ရွေးကောက်ပွဲနှောက်ယှက်မှုနဲ့ ဒေါက်တာတေဇာဆန်းတို့ ၁၀ ယောက်ကို အမှုဖွင့်
- BVJ

- 4 days ago
- 1 min read
ယူဂရင်း/BVJ_ဒီဇင်ဘာ ၁၀၊ ၂၀၂၅

အာဏာသိမ်းစစ်ခေါင်းဆောင်ပြင်ဦးလွင်ကိုရောက်နေတာကြောင့် မန္တလေးမှာလုံခြုံရေးတင်းကြပ်ထားတဲ့အချိန်မှာ မန္တလေးစျေးချိုနားဆန္ဒပြခဲ့တဲ့ ဒေါက်တာ တေဇာဆန်း၊ ကိုနန်းလင်း၊ ကိုခန့်ဝေဖြိုး၊ ကိုထက်မြက်အောင်၊ ရွှန်းရွှန်းနဲ့ ချီချီတို့အပါအဝင် လူ ၁၀ ယောက်ကို စစ်တပ်က ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားမှု ကာကွယ်ရေးဥပဒေနဲ့ ချမ်းအေးသာစံ အမှတ် (၆) နယ်မြေရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။
ဒါ့အပြင် ဒီနေ့မှာပြုလုပ်မယ့် အသံတိတ်သပိတ်ကိုလည်း တနိုင်ငံလုံးပူးပေါင်းပါဝင်ဖို့ လှုံ့ဆော်တာတွေကြောင့် ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားမှု ကာကွယ်ရေးဥပဒေ ပုဒ်မ ၂၃ (ခ) နဲ့ အမှုဖွင့်ထားပြီလို့ စစ်အုပ်စုက ဒီနေ့ ဒီဇင်ဘာ ၁၀ရက်မှာကြေညာတာပါ။
စစ်အုပ်စုအခုဖွင့်ထားတဲ့ပုဒ်မဟာ ထောင်ဒဏ် ၅နှစ်ကနေ ၁၀ နှစ်အထိ ချမှတ်နိုင်ပြီး ဒေါက်တာတေဇာဆန်းတို့သတင်းပေးသူကို ငွေကျပ်သိန်းနှစ်ရာအထိ ဆုချီးမြှင့်မယ်ဆိုတဲ့သတင်းတွေလည်း မန္တလေးမြို့ခံတွေကြားထွက်ပေါ်နေအောင် စစ်အုပ်စုကသတင်းလွှင့်ထားတယ်လို့ သိရပါတယ်။
ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်း၊ကိုခန့်ဝေဖြို့တို့ဦးဆောင်တဲ့ သပိတ်အဖွဲ့ဟာ မန္တလေးမြို့လယ်ခေါင် စျေးချိုနားမှာ အခုလ ၄ရက်ကဆန္ဒပြခဲ့ကြောင်း ကြေညာခဲ့ပါတယ်။







Comments