ကျားဖြန့်လုပ်သူတွေကိုဖွက်ထားပေးတဲ့ ‘ဝ’တပ်အရာရှိနှစ်ဦး အရေးယူခံရ
- BVJ

- Feb 16
- 1 min read
ယူဂရင်း/BVJ_ဖေဖော်ဝါရီ ၁၆၊၂၀၂၆

ကျားဖြန့်လုပ်ကိုင်သူတွေကိုဖွက်ထားပေးတာနဲ့ ကူညီရွှေ့ပြောင်းပေးတာတွေလုပ်ပေးလို့ဆိုပြီး ‘ဝ’တပ်က အရာရှိနှစ်ဦးကို "ဝ"ပြည်တရားစီရင်ရေးကော်မတီ - WSPက ထောင်ဒဏ်ချမှတ်တယ်လို့ သိရပါတယ်။
အရေးယူလိုက်သူတွေဟာ ကျားဖြန့်ငွေလိမ်မှုမှာ ပါဝင်ပတ်သက်နေတဲ့ အသက် (၃၀)အရွယ် "ဝ" လူမျိုး၊ ဒုတပ်ရင်းမှူး ဦးကျိုးရှီးကုန်း( Zhou Xi Gong) နဲ့ အသက် (၃၉)အရွယ် လားဟူလူမျိုး၊ တပ်ခွဲအဆင့် နိုင်ငံရေးမှူး ဦးလော်ယွန့်ကိုင် (Luo Yun Gai) တို့ဖြစ်ကြောင်းနဲ့ ဦးကျိုးရှီးကုန်းကိုထောင်ဒဏ် (၃)နှစ်နဲ့ ဦးလော်ယွန့်ကိုင်ကို ထောင်ဒဏ် (၁)နှစ်ချမှတ်လိုက်တာလို့ WSPက မနေ့ကဖေဖော်ဝါရီ ၁၅ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် သူတို့နှစ်ဦးလုံးကို UWSP/UWSAပါတီနဲ့တပ်ကနေထုတ်ပယ်လိုက်ပြီး ရာထူးအားလုံးကိုလည်း ရပ်ဆိုင်းလိုက်တယ်လို့သိရပါတယ်။
အခု ဖေဖော်ဝါရီ ၃ရက်နေ့က ရှမ်းမြောက်၊ မိုင်းရယ်မြို့နယ် အရှေ့တောင်ဘက် ၃၅ ကီလိုမီတာခန့်အကွာ ဟိုက်ပုကျေးရွာနားက ကျားဖြန့်လုပ်ငန်းတခုကိုစစ်အုပ်စုကဝင်ဖမ်းခဲ့ရာမှာ ‘ဝ’တပ်UWSAကလည်း ပူးပေါင်းပါဝင်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီဖမ်းဆီးမှုအတွင်းမှာ တရုတ်နိုင်ငံသား အမျိုးသား ၃၂၁ ဦးနဲ့အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၃၃၀ဦးဖမ်းမိခဲ့တယ်လို့ စစ်အုပ်စုကသတင်းထုတ်ပြန်ထားပါတယ်။




Comments