AAစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ တွေ့ဆုံခဲ့ကြောင်း မရာအဖွဲ့ထုတ်ပြန်
- BVJ

- Feb 10
- 1 min read
ယူဂရင်း/BVJ_ဖေဖော်ဝါရီ ၁၀၊ ၂၀၂၆

အာရက္ခတပ်တော်-AAစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့တွေ့ဆုံခဲ့တဲ့ဓါတ်ပုံတွေကို မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ MTC/MDF ကဒီနေ့ ဖေဖော်ဝါရီ ၁၀ရက် နေ့လယ်မှာထုတ်ပြန်ပါတယ်။
အနာဂတ်မှာလည်း ယုံကြည်မှုနဲ့ နားလည်မှုတွေအပေါ်အခြေခံပြီး ပိုမိုခိုင်မာတဲ့ပူးပေါင်းမှုတွေတည်ဆောက်သွားလိုတယ်လို့လည်း MTCကပြောထားပါတယ်။
“ယခင်ကတည်းက မဟာမိတ်ထက်ပိုသော ဂရုစိုက်မှုနှင့် ဖော်ရွေမှုများ ပြသပေးခဲ့သည့် ULA/AA အား လေးစားကျေးဇူးတင်ရှိပြီး၊ အနာဂတ်တွင်လည်း မိတ်ဖက်စိတ်ဓာတ်၊ ယုံကြည်မှုနှင့် နားလည်မှုများအပေါ် အခြေခံကာ ပိုမိုခိုင်မာသော လက်တွဲပူးပေါင်းမှုများ တည်ဆောက်သွားလိုပါသည်”
MTCရဲ့ထုတ်ပြန်ချက်အရ ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ပြီးခဲ့တဲ့ ၂၀၂၅၊ နိုဝင်ဘာ ၉ရက်မှာတွေ့ဆုံခဲ့တာလို့ သိရပါတယ်။

မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ ( MTC / MDF) တပ်ဖွဲ့ဟာ ချင်းညီနောင်အဖွဲ့ဝင်တွေဖြစ်ပြီး ချင်းညီနောင်အဖွဲ့က AAနဲ့မဟာမိတ်တွေဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလကလည်း MTC/MDFရဲ့ တော်လှန်တိုက်ပွဲအတွင်း ကိုယ်လက်အင်္ဂါဆုံးရှုံးသွားတဲ့ရဲဘော်တွေအတွက် AAတပ်ဖွဲ့ရဲ့ ဒုစစ်ဦးစီးချုပ် ဒေါက်တာညှိထွန်းအောင်ဦးဆောင်တဲ့ သူပုန်ဖြူ Teamက “ သူပုန်ဖြူ” ကဗျာစာအုပ် (၂၀)အုပ်၊ လွယ်အိတ် (၂၀) လုံး၊ ငွေသားသိန်း (၂၀) တို့ကိုပေးပို့ခဲ့တယ်လို့ သိရပါတယ်။
ဓါတ်ပုံ- MTC




Comments