top of page

အသက် ၁၆ နှစ်အောက်တွေကို ဆိုရှယ်မီဒီယာအသုံးပြုခွင့်ပိတ်ပင်တဲ့ဥပဒေပြဌာန်းချက် သြစတြေးလျမှာစတင်အသက်ဝင်

  • Writer: BVJ
    BVJ
  • 4 days ago
  • 1 min read

​အေတီ/BVJ_ ဒီဇင်ဘာ ၉၊ ၂၀၂၅

ree

သြစတြေးလျနိုင်ငံက အသက်၁၆နှစ်အောက် အရွယ်တွေအားလုံး ဆိုရှယ်မီဒီယာအသုံးပြုခွင့်ပိတ်ပင်တဲ့ဥပဒေကို မနက်ဖြန် ဒီဇင်ဘာ ၁၀ ရက်နေ့ကစပြီး စတင်အသက်ဝင်မှာဖြစ်ပါတယ်။ ဆယ်ကျော်သက်တွေ ဆိုရှယ်မီဒီယာသုံးစွဲခွင့် ပိတ်ပင်တဲ့ဥပဒေပဒေကို သြစတြေးလျနိုင်ငံက ကမ္ဘာပေါ် မှာ ပထမဆုံးပြဌာန်းလိုက်တာပါ။


"သြစတြေးလျဝန်ကြီးချုပ်ဖြစ်ရတာ ဂုဏ်ယူတယ်" လို့ ကမ္ဘာ့ပထမဆုံး နိုင်ငံအဖြစ် အသက် ၁၆ နှစ်အောက်လူငယ်တွေ လူမှုမီဒီယာအကောင့်တွေပိတ်ပင်လိုက်ကြောင်းအတည်ပြုပြီးနောက် သြစတြေးလျဝန်ကြီးချုပ် Anthony Albanese က ပြောကြားခဲ့ပါတယ်။


ဥပဒေသစ် ပြဋ္ဌာန်းချက်အရ Instagram၊ Facebook၊ Threads၊ X၊ Snapchat၊ Kick၊ Twitch၊ TikTok၊ Reddit နဲ့ YouTube တို့ကို ဆယ်ကျော်သက်ကလေးတွေသုံးစွဲခွင့်မရှိတော့ပါဘူး။ တားမြစ်ချက်ကိုချိုးဖောက်ရင် မိဘတွေနဲ့ကလေးတွေ လက်တွေ့အပြစ်ပေးခံရမှာမဟုတ်ပေမယ့် ဆိုရှယ်မီဒီယာကုမ္ပဏီတွေက ဒဏ်ငွေ သြစတြေးလျဒေါ်လာ ၄၉.၅ သန်း (အမေရိကန်ဒေါ်လာ ၃၂ သန်း၊ ပေါင် ၂၅ သန်း)အထိ ပေးဆောင်ရမှာဖြစ်ပါတယ်။


အန္တရာယ်ကျရောက်နိုင်တဲ့အကြောင်းအရာတွေကနေ လူငယ်တွေကိုကာကွယ်ဖို့ရည်ရွယ်တာလို့ သြစတြေးလျအစိုးရကပြောပေမယ့် ဝေဖန်သူတွေဘက်ကတော့ ဒါဟာအားနည်းတဲ့ဆယ်ကျော်သက်တွေကိုအထီးကျန်စေပြီး ကလေးတွေကို အင်တာနက်ရဲ့စည်းမျဉ်းမဲ့ဘောင်တွေထဲရောက်သွားအောင် တွန်းပို့သလိုဖြစ်သွားနိုင်တယ်လို့ အကြံပြုကြပါတယ်။

ree

သြစတြေးလျက ၁၆နှစ်အောက်အရွယ်တွေက ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်း အသက်အာမခံစစ်ဆေးမှုတွေ၊ ဖုန်းနံပါတ်တွေလဲလှယ်တာနဲ့သူတို့ရဲ့အကောင့်တွေကိုပိတ်ပစ်ဖို့ ပြင်ဆင်တာတွေလုပ်ဆောင်ခဲ့ကြပါတယ်။


ယူကေအပါအဝင် တခြားနိုင်ငံတွေကလည်း သြစတြေးလျနိုင်ငံမှာ ၁၆နှစ်အောက်တွေကို ဆိုရှယ်မီဒီယာအသုံးပြုခွင့်ပိတ်ပင်တဲ့ လက်တွေ့အကျိုးသက်ရောက်မှုကို စောင့်ကြည့်နေကြပြီး၊ ဒီဥပဒေပြဌာန်းတာအ‌ပေါ် အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာ ဘယ်လိုဆုံးဖြတ်မလဲဆိုတာအပေါ်မှာတော့ မရှင်းလင်းဘုးလို့ သြစတြေးလျအခြေစိုက် သတင်းထောက်တယောက်က‌ရေးထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page