top of page


မြောက်ဦးနဲ့ကျောက်ဖြူက ဗုံးဒဏ်သင့်လူနာတွေ ဆေးကုသဖို့ခက်ခဲနေ
BVJ/ဂျိုး၊ ဒီဇင်ဘာ ၁၈၊ ၂၀၂၅ ပုံစာ- ဒီဇင်ဘာလ ၁၀ရက်နေ့က စစ်အုပ်စုဗုံးကြဲခဲ့တဲ့ မြောက်ဦးဆေးရုံ(ဓာတ်ပုံ-ဝေဟင်အောင်) ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်နဲ့ကျောက်ဖြူမြို့နယ်တွေကို စစ်အုပ်စုလေကြောင်း ဗုံးကြဲမှုအတွင်း ထိခိုက်ဒဏ်ရာရရှိထားတဲ့ အရပ်သားပြည်သူ ၉၀ ကျော်လောက်ဟာ လက်ရှိမှာဆေးဝါးကုသမှုခံယူဖို့ အခက်အခဲတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လူအစုံလိုက်အပြုံလိုက်သေဆုံးခဲ့ရတဲ့ မြောက်ဦးဆေးရုံဗုံးကြဲခံရမှုအတွင်း ထိခိုက်ဒဏ်ရာရရှိသွားသူ ၈၀ နီးပါးရှိသလို ဆေးရုံအတွင်းကဆေးဝါးနဲ့ဆေးကုသတဲ့နေရာမှာ

BVJ
Dec 18, 20251 min read


ရေဦး၊ တမာတောတိုက်နယ်ဆေးရုံကို စစ်အုပ်စုဗုံးကြဲ
BVJ/ဒီဇင်ဘာ ၁၈၊ ၂၀၂၅ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် တမာတောကျေးရွာတိုက်နယ်ဆေးရုံကို မနေ့က ည ၁၀နာရီကျော်လောက်မှာ စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အခုလို လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သားသေဆုံးဒဏ်ရာရတာမရှိပေမယ့် ဆေးရုံတခုလုံးပျက်စီးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ရေဦး)ကဒီကနေ့မှာထုတ်ပြန်ထားပါတယ်။ လက်ရှိဗုံးကြဲခံရတဲ့ တမာတောကျေးရွာစစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတစုံတရာဖြစ်ပွားတာမရှိဘဲနဲ့ အခုလိုလာရောက်ဗုံးကြဲသွားတာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရ

BVJ
Dec 18, 20251 min read


လမ်းပိုင်းစစ်ဆေးရေးလုပ်နေချိန်ကျဆုံးသွားတဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး)အဖွဲ့ ဗိုလ်မှူးမိုးကြိုး စျာပန
ယူဂရင်း/BVJ_ဒီဇင်ဘာ ၁၈၊ ၂၀၂၅ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) NMSP - AD / ရာမည မွန်တပ်တော် (RMA)က ဗိုလ်မှူးမိုးကြိုးဟာ မနေ့က ဒီဇင်ဘာ ၁၆ရက် မနက်ပိုင်းမှာ တာဝန်ထမ်းဆောင်ရင်းကျဆုံးသွားတယ်လို့ သိရပါတယ်။ ဗိုလ်မှူးမိုးကြိုးဟာ တနင်္သာရီတိုင်း၊ရေဖြူမြို့နယ်လမ်းပိုင်းတနေရာမှာ စစ်ဆေးရေးလုပ်နေရင်း ကားဝင်တိုက်မိသွားတာကြောင့် ဒဏ်ရာပြင်းထန်ပြီးသေဆုံးသွားတာဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့နီးစပ်တဲ့ ဒေသခံတစ်ဦးက Burma VJကိုပြောပါတယ်။ “ငါးကားနဲ့တိုက်မိတာ ဆေးခန်းမှာကုနေရင်း...

