မြောက်ဦး ပြည်သူ့ဆေးရုံဗုံးကြဲခံရမှုအတွင်း အမျိုးသမီး ၁၇ယောက်အပါအဝင် ၃၀ ကျော်အထိ သေဆုံးမှုရှိလာ
- BVJ

- 3 days ago
- 1 min read
ယူဂရင်း/BVJ_ဒီဇင်ဘာ ၁၁၊ ၂၀၂၅

မနေ့က အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၀ရက်နေ့ ည၉နာရီကျော်အချိန်မှာ ရခိုင်ပြည်နယ်၊မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကြီးကို စစ်အုပ်စုကဂျက်ဖိုက်တာနဲ့ဗုံးကြဲခဲ့တာကြောင့် သေဆုံးသူ ၃၀ကျော်အထိရှိခဲ့တယ်လို့ ရခိုင်ဒေသခံတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။
ရခိုင်ဒေသတွင်းအခြေအနေတွေကိုဖော်ပြနေတဲ့ အာရက္ခမင်းသမီးမီဒီယာမှာတော့ သေဆုံးသူ ၃၃ယောက်ထဲမှာ အမျိုးသမီး ၁၇ယောက်နဲ့ အမျိုးသား ၁၆ယောက်ပါဝင်ပြီး ပြင်းထန်ဒဏ်ရာရရှိထားတဲ့သူ ၂၇ယောက်ရှိတယ်လို့ ဖော်ပြပါတယ်။

စစ်အုပ်စုဟာ အရပ်သားပြည်သူတွေဆေးကုသမှုခံယူနေတဲ့ ဆေးရုံကြီးကို ပေါင်၅၀၀ ဗုံးနှစ်လုံးနဲ့ကြဲချသွားတာဖြစ်ပါတယ်။
ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးကို အာရက္ခတပ်တော်-AAက ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်အတွင်းမှာ သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပြီး စစ်အုပ်စုက လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊ လေကြောင်းဗုံးကြဲတာတွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်။







Comments