top of page

ဗိုလ်နဂါးတပ်ဂိတ်တွေကို NUGတပ်ကဝင်ပစ်မှုအတွင်း ထိခိုက်ကျဆုံးမှုရှိနေ

  • Writer: BVJ
    BVJ
  • Feb 17
  • 1 min read
  • နှစ်ဖက်တိုက်ပွဲဖြစ်နေတာကြောင့် ဒေသခံတွေထွက်ပြေး

မိုနာ/BVJ_ဖေဖော်ဝါရီ ၁၇၊ ၂၀၂၆

Photo-BNRA
Photo-BNRA

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းမှာ ဗိုလ်နဂါးတပ်ဖွဲ့ဖြစ်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRAတပ်ဖွဲ့စခန်းအချို့ကို NUGအောက်က ယင်းမာပင်ခရိုင်၊ PDFတပ်ရင်းတွေက ဒီနေ့ ဖေဖော်ဝါရီ ၁၇ရက်မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်ပစ်ခတ်မှုအပြန်အလှန်ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေပါတယ်။


BNRAတပ်ဖွဲ့ရဲ့တပ်ရင်း-၁နေရာကို ယင်းမာပင်ခရိုင် PDFတပ်ရင်းတွေက ဒရုန်းနဲ့စပစ်တာကနေ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး BNRAတပ်ရင်း-၂ဘက်မှာလည်းပစ်ခတ်မှုဖြစ်နေတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက Burma VJကိုပြောပါတယ်။


ဒီပစ်ခတ်မှုအခြေအနေကို ယင်းမာပင်ခရိုင်PDFတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကလည်းအတည်ပြုပါတယ်။


“ဟုတ်ပါတယ်။အဓိကကတော့ ဂိတ်တွေရှင်းတဲ့သဘောပါ။ (ကိုကတုံးသေဆုံးမှုနဲ့)သက်ဆိုင်ပါတယ်။ နောက်ပြီးတော့ သူတို့က NUGမှာပါတဲ့ ပသုံးလုံးယန္တယားကိုနှောင့်ယှက်တာ ဖမ်းဆီးတာတွေလုပ်လာတာလဲပါတယ်”လို့ Burma VJကိုပြောပါတယ်။

Photo-BNRA
Photo-BNRA

ဒီပစ်ခတ်မှုဟာ အခုလ ၁၂ရက်နေ့မှာ ယင်းမာပင်ခရိုင်၊ တပ်ရင်း (၄)က ရဲဘော်တစ်ဦးဖြစ်တဲ့ ကိုကတုံးဆိုသူကို BNRAတပ်ဖွဲ့ရဲ့ တပ်ရင်း(၃)ကပစ်သတ်မှုပြီးနောက်မှာ ဖြစ်ပေါ်လာတာပါ။


ကိုကတုံးသေဆုံးသေဆုံးမှုနဲ့ပတ်သက်ပြီး နှစ်ဖက်အဖွဲ့အစည်းတာဝန်ရှိသူတွေ လူကိုယ်တိုင်ဖြစ်စေ၊ Zoomနဲ့ဖြစ်စေတွေ့ဆုံဆွေးနွေးဖို့ဆိုပြီး BNRAကထုတ်ပြန်ခဲ့ပေမယ့် စစ်ကိုင်းကွပ်ကဲရေးဘက်ကအကြောင်းပြန်လာတာမရှိကြောင်းနဲ့ မနေ့ကညနေခြောက်နာရီဝန်းကျင်မှာတော့ ယင်းမာပင်ခရိုင်တပ်ရင်းအပါအဝင် ခရိုင်တပ်ရင်းတွေဟာ BNRAဂိတ်စခန်းတခုရဲ့ မလှမ်းမကမ်းတောစပ်တနေရာမှာ အင်အားတွေဖြန့်ကျက်နေရာယူထားပြီးဖြစ်ကြောင်းကို BNRAက မနေ့က ည သန်းခေါင်အချိန်မှာထုတ်ပြန်ခဲ့ပါတယ်။


ဒီနေ့မနက်ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဗိုလ်နဂါးက”လက်ရှိမှာတော့ ကျနော်တို့တပ်တွေဂိတ်စခန်းတွေကို ကိုယ့်ရဲ့လုံခြုံရေးအရခုခံရင်းနဲ့ ခွာပြီးတော့ဆုတ်ခဲ့ဖို့တော့မှာထားတာရှိတယ်။ မနေ့ညပိုင်းကသတင်းရတာတော့ နောက်ကျတာရှိတယ်။ ဒီ တိုင်းအဆင့်စီမံချက်နဲ့ ခရိုင်ရင်းတွေစုနေတယ်။ BNRAတိုက်ဖို့ဆိုတဲ့သတင်းကြားတာရှိတယ်။ ဒါပေမယ့်လည်း ရှင်းရှင်းပြောရရင် ဖိအားပေးတာလောက်ပဲရှိလိမ့်မယ်လို့ ကျနော်တို့ကတော့မျှော်လင့်ခဲ့တာပေါ့။ ဘာလို့လဲဆို KIO/KIAလိုအဖွဲ့အစည်းကြီးတခုက စစ်ဒေသ-၁ကိုဦးဆောင်ထားတာပဲ။ ဒီလိုမလုပ်လောက်ဘူးလို့ မျှော်လင့်ခဲ့တာပါ။ ဒါပေမယ့် တကယ်ကိုပဲဒီနေ့မနက်မှာတော့ ရဲဘော်တွေရှိတဲ့နေရာကို ဒရုန်းဗုံးသီးတွေနဲ့ တာဝေးပစ်လက်နက်ကြီးတွေနဲ့RPGတို့လို့ ၆၀၊၁၂၀တို့လို၊နောက်ပြီး စက်လတ်တွေနဲ့အင်အားအလုံးအရင်းနဲ့ ဝင်တိုက်တယ်။ ရဲဘော်တချို့လည်းခုခံရင်းနဲ့ထိခိုက်ကျဆုံးတာရှိတယ်။ ကျနော်တို့ဘက်ကတော့ ခုခံရင်းပြန်ဆုတ်ခိုင်းထားတယ်”လို့ ပြောပါတယ်။


လက်ရှိအခြေအနေမှာတော့ BNRAနဲ့NUGအောက်တပ်ရင်းတွေ နှစ်ဖက်အခြေအနေရှုပ်ထွေးနေဆဲဖြစ်တာကြောင့် ရဲဘော်ထိခိုက်ကျဆုံးမှုအရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့လည်း ဗိုလ်နဂါးကပြောပါတယ်။


နှစ်ဖက်ပစ်ခတ်မှုအတွင်းမှာ ဒေသခံတွေလည်းထိခိုက်မှုရှိနေတယ်လို့ သိရပေမယ့် အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page