BVJ
Dec 18, 20251 min read


နော်ဝေပါလီမန်မှာလုပ်ခဲ့တဲ့ မြန်မာ့အရေးကြားနာပွဲ
အေတီ/BVJ- ဒီဇင်ဘာ ၁၇၊ ၂၀၂၅ နော်ဝေပါလီမန် နိုင်ငံခြားရေးနဲ့ကာကွယ်ရေးကော်မတီက အဖွဲ့ဝင် (၇) ဦးနဲ့ ဒီဇင်ဘာ ၁၆ရက်နေ့က နော်ဝေပါလီမန်ထဲမှာ မြန်မာ့အရေးကြားနာမှု (Hearing)တစ်ခုပြုလုပ်ခဲ့တယ်လို့ Myanmar (CRPH) Support Group, Norwayအဖွဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်ဝတ်မှုန်ဝင်းကပြောပါတယ်။ “မြန်မာနိုင်ငံမှာစစ်အုပ်စုကကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားချင်းဆိုင်ရာအကူအညီပေးမှု အကျပ်အတည်းတွေ၊ အတုအယောင်ရွေးကောက်ပွဲနဲ့ပတ်သက်တာတွေ၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ ပြန်လွှတ်ပေးဖိ

BVJ
Dec 18, 20251 min read


မြစ်ဆုံဆည်စီမံကိန်းပြန်စတင်ဖို့ တရုတ်ကုမ္ပဏီတွေနဲ့ စစ်အုပ်စုဆွေးနွေး
BVJ/ဂျိုး_ဒီဇင်ဘာ ၁၇၊ ၂၀၂၅ ပုံစာ- မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းပြုလုပ်စီစဉ်ထားတဲ့နေရာ(ဓာတ်ပုံ - MOI) ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြောက်ဘက် ၂၇ မိုင်ခန့်အကွာ မေခမြစ်နဲ့မလိခမြစ်တို့ပေါင်းဆုံရာမှာတည်ဆောက်မယ့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ စစ်အုပ်စုနဲ့တရုတ်ကုမ္ပဏီတွေဆွေးနွေးခဲ့ကြတယ်လို့ စစ်အုပ်စုဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောပါတယ်။ “တမံတည်ဆောက်မှုဒီဇိုင်းတွင် ငလျင်ဒဏ်ခံနိုင်သည့် ဒီဇိုင်းဖြင့်တည်ဆောက်ရန် ဆွေးနွေးခဲ့က

BVJ
Dec 18, 20251 min read


စီဒီအမ်ဆရာမကြီး ဒေါ်ပန်ထွာ(ခ)ဒေါ်အေသီအောင်နဲ့အမျိုးသားကို လုပ်ကြံခဲ့တဲ့သူသုံးဦး ဖမ်းမိထားပြီ
BVJ/ဂျိုး_ဒီဇင်ဘာ ၁၇၊ ၂၀၂၅ ဒီဇင်ဘာလ ၁၆ရက်၊မနက်ပိုင်းက နေအိမ်မှာအသတ်ခံခဲ့ရတဲ့ ပညာရေး၀န်ထမ်း ဒေါ်အေသီအောင်နဲ့ခင်ပွန်းဖြစ်သူ တနင်္သာရီတိုင်းဒေသကြီး၊ပုလောမြို့နယ်၊ ဆားခဲကျေးရွာက NUG ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ စီဒီအမ်ဆရာမကြီး ဒေါ်ပန်ထွာ (ခ) ဒေါ်အေသီအောင်နဲ့ခင်ပွန်းဖြစ်သူတို့ကို လုပ်ကြံသတ်ဖြတ်ခဲ့တဲသူသုံးဦးကို ဖမ်းမိထားပြီလို့နယ်မြေခံတစ်ဦးက Burma VJကိုအတည်ပြုပါတယ်။ “နယ်မြေခံ KNDOနဲ့ PDF တပ်ဖွဲ့က လုပ်ကြံသူ၃ယောက်ကိုဖမ်းမိထားပြီလို့ ကြားတယ်ဗျ။ဖမ်းမိထားတဲ့သူတွေက အရပ်သားတွေလား

BVJ
Dec 18, 20251 min read


ဆုကြေးနဲ့ဖမ်းဝရမ်းထုတ်ဖမ်းခံထားရတဲ့ သပိတ်ခေါင်းဆောင်ကိုထက်မြတ်အောင် အသက်အန္တရာယ်စိုးရိမ်နေရ
မိုနာ/BVJ_ဒီဇင်ဘာ ၁၈၊ ၂၀၂၅ ဓါတ်ပုံ-ဖမ်းဆီးခံထားရတဲ့ သပိတ်ခေါင်းဆောင်ကိုထက်မြတ်အောင် စစ်အုပ်စုက ဖမ်းဆီးဖို့ဆုကြေးနဲ့ဖမ်းဝရမ်းထုတ်ထားတဲ့ မန္တလေးမြို့ လူထုသပိတ်လှုပ်ရှားမှုခေါင်းဆောင်ဖြစ်တဲ့ ကိုထက်မြတ်အောင်ဟာ ဖမ်းဆီးခံထားရပြီး အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ ကျောင်းသားသမဂ္ဂအဖွဲ့တွေနဲ့ သပိတ်အဖွဲ့တွေက မနေ့က ဒီဇင်ဘာ ၁၇ရက်မှာပူးတွဲထုတ်ပြန်ပါတယ်။ ကိုထက်မြတ်အောင်နဲ့ အခုလ ဒီဇင်ဘာ ၁၄ရက်ကစပြီး အဆက်အသွယ်ပြတ်တောက်သွားတာဖြစ်တယ်လို့ သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုနန်းလင်းက Burma VJကို ပြောပါတ

