top of page

တမူးမှာ ပေါ်တာဆွဲဖမ်းဆီးခံထားတဲ့အမျိုးသားတွေကိုပြန်လွှတ်ပေးဖို့ အမျိုးသမီးတွေ နှစ်ရက်ဆက်တိုက်ဆန္ဒပြ

  • Writer: BVJ
    BVJ
  • Feb 17
  • 1 min read

ယူဂရင်း/BVJ_ဖေဖော်ဝါရီ ၁၇၊ ၂၀၂၆

ဖမ်းဆီးထားတဲ့အမျိုးသားတွေကိုပြန်လွှတ်ပေးဖို့ တမူးဒေသတွင်း အမျိုးသမီးများဆန္ဒပြနေပုံ(ဓါတ်ပုံ-ဒေသခံ)
ဖမ်းဆီးထားတဲ့အမျိုးသားတွေကိုပြန်လွှတ်ပေးဖို့ တမူးဒေသတွင်း အမျိုးသမီးများဆန္ဒပြနေပုံ(ဓါတ်ပုံ-ဒေသခံ)

ဒေသခံအရပ်သားတွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေဆက်တိုက်လုပ်နေလို့ဆိုပြီး စစ်ကိုင်းတိုင်း၊တမူးမြို့နယ်အတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDFတွေကို အရပ်သားတွေက မနေ့က ဖေဖော်ဝါရီ ၁၆ရက်နဲ့၁၅ရက်တို့မှာ ဆန္ဒပြခဲ့ကြပါတယ်။


နှစ်ရက်ဆက်တိုက်ဆန္ဒပြတာမှာ တမူးမြို့နယ်တောင်ပိုင်းအတွင်းက မင်းသမီးကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာ၊ ရွာသာကျေးရွာ၊ဘုက္ကန်ကျေးရွာစတဲ့ ကျေးရွာတွေကပါဝင်ခဲ့ကြပြီး အဲ့ဒီရွာတွေကဒေသခံအမျိုးသားတွေဟာ PDFတွေရဲ့ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတာတွေကြောင့် သူတို့ရဲ့ အမျိုးသမီးတွေအပါအဝင် မိသားစုတွေကအခုလိုဆန္ဒပြကြတာဖြစ်တယ်လို့ ဒေသခံဆီကသိရပါတယ်။


“PDFအလိုမရှိ၊ ဖမ်းဆီးထားသူတွေကိုချက်ချင်းလွှတ်” စတဲ့ကြွေးကြော်မှုတွေနဲ့ အမျိုးသမီးအများစုပါဝင်တဲ့ လူအုပ်ကဆန္ဒပြချီတက်ခဲ့ကြတာပါ။

ဖမ်းဆီးထားတဲ့အမျိုးသားတွေကိုပြန်လွှတ်ပေးဖို့ တမူးဒေသတွင်း အမျိုးသမီးများဆန္ဒပြနေပုံ(ဓါတ်ပုံ-ဒေသခံ)
ဖမ်းဆီးထားတဲ့အမျိုးသားတွေကိုပြန်လွှတ်ပေးဖို့ တမူးဒေသတွင်း အမျိုးသမီးများဆန္ဒပြနေပုံ(ဓါတ်ပုံ-ဒေသခံ)

“အဓိကတော့ သူတို့ကညဖက်လည်းဖမ်း၊ အလုပ်လုပ်နေလည်းဖမ်း၊ ယာတောထဲလည်းဖမ်း ပေါ်တာဆွဲလုပ်နေကြတော့ ပြည်သူတွေကဒါတွေကိုမကျေနပ်ဘူး။ ဖမ်းထားတဲ့သူတွေကိုပြန်လွှတ်ပေး၊ နောက်ကိုလည်းပြည်သူ့ဆန္ဒမပါဘဲ ဒါမျိုးတွေ မလုပ်နဲ့မဆွဲနဲ့ဆိုပြီး ‌တောင်းဆိုဆန္ဒပြကြတာပါ။ အမျိုးသမီးတွေကဦးဆောင်တာပါ။ ပေါ်တာဆွဲတာမှာပါသွားတဲ့ သူတို့အမျိုးသားတွေ၊ သားတွေ၊ မောင်ဖြစ်သူတွေပြန်ရဖို့ ပြန်လွှတ်ပေးဖို့အတွက်ပါ”လို့ ဒေသခံက Burma VJကိုပြောပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ-NUGရဲ့ အမှတ်-၁စစ်ဒေသ၊တမူးခရိုင်တပ်ရင်းတွေဟာ ဒေသခံအရပ်သားတွေကို ပေါ်တာဆွဲဖမ်းဆီးမှု၊ ညအိပ်ချိန်မှာတောင်အိမ်ထဲဝင်ဖမ်းဆီးတာ၊ လှည်းပေါ်ကနေဆွဲချခေါ်ဆောင်တာ၊ တောင်ယာလုပ်ငန်းခွင်ထဲထိလိုက်လံဖမ်းဆီးတာတွေ ဖြစ်ပေါ်နေတာကြောင့် ဆန္ဒပြကြတာလို့လည်း ဒေသခံတွေကပြောပါတယ်။


ဖမ်းဆီးရာမှာလည်း လူလတ်ပိုင်းအိမ်ထောင်သည်အမျိုးသားတွေအပြင် အသက်မပြည့်သေးတဲ့ ဆယ်ကျောက်သက်လူငယ်အမျိုးသားတွေကိုပါ ပေါ်တာဆွဲတာတွေရှိနေတယ်လို့လည်း ဒေသခံတွေကပြောကြပါတယ်။


တမူးPDFတွေအနေနဲ့ ဒေသခံအရပ်သားတွေကို အခုလိုပေါ်တာဆွဲဖမ်းဆီးမှုအမှန်တကယ်ရှိမရှိနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့အတွက် Burma VJအနေနဲ့ တမူးPDFအဖွဲ့တွေကိုဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page