မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်ရဲ့ ယူကေခရီးစဥ်
- BVJ

- 5 days ago
- 1 min read
အေတီ/BVJ_ ဒီဇင်ဘာ ၅၊ ၂၀၂၅

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ် လေးရက်တာခရီးစဥ်အဖြစ် ယူကေနိုင်ငံလာရောက်ဖို့စီစဥ်ထားကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ဒီနေ့ထုတ်ပြန်ပါတယ်။
၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၈ရက်နေ့က ၁၁ရက်အထိ တွမ်အင်ဒရူးရဲ့ယူကေနိုင်ငံ ခရီးစဥ်အတွင်းမှာ မြောက်အိုင်ယာလန်နိုင်ငံကိုလည်းသွားရောက်ဖို့ အစီစဥ်ရှိတယ်လို့သိရပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေးကျပ်အတည်း၊ မြန်မာနိုင်ငံသားတွေအတွက် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှုတွေ ယူကေအစိုးရအနေနဲ့လုပ်ပေးနိုင်တဲ့နည်းလမ်းတွေ၊ မြန်မာ့အရေးကို နိုင်ငံတကာကပိုအာရုံစိုက်လာအောင်လုပ်ဖို့ကိစ္စတွေ အဓိကထားဆွေးနွေးသွားမှာဖြစ်ပါတယ်။
ယူကေအစိုးရကိုယ်စားလှယ်တွေနဲ့တွေ့ဆုံမှုအပြင် လွှတ်တော်အမတ်တွေနဲ့လည်းတွေ့ဆုံဖို့ရှိပြီး ပညာရှင်တွေ၊ ကျောင်းသားတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ ပြည်ပရောက်မြန်မာနိုင်ငံသားတွေနဲ့လည်း ဆွေးနွေးမှုတွေပြုလုပ်ဖို့စီစဥ်ထားပါတယ်။







Comments