BVJ
Dec 18, 20251 min read


ဝက်လက်မြို့နယ်၊ဆည်တောရွာ ဗုံးကြဲခံရမှု ၄ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်
အယ်နာ/BVJ_ဒီဇင်ဘာ ၁၈၊ ၂၀၂၅ ဒီဇင်ဘာ ၁၃ ရက်ညပိုင်း ဝက်လက်မြို့နယ်ထဲကစစ်ရှောင်တွေရှိတဲ့နေရာဗုံးကြဲခံရမှုကြောင့် သေဆုံးသွားသူများ။ စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် ငါးပတ်ချောင်းအနောက်ဘက် ဆည်တောရွာကို ဒီဇင်ဘာ ၁၇ ရက်ညရှစ်နာရီကျော်မှာ အာဏာသိမ်းစစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ ပေါင်၂၅၀ ဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး၊ ၅ ဦးထက်မနည်းထိခိုက်ဒဏ်ရာရာခဲ့တယ်လို့ ဝက်လက် informational network ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲ့ဒီလေကြောင်းတိုက်ခိုက်

BVJ
Dec 18, 20251 min read


ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စား လှယ် တွမ်အင်ဒရူးစ်နဲ့ အင်တာဗျူး
“ နိုင်ငံရေးအတိုက်အခံတွေကို ဖမ်းဆီးချုပ်နှောင်၊ ညှဉ်းပန်းနှိပ်စက်၊ ကွပ်မျက်ပြီးတော့ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခု ကျင်းပလို့ မရပါဘူး” မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်ရဲ့ ဒီဇင်ဘာ၈ရက်နေ့ကစတင်ခဲ့တဲ့ ၅ရက်တာ ယူကေခရီးစဥ်အတွင်း လန်ဒန်မြို့မှာ သီးသန့်တွေ့ဆုံမေးမြန်းခွင့်ရခဲ့တာကို BVJ အဖွဲ့သား ကိုသန့်သူရ က မေးမြန်းတင်ဆက်ပေးထားပါတယ်။ သူရ။ ။ အမေရိကန်နိုင်ငံ မိန်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဘဝကနေ မြန်မာ့အရေး ဘယ်လိုစလုပ်ဖြစ်ခဲ့လဲဆိ

BVJ
Dec 18, 20257 min read


ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းတယ်လို့ ဖမ်းဆီးထားတဲ့စစ်အုပ်စု ထုတ်ပြန်
မိုနာ/BVJ_ဒီဇင်ဘာ ၁၆၊ ၂၀၂၅ ၂၀၂၀၊ မေလ ၁၄ရက်ကတွေ့ရတဲ့ဒေါ်အောင်ဆန်းစုကြည်(ဓါတ်ပုံ-DASSK Facebook) အာဏာသိမ်းစစ်တပ်ကဖမ်းဆီးထောင်ချထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထောင်ထဲမှာကွယ်လွန်ပြီဆိုတဲ့သတင်းမဟုတ်မှန်ဘဲ ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိတယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးအခြေအနေနဲ့ပတ်သက်လို့ စစ်အုပ်စုက ဒီနေ့ ဒီဇင်ဘာ ၁၆ရက်မှာ ထုတ်ပြန်လာပါတယ်။ သားဖြစ်သူကင်မ်အဲရစ်က ထောင်ထဲမှာကွယ်လွန်တာဖြစ်နိုင်တယ်ဆိုပြီး ဒီရက်ပိုင်းမှာ အချိန်ကိုက်ပြောဆိုလာတွေကို ပုံကြီးချဲ့လှုံ့ဆော

