top of page

ရှေ့တန်းမှာကင်းစခန်းဗုံးကြဲခံရပြီး တပ်စုမှူးအပါအဝင် PDFရဲဘော် ၆ယောက်ကျဆုံး

  • Writer: BVJ
    BVJ
  • Feb 11
  • 1 min read

မိုနာ/BVJ_ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆

ပုံစာ-ကျဆုံးရဲဘော်၆ယောက်(ဓါတ်ပုံ-B.R.A)
ပုံစာ-ကျဆုံးရဲဘော်၆ယောက်(ဓါတ်ပုံ-B.R.A)

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ကင်းစခန်းပေါ်ကို ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခံရပြီး တပ်စုမှူးအပါအဝင် ရဲဘော် ၆ ယောက်ကျဆုံးခဲ့တယ်လို့ Bamar Revolution Army - B.R.A က သိရပါတယ်။


ကျဆုံးသွားတဲ့ရဲဘော်တွေဟာ နတ်တလင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ် ၃၈၀၁၊ တပ်ခွဲ ၄ ၊ Bamar Revolution Army-B.R.A တပ်ဖွဲ့ဝင် တပ်စုမှူးရဲဘော်မိုးစက်၊ ရဲဘော်နေကြီး၊ ရဲဘော်ရှိုင်းလေး၊ ရဲဘော်နောက်တိုး၊ ရဲဘော်မဲလုံး၊ ရဲဘော်ကြွက်နီတို့ဖြစ်ပြီး အခုလ ဖေ‌ဖော်ဝါရီ ၆ရက် မနက်ကိုးနာရီအချိန်က ရှေ့တန်းမှာကျဆုံးခဲ့တာပါ။


“ကင်းစခန်းကို ဒရုန်းဗုံးထိမှန်ကျဆုံးတာပါ”လို့ Bamar Revolution Army-B.R.A တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက Burma VJကိုပြောပါတယ်။


ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့စွန့်လွှတ်အနစ်နာခံပေးဆပ်မှုတို့ကို အစဥ်အမြဲအောက်မေ့သတိရနေမှာဖြစ်ပြီး မပြီးဆုံးသေးတဲ့တော်လှန်ရေးခရီးကို ဆုံးခန်းတိုင်ထိ ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်း B.R.Aတပ်ဖွဲ့က မနေ့က ဖေဖော်ဝါရီ ၁၀ရက်မှာ ကတိသစ္စာပြုထုတ်ပြန်ထားပါသေးတယ်။


ပဲခူးတိုင်း အနောက်ခြမ်း၊ နတ်တလင်းမြို့နယ်ဘက်ကို စစ်အုပ်စုကအခုလဆန်းပိုင်းမှာ စစ်ကြောင်းထိုးလာတာကြောင့် အရှေ့ဘက်ကကျေးရွာတွေနဲ့ ပဲခူးရိုးမကြားဒေသတွေအတွင်းမှာ စစ်အုပ်စုနဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၅ ရက်ကလည်း နတ်တလင်းရှေ့ခြမ်းက ဆီဆုံကုန်းရွာနဲ့ကျောက်ကုန်းလေးရွာတို့ကို စစ်အုပ်စုက စက်တပ်လေထီး၊ Y12 လေယာဥ်တွေနဲ့ ဗုံး ၁၂ လုံးကြဲချခဲ့တာကြောင့် နေအိမ်တွေထိခိုက်မှုရှိခဲ့သလို ၇ ရက်နေ့မနက်မှာလည်း ကံသာယာရွာကို ၁၂၀ မမအမြောက်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page