top of page

စုန်းမဒရုန်းတပ်ဖွဲ့နဲ့ချင်းတပ်ဖွဲ့တွေပေါင်းပြီး စစ်အုပ်စုစစ်ကြောင်းကိုတိုက်ခိုက်(ရုပ်သံ)

  • Writer: BVJ
    BVJ
  • Feb 13
  • 1 min read

Updated: Feb 16

မိုနာ/BVJ_ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့စစ်အုပ်စုကို စုန်းမ(WITCH)အမျိုးသမီးဒရုန်းတပ်ဖွဲ့နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ မနေ့က ဖေဖော်ဝါရီ ၁၂ရက်မှာ ထုတ်ပြန်ထားပါတယ်။


ချင်းတောင်တန်းကိုကာကွယ်ဖို့အတွက် FPV ဒရုန်းတွေအသုံးပြုပြီး ပစ်မှတ်ကိုတိတိကျကျတိုက်ခိုက်ခဲ့တာကြောင့် ရန်သူဘက်ကထိခိုက်ကျဆုံးမှုများပြားခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။


အခုစစ်ဆင်ရေးဟာ AIF – Myanmar အဖွဲ့ရဲ့ အမျိုးသမီးသီးသန့်အဖွဲ့ဖြစ်တဲ့ WITCH အဖွဲ့က ချင်းကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး စစ်အုပ်စုရဲ့ထိုးစစ်ကိုကာကွယ်ဖို့အတွက် ချင်းတပ်ဖွဲ့တွေအတူလက်တွဲရပ်တည်နေကြောင်းကိုလည်း AIFကပြောထားပါတယ်။


AIFကထုတ်ပြန်ထားတဲ့ရုပ်သံမှတ်တမ်းထဲမှာတော့ အသေခံဒရုန်းတွေနဲ့တိုက်ခိုက်မှုကြောင့် စစ်အုပ်စုတပ်ဖွဲ့ဝင်တွေရဲ့ ကတုတ်ကျင်းတွေနဲ့ပုန်းအောင်းနေတဲ့နေရာတွေကို တည့်တည့်ထိမှန်သွားတာ မျိုး၊ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကစဉ့်ကလျားပြေးလွှားနေတာမျိုးတွေကို တွေ့ရပါတယ်။

Video-AIF


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page