BVJ
Dec 16, 20251 min read


ကျောက်ဖြူဗုံးကြဲခံရမှုအတွင်း ထိခိုက်ဒဏ်ရာရသူတစ်ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၉ ဦးအထိရှိလာ
BVJ/ဂျိုး_ ဒီဇင်ဘာ ၁၆၊ ၂၀၂၅ ဓါတ်ပုံ-APM ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြိုနယ် ၊ င/ လုံးစု အထက်ရွာနဲ့အောက်ရွာကို စစ်အုပ်စုက အခုလ ဒီဇင်ဘာ ၁၁ရက်နေ့ညနေပိုင်းမှာ လေကြောင်းကနေ ပေါင်း ၅၀၀ဗုံးနှစ်လုံးကြဲခဲ့တာကြောင့် အရပ်သား ၈ ဦးပွဲချင်းပြီးသေဆုံးပြီး ၁၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာရရှိထားတဲ့အရပ်သား ၁၆ ဦးထဲက ငလုံးစုအောက်ရွာဒေသခံ ဦးမောင်သန်းကြည် (၄၁ နှစ်)ဟာ ဆေးကုသမှုခံယူနေချိန် မနေ့ကနေ့လယ်ပိုင်းမှာသေဆုံး သွားတာဖြစ်ပြီး သေဆုံးသူ ၉ ဦးအထိရှိလာနေတယ်လို့...

BVJ
Dec 16, 20251 min read


စစ်မှုထမ်းကောက်ပေးတဲ့ အုပ်ကြီးနဲ့ စစ်အုပ်စုရွေးကောက်ပွဲအားပေးသူတွေကို ပီဒီအက်ဖ်ကဝင်ဖမ်းစဉ် သေဆုံး
BVJ/ဂျိုး_ဒီဇင်ဘာ ၁၆၊ ၂၀၂၅ ပုံစာ- ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း တပ်ဖွဲ့ဝင်များ(ပုံဟောင်းဖြစ်ပါသည်) စစ်အုပ်စုအတွက်ဒေသခံလူငယ်တွေကို အတင်းအဓမ္မစစ်မှုထမ်းတပ်သားသစ်စုဆောင်းနေတဲ့ တနင်္သာရီတိုင်း၊ ပုလောမြို့၊ အမှတ်(၁)အုပ်ချုပ်ရေးမှူးဦးမိုးနိုင်ဆိုသူကို တိုင်ကြားမှုကြောင့် နေ့လယ်ပိုင်းမှာဖမ်းဆီးခေါ်ဆောင်ခဲ့ပေမယ့် လမ်းမှာထွက်ပြေးဖို့ကြိုးစားတာတဲ့အတွက် ပစ်သတ်ခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ်(၁) တပ်ရင်းက မနေ့က ဒီဇင်ဘာ ၁၅ရက်မှာထုတ်ပြန်ထားပါတယ်။.

BVJ
Dec 16, 20251 min read


ဘွန်ဒီကမ်းခြေပစ်ခတ်မှုမှာ သေနတ်ဝင်လုတဲ့သူရဲကောင်းအတွက် ရန်ပုံငွေကောက်ခံမှု ၂၄နာရီအတွင်း အမေရိကန်ဒေါ်လာ ၁.၂သန်းကျော်ရရှိထား
အေတီ/BVJ_ ဒီဇင်ဘာ ၁၅၊ ၂၀၂၅ ဆီးရီးယားကရွှေ့ပြောင်းအခြေချလာသူ အာမက် သေနတ်သမားကိုဝင်လုံးတဲ့မြင်ကွင်း တနင်္ဂနွေနေ့ကဖြစ်ပွားခဲ့တဲ့ သြစတြေးလျနိုင်ငံ၊ဆစ်ဒနီမြို့က ဘွန်ဒီကမ်းခြေပစ်ခတ်မှုမှာ အကြမ်းဖက်သမားလက်ထဲကသေနတ်ဝင်လုခဲ့တဲ့ အာမက်အယ်လ်အာမက်အတွက် GoFundme ကတဆင့် ရန်ပုံငွေကောက်ခံမှုတခုပြုလုပ်ခဲ့တာမှာ ၂၄နာရီအတွင်း အမေရိကန်ဒေါ် လာ၁.၂သန်းကျော်ရရှိသွားပြီလို့ သိရပါတယ်။ အဲ့ဒီငွေထဲမှာ အမေရိကန်ဘီလျံနာ William Ackmanထည့်ဝင်တဲ့ သြဇီဒေါ်လာတစ်သိန်းနဲ့ ညီမျှတဲ့ အမေရိကန်ဒေါ်လာ ၆သောင်းငါးထောင်လဲ ပ

