top of page

ရန်ကုန်၊ မန္တလေး၊မုံရွာ၊ဆားလင်းကြီး အသံတိတ်သပိတ်မြင်ကွင်း

  • Writer: BVJ
    BVJ
  • 2 days ago
  • 1 min read

BVJ_ဒီဇင်ဘာ ၁၀၊ ၂၀၂၅

ရန်ကုန်
ရန်ကုန်

အာဏာသိမ်းစစ်အုပ်စုကကျင်းပမယ့်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်းပြသတဲ့အနေနဲ့ ဒီနေ့ ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးနေ့မှာပြုလုပ်တဲ့ ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့နဲ့ဆားလင်းကြီးမြို့နယ်တို့က အသံတိတ်သပိတ်မြင်ကွင်းဖြစ်ပါတယ်။

မန္တလေး
မန္တလေး
မုံရွာ
မုံရွာ

ဒီနေ့ သပိတ်မှာတောင်းဆိုထားတဲ့ သုံးချက်ကတော့ (၁) - အဓမ္မ ဖမ်းဆီးအကျဉ်းကျခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့နဲ့အကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရေး၊ (၂) - စစ်အုပ်စုကထွက်ပေါက်အဖြစ်ပြင်ဆင်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကို လူထုတရပ်လုံးက ပြတ်ပြတ်သားသား ဆန့်ကျင်သပိတ်မှောက်ရေး၊ (၃) - စစ်အုပ်စုပြဌာန်းထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လူငယ်လူရွယ်တွေကိုဖမ်းဆီး၊ ရှေ့တန်းပို့နေတဲ့ အဲ့ဒီစစ်မှုထမ်းဥပဒေကိုလုံးဝဖျက်သိမ်းရေးတို့ ဖြစ်ပါတယ်။

ဆားလင်းကြီး
ဆားလင်းကြီး

ဒီနေ့မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့အသံတိတ်သပိတ်လုပ်ကြဖို့ သပိတ်ခေါင်းဆောင်တွေနဲ့တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနှိုးဆော်ထားကြတာကြောင့် စစ်အုပ်စုဘက်လည်း ရန်ကုန်၊မန္တလေးအပါအဝင် မြို့ကြီးတွေမှာ အရင်ကထက်လုံခြုံရေးတင်းကြပ်ထားပါတယ်။


ဓါတ်ပုံ- GSCB၊မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ

BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page