top of page

စိစစ်ရွေးချယ်ရေးကော်မတီကဆိုင်းငံ့လိုက်တဲ့အတွက် သံအမတ်ကြီးဦးကျော်မိုးထွန်း မြန်မာကိုယ်စားလှယ်အဖြစ် ကုလသမဂ္ဂမှာဆက်ရှိနေမယ်

  • Writer: BVJ
    BVJ
  • 6 days ago
  • 1 min read

အေတီ/BVJ_ နိုဝင်ဘာ ၆၊ ၂၀၂၅

ree

မြန်မာနိုင်ငံအတွက်ကိုယ်စားပြုမယ့် ကိုယ်စားလှယ်ရွေးချယ်ဆုံးဖြတ်မယ့်အစီအစဉ်ကို ကုလသမဂ္ဂစိစစ်ရွေးချယ်ရေးကော်မတီ (Credentials Committee)ကဆိုင်းငံ့လိုက်တဲ့အတွက် သံအမတ်ကြီးဦးကျော်မိုးထွန်းဟာ မြန်မာကိုယ်စားလှယ်အဖြစ် ဆက်ရှိနေဦးမှာဖြစ်ပါတယ်။


အမေရိကန်နိုင်ငံ၊နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်က မြန်မာနိုင်ငံအတွက်ကိုယ်စားပြုမယ့် ကိုယ်စားလှယ်ရွေးချယ်မယ့်အစီအစဥ်ကို စိစစ်ရွေးချယ်ရေးကော်မီ ခရစ်ဒန်ရှယ်ကော်မတီ (Credentials Committee) မလုပ်သေးဘဲ အထွေထွေညီလာခံကိုပြန်လွှဲပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။


ဒီဆုံးဖြတ်ချက်ကို မဲမခွဲဘဲအတည်ပြုပေးလိုက်ပြီဖြစ်ကြောင်း Credential Committe ဥက္ကဌ ဆီနီဂေါနိုင်ငံသံအမတ်ကြီး Coly Seck ကောလီဆက်ခ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။


ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုကိုယ်စားပြုဖို့ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းအပြင် မြန်မာစစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ကိုယ်စားလှယ်တစ်ဦးကိုတင်သွင်းအဆိုပြုထားတာကြောင့် Credential Committeeအနေနဲ့ ဘယ်သူ့ကိုရွေးချယ်မလဲဆိုတာ အဆုံးအဖြတ်ပေးရမှာဖြစ်ပါတယ်။


မြန်မာနိုင်ငံနည်းတူ တာလီဘန်တွေအုပ်ချုပ်နေတဲ့ အာဖဂန်နစ္စတန်နိုင်ငံက ကုလသမဂ္ဂမှာကိုယ်စားပြုမယ့် ရွေးချယ်မယ့်ကိစ္စကိုလည်း ဆိုင်းငံ့ထားလိုက်တာကြောင့် အာဖဂန်ကိုယ်စားလှယ်ရွေးချယ်မှုကလည်း အရင်အတိုင်းပဲဆက်ရှိနေဦးမှာပါ။


အာဏာသိမ်းစစ်ကောင်စီက ၂၀၂၁ကနေ ၂၀၂၄ခုနှစ်အထိ လေးနှစ်ဆက်တိုက် နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်ရုံးမှာ မြန်မာနိုင်ငံကိုယ်စားပြုခွင့်ရဖို့ ကြိုးစားခဲ့ပေမယ့် Credentials Committee ခရစ်ဒန်ရှယ်ကော်မတီက ဒေါ်အောင်ဆန်းစုကြည် အရပ်သားအစိုးရလက်ထက်ကတည်းက ခန့်အပ်တာဝန်ပေးထားတဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကိုပဲ တောက်လျှောက်လက်ခံ အတည်ပြုခဲ့ပါတယ် ။


မြန်မာကိုယ်စားလှယ်ရွေးမယ့်ကိစ္စ ဆိုင်းငံ့လိုက်တာနဲ့ပတ်သက်ပြီး NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း သံအမတ်ကြီးဦးကျော်မိုးထွန်း အတွက်ဂုဏ်ယူကြောင်း ဆိုရှယ်မီဒီယာမှာရေးထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page