BVJ
Dec 16, 20251 min read


တော်လှန်ရေးကျင့်ဝတ်အပြည့်နဲ့တိုက်ပွဲဝင်ဖို့ တပ်ဖွဲ့ ၁၉ဖွဲ့ပေါင်းပြီး နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု ဖွဲ့စည်း
BVJ/ဂျိုး_ဒီဇင်ဘာ ၁၆၊ ၂၀၂၅ စစ်တပ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးမှာပေါ်ပေါက်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့ ၁၉ဖွဲ့စုပေါင်းပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုကို စတင်ဖွဲ့စည်းလိုက်ကြောင်း မနေ့က ဒီဇင်ဘာ ၁၅ရက်ညမှာ ကြေညာပါတယ်။ လက်ရှိဖွဲ့စည်းလိုက်တဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုမှာ 96 Soliders ၊ ဗမာ့တပ်တော် (BA) ၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်( BPLA) ၊ ချင်းညီနောင် (CB) ၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DP

BVJ
Dec 16, 20251 min read


အေအေ နယ်စပ်လုံခြုံရေးစခန်း တိုက်ခိုက်ခံရ
ယူဂရင်း/BVJ_ဒီဇင်ဘာ ၁၅၊ ၂၀၂၅ ရက္ခိုင့်တပ်တော်-AAတပ်ဖွဲ့ဝင်တွေကို ၂၀၁၇ ခုနှစ်ကတွေ့ရပုံ။ (Photo-CJ) ဘင်္ဂလားနယ်စပ်နားက အာရက္ခတပ်တော်-AAရဲ့လုံခြုံရေးစခန်းတခုကို အင်အား ၁၀ယောက်ခန့်ပါတဲ့ အစ္စလာမ်မစ်လက်နက်ကိုင်အဖွဲ့က အလစ်ဝင်တိုက်ခဲ့တယ်လို့ AAက ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။ အခုလ ဒီဇင်ဘာ ၁၃ရက် မနက်၆း၃၀အချိန်မှာ မောင်တောခရိုင် အထက်ကျီးကျွန်း၊ နယ်စပ်မှတ်တိုင် (၂၀/၂၁) အကြားရှိ AAရဲ့နယ်စပ်လုံခြုံရေးစခန်းကို ဘင်္ဂလာဖက်ခြမ်းကနေဖြတ်ကျော်ဝင်ရောက်ပြီး လက်နက်ငယ်အပါအဝင်၊ 40 MM (79) တို့နဲ့

BVJ
Dec 15, 20251 min read


ယူကေအစိုးရကို တွမ်အင်ဒရူးစ်ကဘာတွေဆွေးနွေးတိုက်တွန်းခဲ့လဲ
BVJ_ဒီဇင်ဘာ ၁၅၊ ၂၀၂၅ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ယူကေနိုင်ငံက အစိုးရ ထိပ်တန်းအရာရှိတွေ၊ အရပ်ဘက်ကပုဂ္ဂိုလ်တွေနဲ့တွေ့ဆုံပြီး မြန်မာနိုင်ငံမှာလုပ်မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တိုက်တွန်းဆွေးနွေးတာတွေလုပ်ခဲ့ပါတယ်။ ယူကေအစိုးရနဲ့ ဘာတွေဆွေးနွေးတိုက်တွန်းခဲ့လဲဆိုတာ တွမ်အင်ဒရူးစ်က BVJ ကို ပြောပြထားပါတယ်။

BVJ
Dec 15, 20251 min read


လူအမြောက်အများသေခဲ့ရတဲ့ မြောက်ဦးဆေးရုံဗုံးကြဲမှုကို နိုင်ငံတကာက ပြင်းပြင်းထန်ထန်ရှုတ်ချ
BVJ/ဂျိုး_ဒီဇင်ဘာ ၁၂၊ ၂၀၂၅ မြောက်ဦးလေကြောင်းပစ်ခတ်မှုအတွင်းသေဆုံးသွားတဲ့ မိသားစုဝင်များ(ဓာတ်ပုံ-ဝေဟင်အောင်) ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကြီးကို စစ်အုပ်စုက လေကြောင်းဗုံးကြဲခဲ့တာကြောင့် ကလေးသူငယ်တွေပါအဝင် အရပ်သား ၃၃ ဦးသေဆုံးပြီး ၈၀ နီးပါးပြင်းပြင်းထန်ထန်ဒဏ်ရာရှိခဲ့တာနဲ့ပတ်သက်ပြီး နိုင်ငံတကာအကြီးအကဲတွေအပါအဝင် ပြည်တွင်းပြည်ပအဖွဲ့အစည်း တော်တော်များများကရှုတ်ချကြောင်း ထုတ်ပြန်ထားကြပါတယ်။ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ မြောက်ဦးဆေးရုံကို စစ်အုပ်စု...

BVJ
Dec 15, 20251 min read


ကုလအထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်နဲ့ အင်တာဗျူး အပိုင်း(၁)
BVJ_ဒီဇင်ဘာ ၁၄၊ ၂၀၂၅ "သူတို့က လူလိမ်တွေ ။ ကိုယ့်အမြင်တွေ ဖော်ပြဖို့၊ အမှန်တရားကို ထုတ်ဖော် သတင်းပို့တာဟာ ရာဇဝတ်မှုတစ်ခုဖြစ်နေပြီး၊ ကိုယ့်ရဲ့ နိုင်ငံရေးအတိုက်အခံတွေကို ဖမ်းဆီး၊ ချုပ်နှောင်၊ ညှဉ်းပန်းနှိပ်စက်၊ ကွပ်မျက်ပြီးတော့ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခု ကျင်းပလို့မရပါဘူး" . ဒီရွေးကောက်ပွဲလို့ခေါ်တဲ့ အခြေအနေတွေကို ကမ္ဘာက အာရုံမစိုက်ဘဲ ဒီကနေ ပေါ်ထွက်လာတဲ့ မည်သည့်အဖွဲ့အစည်းကိုမဆို တရားဝင်အရပ်သားအစိုးရပုံမျိုး အသိအမှတ်ပြုဖို့ စဉ်းစားလိမ့်မယ်လို့ သူတို့က မျှော်လင့်နေပါတယ်။

BVJ
Dec 15, 20251 min read


တပါတ်အတွင်း ထူးခြားသတင်း
BVJ_ဒီဇင်ဘာ ၁၃၊ ၂၀၂၅ ဒီတပတ်အတွက် တင်ဆက်ပေးမယ့်သတင်းတွေကတော့ အမေရိကန်သမ္မတ ကြားဝင်ဖြန်ဖြေပေမယ့် မရပ်သေးတဲ့ ထိုင်းနဲ့ကမ္ဘောဒီးယားတို့ရဲ့တကျော့ပြန်စစ်ပွဲသတင်း၊ မြောက်ဦးဆေးရုံကို လေကြောင်းဗုံးကြဲခဲ့တာကို စစ်အုပ်စုကထုတ်ပြန်ဝန်ခံလိုက်တဲ့အကြောင်း၊ လက်ရှိမြန်မာနိုင်ငံအခြေအနေက လူတိုင်းအကျုံးဝင်တဲ့ ရွေးကောက်ပွဲကျင်းပဖို့မပြည့်စုံဘူးလို့ သြစတြေးလျအစိုးရပြောလိုက်တဲ့သတင်းအပါအဝင် တခြားပြည်တွင်း ပြည်ပက စိတ်ဝင်စားစရာသတင်းတွေကို နားဆင်ကြရမှာဖြစ်ပါတယ်။

BVJ
Dec 15, 20251 min read


ယူကေက All In One Piece Movementဆန္ဒပြပွဲ
BVJ_ဒီဇင်ဘာ ၁၃၊ ၂၀၂၅ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေးနဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ဖို့အတွက် All In One Piece Movement ဆန္ဒပြပွဲကို ယူကေနိုင်ငံ၊ လန်ဒန်မြို့ရှိ ပါလီမန်အဆောက်အအုံရှေ့မှာ မနေ့က ဒီဇင်ဘာ ၁၃ရက်မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီဆန္ဒပြပွဲကို ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကိုထိန်လင်းကဦးဆောင်ခဲ့ပြီး နိုင်ငံတကာက ပံ့ပိုးမှုတွေလည်း ရရှိခဲ့ပါတယ်။ အခုလိုဆန္ဒပြပွဲတွေကို ယူကေနိုင်ငံအပါအဝင် ကနေဒါ၊ ချက်၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊

BVJ
Dec 15, 20251 min read
bottom of page



