ကျောက်ဖြူ၊ငလုံးစုရွာကို စစ်အုပ်စုဗုံးထပ်ကြဲတာကြောင့် စစ်ဘေးဒုက္ခသည် ၈ ဦးထက်မနည်းသေဆုံး
- BVJ

- 7 hours ago
- 1 min read
BVJ/ဂျိုး_ဒီဇင်ဘာ ၁၂၊ ၂၀၂၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းက ငလုံးစုကျေးရွာကို ဒီဇင်ဘာလ ၁၁ ရက် မနေ့က ညနေပိုင်းမှာ စစ်အုပ်စုလေကြောင်းဗုံးကြဲခဲ့တာကြောင့် အရပ်သား ၈ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောကြပါတယ်။
စစ်အုပ်စုဗုံးကြဲမှုကြောင့် သေဆုံးသွားသူတွေဟာ ကျောက်ဖြူမြို့အနီးအနားကျေးရွာတွေကနေ ငလုံးစုကျေးရွာမှာ လာရောက်နေထိုင်ကြတဲ့ စစ်ဘေးဒုက္ခသည်တွေဖြစ်တယ်လို့လည်းဒေသခံတွေ ကပြောပါတယ်။
လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာရရှိသူတွေအခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်မသိရသေးတာကြောင့် Burma VJကထပ်မံစုံစမ်းနေဆဲဖြစ်ပါတယ်။
လက်ရှိဗုံးကြဲခံရတဲ့ ငလုံးစုကျေးရွာဟာ ကျောက်ဖြူမြို့နဲ့ မိုင် ၂၀လောက်အကွာ ကျောက်ဖြူ-ရန်ကုန် ကားလမ်းရဲ့ညာဘက်မှာတည်ရှိတဲ့ ကျေးရွာတွေထဲကတခုဖြစ်ပါတယ်။ ကျေးရွာအနီးအနားမှာတိုက်ပွဲ တစုံတရာဖြစ်ပွားတာမရှိဘဲနဲ့ စစ်အုပ်စုက ရည်ရွည်ချက်ရှိရှိအရပ်သားတွေကိုဦးတည်ပြီးတော့ လေကြောင်းဗုံးကြဲခဲ့တာဖြစ်တယ်လို့ ကျောက်ဖြူဒေသခံတွေ ကပြောဆိုကြပါတယ်။
စစ်အုပ်စုဟာ အခု ဒီဇင်ဘာ ၁၀ရက်ညမှာလည်း မြောက်ဦးမြို့နယ်ပြည်သူ့ဆေးရုံကို လေကြောင်းကနေ ပေါင်၅၀၀ဗုံးနှစ်လုံးကြဲချခဲ့တာကြောင့် ကလေးငယ်တွေနဲ့ကိုယ်ဝန်ဆောင်တွေအပါအဝင် သေဆုံးသူ ၃၃ ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၇၀ကျော်ရှိခဲ့ပါတယ်။ အဲ့ဒီနောက် နောက်ရက်မှာ ကျောက်ဖြူကိုဗုံးထပ်ကြဲတာဖြစ်ပါတယ်။







Comments