top of page


အာဏာသိမ်းစစ်အုပ်စုရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ၁၈ကြိမ်မှာ နိုင်ငံရေးအကျဥ်းသား ၁၃ ရာခိုင်နှုန်းကျော်သာ ပါဝင်
အေတီ/BVJ _ နိုဝင်ဘာ ၂၈၊ ၂၀၂၅ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့နောက်ပိုင်း ငါးနှစ်နီးပါးကာလအတွင်းမှာ အာဏာသိမ်းစစ်အုပ်စုက လွတ်ငြိမ်းချမ်းသာခွင့် ၁၈ကြိမ်ကြေညာခဲ့ပြီး၊ အကျဥ်းကျခံနေရသူ ၁၁၂,၉၂၆ တစ်သိန်းတစ်သောင်းသုံးထောင်နီးပါးကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲ့ဒီအထဲမှာ နိုင်ငံရေးအကျဥ်းသား ၁၅,၄၄၄ တစ်သောင်းငါးထောင်ကျော်သာပါဝင်ခဲ့ပြီး ရာခိုင်နှုန်းအနေနဲ့ ၁၃ ဒသမ ၇ ရာခိုင်နှုန်းသာရှိတယ်လို့ ISP မြန်မာအဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ စစ်အုပ်စုရဲ့လွတ်ငြိမ်းခွင့်ပေးမှုတွေထဲမှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကန

BVJ
Dec 1, 20251 min read


ဌာနကြီးမှူး ၈ ဦးနဲ့အတွင်းရေးမှူးတစ်ဦးပါဝင်တဲ့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း
အီးကေ/BVJ_နိုဝင်ဘာ ၂၈၊ ၂၀၂၅ ဓာတ်ပုံ- Aye Myint Aung Aung facebook ဌာနကြီးမှူး ၈ ဦး၊ အတွင်းရေးမှူးတစ်ဦးပါဝင်တဲ့ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းကြောင်း ဒီနေ့သတင်းထုတ်ပြန်ပါတယ်။ အုပ်ချုပ်ရေးဌာန၊ ကာကွယ်ရေးနဲ့လုံခြုံရေးဌာန၊ ဘဏ္ဍာရေးနဲ့အခွန်နဲ့သဘာဝသယံဇာတ စီမံခန့်ခွဲရေးဌာန၊ ပညာရေးဌာန၊ လူငယ် အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာဌာန၊ လူသားချင်းစာနာကူညီရေးနဲ့ အရေးပေါ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန၊ ကျန်းမာရေးဌာနဆိုပြီး ဌာနကြီး ၈ခုဖွဲ့စည်းထားတာတွေ့ရပါတယ်။ ဒီဖွဲ့စည်းတာဝန်ပေးခံရမှုနဲ့ပတ်သ

BVJ
Dec 1, 20251 min read


အင်ဒိုနဲ့ထိုင်းနိုင်ငံရေကြီးမှုအတွင်း သေဆုံးသူ ၃၅၀ ကျော်ထိရှိလာ
အေတီ/BVJ_နိုဝင်ဘာ ၂၉၊ ၂၀၂၅ အင်ဒိုရေကြီးမှုအတွင်း ပြောင်းရွှေ့ပေးနေပုံ။ အင်ဒိုနီးရှားနဲ့ထိုင်းနိုင်ငံတို့မှာရေကြီးမှုကြောင့် သေဆုံးသူဦးရေ ၃၅၀ ကျော်ထိရှိလာပြီး အဆိုးရွားဆုံးထိခိုက်ခံစားခဲ့ရတဲ့နေရာတွေကို ကယ်ဆယ်ရေးသမားတွေအရောက်သွားဖို့ အခက်အခဲတွေရှိနေပါတယ်။ ရေကြီး၊မြေပြိုကျမှုတွေကြောင့် အင်ဒိုနီးရှားမှာ လူ၂၀၀ကျော်သေဆုံးခဲ့တယ်လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာအဖွဲ့တစ်ခုရဲ့ စာရင်းဇယားတွေအရသိရပါတယ်။အဆိုးရွားဆုံးဒဏ်ခံရတဲ့ ဆူမာတြားကျွန်းဒေသကိုရောက်အောင်သွားဖို့ ကယ်ဆယ်ရေးသမားတွေအတွက် အခက်အခ

BVJ
Dec 1, 20251 min read


တပါတ်အတွင်း အထူးသတင်း
BVJ_နိုဝင်ဘာ ၃၀၊ ၂၀၂၅ ဒီတပတ်တင်ဆက်ထားတဲ့သတင်းတွေထဲမှာ ဟောင်ကောင်မီးလောင်မှုအတွင်း သေဆုံးသူ ၁၃၀ နီးပါးရှိလာတဲ့သတင်း၊ အိမ်ဖြူတော်နားမှာ National Guardတပ်ဖွဲ့ဝင်နှစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီးနောက်ပိုင်း နောက်ဆက်တွဲ အခြေအနေ၊ စစ်အုပ်စုကလုပ်မယ့်ရွေးကောက်ပွဲကို နိုင်ငံတကာလွှတ်တော်အမတ်တွေကရှုတ်ချလိုက်တဲ့သတင်းအပါအဝင် တခြားပြည်တွင်း ပြည်ပက စိတ်ဝင်စားစရာသတင်းတွေ ပါဝင်ပါတယ်။ BVJရဲ့ ဒီတပတ်အထူးသတင်းအစီအစဥ်ကို မအယ်နာကတင်ဆက်ပေးထားပါတယ်။

BVJ
Dec 1, 20251 min read


လန်ဒန်က စစ်ဘေးရှောင်ရန်ပုံငွေပွဲ
BVJ_နိုဝင်ဘာ ၃၀၊ ၂၀၂၅ နိုဝင်ဘာ၂၉ရက်နေ့က လန်ဒန်မှာကျင်းပတဲ့ အဆိုတော်အယ်လွန်းဝါနဲ့ အဆိုတော်ခင်ဘုဏ်းတို့ရဲ့ စစ်ဘေးရှောင်ရန်ပုံငွေဂီတဖျော်ဖြေပွဲက ပုံရိပ်တွေဖြစ်ပါတယ်။ အဲ့ဒီပွဲမှာ ပန်းချီဆရာကိုမင်းသိန်းကျော်ကရေးဆွဲပြီး ကင်အဲရစ်ကအမှတ်တရလက်မှတ်ထိုးထားတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကားတချပ်ကိုလည်း လေလံတင်ရောင်းချခဲ့ပါတယ်။ ဒီပန်းချီကားကို ပေါင်စတာလင် ၁၂၅၀ နဲ့လေလံအောင်သွားခဲ့ပါတယ်။ ဒီပွဲကို Myanmar Hindu Unionကကြီးမှူးကျင်းပပြီး ရိုးရာအစားအသောက်တွေရောင်းချတာအ

BVJ
Dec 1, 20251 min read


ဒါရိုက်တာမိုက်တီးနဲ့ သရုပ်ဆောင်နှစ်ဦး ထောင်ဒဏ် ၇ နှစ်ချမှတ်ခံရ
အေတီ/BVJ_ နိုဝင်ဘာ ၃၀၊ ၂၀၂၅ ဒါရိုက်တာမိုက်တီး၊ ဇာတ်ပို့သရုပ်ဆောင်ကျော်ဝင်းထွဋ်နဲ့ ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ကို အာဏာသိမ်းစစ်အုပ်စုက ရွေးကောက်ပွဲနှောင့်ယှက်မှုဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်လိုက်ပါတယ်။ ဒါရိုက်တာမိုက်တီးကို နိုဝင်ဘာ၂၇ရက်မှာ ရန်ကင်းတရားရုံးက ထောင်ဒဏ် ၇ နှစ်၊ သရုပ်ဆောင်ကျော်ဝင်းထွဋ်ကို ဗဟန်းမြို့နယ်တရားရုံးကနေ နိုဝင်ဘာ ၂၈ ရက်မှာ ထောင်ဒဏ် ၇ နှစ်၊ ဟာသသရုပ်ဆောင် အုန်းဒိုင်းကိုတော့ တောင်ဒဂုံမြို့နယ်တရားရုံးက နိုဝင်ဘာ ၂၅ ရက်မှာ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ကြောင်း သိရ

BVJ
Dec 1, 20251 min read


စဉ့်ကူးက စစ်ဘေးရှောင်ဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းဗုံးကြဲခံရပြီး စစ်ရှောင်နေသူတွေ သေဆုံး
အယ်နာ/BVJ_နိုဝင်ဘာ ၂၈၊ ၂၀၂၅ ၂၀၂၅၊ဇူလိုင် ၂၉ရက်က စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာဗုံးကြဲခံရပြီးမြင်တွေ့ရပုံ။ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ဝါးရုံကုန်းကျေးရွာမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့ဘုန်းကြီးကျောင်းကို စစ်အုပ်စုက မနေ့ကနိုဝင်ဘာ ၂၇ ရက် မနက်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ဗုံးကြဲခဲ့တဲ့အတွက် ၅ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ကြဲချလိုက်တဲ့ဗုံးဟာဘုန်းကြီးကျောင်းဘေးက စစ်ရှောင်တွေနေတဲ့နေရာမှာ ကျရောက်ပေါက်ကွဲတာကြောင့် စစ်ရှောင်တွေအပါအဝင် ဥပုလ်သီလယူနေသူတွေလည်း ထိခို

BVJ
Nov 28, 20251 min read


ကျောက်တော်ဗုံးကြဲခံရပြီး အမျိုးသမီး ၅ဦးနဲ့ အမျိုးသား ၁ ဦးသေဆုံး
BVJ/ဂျိုး_နိုဝင်ဘာ ၂၈၊ ၂၀၂၅ ကျောက်တော်မြို့နယ်၊ ကြောင်ဖိုရွာဗုံးကြဲခံရပြီးနောက်မြင်တွေ့ရပုံ။ ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ်ကို ဒီကနေ့ မနက်ပိုင်း ၁၁နာရီလောက်မှာ စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၆ဦး ထက်မနည်းသေဆုံးပြီးတော့ ၁၀ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်အုပ်စုဟာ ကျောက်တော်မြို့ ကြောင်ဖိုရွာနဲ့ ကန်စောက်တောင်အနီးအနားကို ဂျက်ဖိုက်တာနဲ့ပေါင် ၅၀၀ဗုံးကို လာကြဲချခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အခုလိုဗုံးကြဲချခဲ့တာကြောင့် ကြောင်

BVJ
Nov 28, 20251 min read


ချင်းဒေသတွင်းတိုက်ပွဲမှာ စစ်အုပ်စုအထိနာနေ
BVJ/ဂျိုး_နိုဝင်ဘာ ၂၈၊ ၂၀၂၅ ၂၀၂၅၊ နိုဝင်ဘာ ၂၇ရက်က တီးတိန်အဝင်ဂိတ်ကိုတိုက်ခိုက်ပြီးနောက် ချင်းတပ်ဖွဲ့ကဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်သားနှစ်ဦး။ ချင်းပြည်နယ်မြောက်ပိုင်းက တီးတိန်နဲ့ဖလမ်းမြို့နယ်တွေကို စစ်အုပ်စုဘက်ကအင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ဆက်တိုက်ဆိုသလိုနှစ်ဘက်တိုက်ပွဲတွေပြင်းထန်နေပြီး စစ်အုပ်စုဘက်ကအထိနာနေကြောင်းကို ချင်းတော်လှန်ရေးအင်အားစုတွေဘက်က ပြောကြပါတယ်။ အခုလိုတိုက်ပွဲပြင်းထန်နေတဲ့တီးတိန်မြို့အဝင်နားမှာ ဂိတ်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို

BVJ
Nov 28, 20251 min read


၅၀၅(က)ပုဒ်မနဲ့ထောင်ချခံရပြီး ပြန်လွတ်မြောက်လာတဲ့သူတွေထဲ သူတို့လေးဦးပါဝင်လာ
အေတီ/BVJ_နိုဝင်ဘာ ၂၇၊ ၂၀၂၅ ၂၀၂၅ခုနှစ်၊ဇန်နဝါလ ၃၁ရက်နေ့က ၅၀၅ က ပုဒ်မနဲ့ထောင်၃နှစ်ချခံခဲ့ရတဲ့ ကိုဇော်လင်းထွဋ် (ခ)ဖိုးသား၊ ကိုအောင်မင်းခိုင်(ခ)မဲကြီး ၊မမြမဉ္ဇူနဲ့ မနှင်းအိခိုင်တို့ လေးