အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့ ရန်ကုန်မြို့လယ်ကလှုပ်ရှားမှု
- BVJ

- 5 days ago
- 1 min read
BVJ_ဒီဇင်ဘာ ၉၊ ၂၀၂၅

အာဏာသိမ်းစစ်အုပ်စုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းလှုပ်ရှားမှုနဲ့အတူ ပြည်သူတွေအနေနဲ့ မနက်ဖြန် ဒီဇင်ဘာလ ၁၀ရက်နေ့ Silent Strike မှာပူပေါင်းပါဝင်ကြဖို့ဆိုပြီး ရန်ကုန်လူထုသပိတ်က ဒီနေ့ ဒီဇင်ဘာ ၉ရက်မှာ ရန်ကုန်၊ဆူးလေ လူကူးကုန်းတံတားနားမှာ အသိပေးနှိုးဆော်မှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီလှုပ်ရှားမှုကို ရန်ကုန်သပိတ်ကရဲဘော်တွေက ပြုလုပ်တာဖြစ်ပြီး အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း ဆန့်ကျင်ခြင်း၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ 'အသံတိတ်' သပိတ်မှာ ပြည်သူလူထုတရပ်လုံးအတူတကွ ပူပေါင်းပါဝင်ကြဖို့အသိပေးနှိုးဆော်ခြင်း၊ လူထုလွတ်မြောက်ရေးအတွက် လူထုကိုယ်တိုင်ရုန်းကန်ရမှာဖြစ်ကြောင်းနဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့အဲ့ဒီအလွန်ကာလမှာလည်း လူထုရဲ့ 'ပုန်ကန်အံတု'မှုရှိမှသာ လွတ်မြောက်မှုအစစ်ကိုရနိုင်မှာဖြစ်ကြောင်းတို့ကို အသိပေးလှုံ့ဆော်တာဖြစ်တယ်လို့ ရန်ကုန်လူထုသပိတ်က ထုတ်ပြန်ထားပါတယ်။

“ဓာတ်ပုံထဲမှ “အမှိုက်ပုံး”သည် အတုအယောင်ရွေးကောက်ပွဲ၏ “မဲပုံး”များကို ရည်ရွယ်ခြင်းဖြစ်သည်။ အကြမ်းဖက် စစ်တပ်မှ ကျင်းပပြုလုပ်မည့် “ရွေးကောက်ပွဲ မဲပုံး”များတွင် ပြည်သူလူထု၏ ထောက်ခံမှုမရှိသော အတုအယောင်ရွေးကောက်ပွဲဝင် ပြည်သူ့ချဉ်ဖက်ကိုယ်စားလှယ်လောင်းများ(သို့) သုံးစားမရသောပြည်ဖျက်အမှိုက်များသာ စုပုံစွန့်ပစ်ခံထားရမည့် “အမှိုက်ပုံး”များဟုပင် မှတ်ယူမည်ဖြစ်ကြောင်း ရန်ကုန်လူထုသပိတ်၏သဘောထားအား ပြည်သူ့ဆန္ဒနှင့်အညီ ထုတ်ပြန်ကြေငြာမှုပြုအပ်ပါသည်”လို့ ရန်ကုန်လူထုသပိတ်က ပြောထားပါတယ်။
ပုံစာ-ရန်ကုန်၊ဆူးလေမှာပြုလုပ်တဲ့ လှုပ်ရှားမှု(ဓါတ်ပုံ-ရန်ကုန်လူထုသပိတ်)







Comments