇင်ဘာ ၈၊ ၂၀၂၅

ကျောက္ကာရွာ ပျူစောထီးစခန်းကို ၂၀၂၅၊ ဇွန် ၂၇ရက်က KNDO၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းနဲ့ပူးပေါင်းတပ်ဖွဲ့ဝင်များ တိုက်ခိုက်ပြီးနောက် မြင်တွေ့ရပုံ။
ကျောက္ကာရွာ ပျူစောထီးစခန်းကို ၂၀၂၅၊ ဇွန် ၂၇ရက်က KNDO၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းနဲ့ပူးပေါင်းတပ်ဖွဲ့ဝင်များ တိုက်ခိုက်ပြီးနောက် မြင်တွေ့ရပုံ။

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာမှာနေထိုင်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ပုလောမြို့နယ်ဥက္ကဌကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက သိရပါတယ်။


တစညပါတီ ပုလောမြို့နယ်ဥက္ကဌဦးကြည်သန်း(၆၄ နှစ်)ဟာ စစ်အုပ်စုရဲ့ရွေးကောက်ပွဲအောင်မြင်ရေးအတွက် ဦးဆောင်ပါဝင်ကူညီနေသူဖြစ်တာကြောင့် အခု ဒီဇင်ဘာ ၅ရက်နေ့က နေအိမ်မှာဝင်ရောက်ဖမ်းဆီးချိန်မှာ ပြန်လည်ပစ်ခတ်ဖို့ကြိုးစားတဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။


“နေအိမ်မှာသွားရောက်ဖမ်းဆီးစဉ် အသာတကြည်အဖမ်းမခံဘဲ ထွက်ပြေးဖို့ကြိုးစားပါတယ်။ လိုက်လံ ဖမ်းဆီးတဲ့ ရဲဘော်ကိုပြန်ခုခံရင်း လက်နက်လုယူပြီးပြန်လည်ပစ်ခတ်ဖို့ ကြိုးစားတဲ့အတွက် မိမိကိုယ်ကို ကာကွယ်ဖို့အတွက် ပစ်ခတ်ရှင်းလင်းလိုက်ရတာပါ။ ပြီးတော့ သူကရဲဝန်ထမ်းဟောင်းလည်းဖြစ်ပါတယ်”လို့ Burma VJကိုပြောပါတယ်။

အဲဒီပစ်ခတ်မှုအတွင်းမှာ ပြည်သူအမျိုးသားတစ်ဦးလည်း လက်သန်းကိုကျည်ထိမှန်ခဲ့တာကြောင့် အဲ့ဒီထိခိုက်မှုအပေါ်စိတ်မကောင်းဖြစ်မိကြောင်းနဲ့ ကာယကံရှင်နဲ့မိသားစုကိုတောင်းပန်ကြောင်းလည်း တပ်ရင်းက အခု ဒီဇင်ဘာ ၆ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။


ဒါ့အပြင် စစ်အုပ်စုရဲ့ရွေးကောက်ပွဲလုပ်ငန်းတွေကို ထောက်ပံ့ကူညီနေသူ ကျောက္ကာကျေးရွာအုပ်ချုပ်ရေးမှူး ဒေါ်ပင့်ယော့(ခ)ဒေါ်စန်းစန်းမူရဲ့လက်ထောက် မချိုဆိုသူကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင့် မချိုဟာ မဲစာရင်းပြုစုရေးလုပ်ကိုင်နေသူလို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။


အာဏာသိမ်းစစ်အုပ်စုကပြုလုပ်မယ့်ရွေးကောက်ပွဲမှာ လူပုဂ္ဂိုလ်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ လူမှုအဖွဲ့အစည်းတွေအနေနဲ့ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းအနေနဲ့သော်လည်းကောင်း မဲဆွယ်စည်းရုံးခြင်း၊ အတင်းအကြပ်မဲပေးဖို့ ခြိမ်းခြောက်ခြင်းနဲ့ ရွေးကောက်မှာပေါ်ပေါက်လာမယ့် ဘယ်အစိုးရ ယန္တရားကိုမှပါဝင်ပတ်သက်ခြင်းမပြုဖို့ဆိုပြီး မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page