top of page

Federal Wings ဒရုန်းတပ်ဖွဲ့က ရဲဘော်ဗေကြီးကျဆုံး

  • Writer: BVJ
    BVJ
  • Feb 16
  • 1 min read

မိုနာ/BVJ_ဖေ‌ဖော်ဝါရီ ၁၆၊ ၂၀၂၆

ကျဆုံးရဲဘော်ဗေကြီး စျာပနပြုလုပ်နေပုံ(ဓါတ်ပုံ-federal Wings)
ကျဆုံးရဲဘော်ဗေကြီး စျာပနပြုလုပ်နေပုံ(ဓါတ်ပုံ-federal Wings)

စစ်အုပ်စုကိုနည်းပညာနဲ့တော်လှန်တိုက်ခိုက်နေတဲ့ Federal Wings ဒရုန်းတပ်ဖွဲ့က ရဲဘော်ဗေကြီးကျဆုံးသွားတယ်လို့ တပ်ဖွဲ့ကမနေ့က ဖေဖော်ဝါရီ ၁၅ရက်မှာထုတ်ပြန်ထားပါတယ်။


“ရဲဘော်ဗေကြီးသည် နည်းပညာဖြင့် အာဏာရှင်ကိုတော်လှန်ရာတွင် ရှေ့တန်းကနေရဲရင့်ပြတ်သားစွာ ပါဝင်ခဲ့သူဖြစ်ပြီး Federal Wings ၏ စစ်ဆင်ရေးများတွင် အရေးပါသောအခန်းကဏ္ဍမှ တာဝန်ကျေပွန်ခဲ့သူတစ်ဦးလည်း ဖြစ်ပါသည်။ တော်လှန်ရေးကာလတစ်လျှောက်လုံးတွင် ပေးအပ်သောတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး လုပ်ဖော်ကိုင်ဖက် ရဲဘော်များအပေါ်တွင်လည်း သံယောဇဉ်ကြီးမားကာ စံပြရဲဘော်ကောင်းတစ်ဦး ဖြစ်ခဲ့ပါသည်”လို့ Federal Wings ကဖော်ပြထားပါတယ်။


ရဲဘော်ဗေကြီးဟာ အသက်(၂၀)အရွယ်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၄ရက်နေ့(ချစ်သူများနေ့)က ကျဆုံးသွားတာဖြစ်ပါတယ်။


ရဲဘော်ဗေကြီးဟာ တော်လှန်ရေးတာဝန်တွေကိုထမ်းဆောင်ရင်း မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ကြောင်းနဲ့ ရဲဘော်ဗေကြီးရဲ့ပေးဆပ်မှုဟာ တပ်ဖွဲ့အတွက်သာမက ပြည်သူ့နွေဦးတော်လှန်ရေးအတွက်ပါ ကြီးမားတဲ့ဆုံးရှုံးမှုတစ်ရပ်ဖြစ်တယ်လို့ ကထုတ်ပြန်ပါတယ်။

ကျဆုံးရဲဘော်ဗေကြီး (ဓါတ်ပုံ-ရဲဘော်ဆေးမှူး)
ကျဆုံးရဲဘော်ဗေကြီး (ဓါတ်ပုံ-ရဲဘော်ဆေးမှူး)

Federal Wings ဒရုန်းတပ်ဖွဲ့ဟာ စစ်အုပ်စုကို ဝေဟင်ကနေဒရုန်းနည်းပညာသုံး တိုက်ခိုက်ချေမှုန်းနေသလို ကိုယ်ပိုင်ဒရုန်းတွေလည်းတီထွင်ထုတ်လုပ်နေတာဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page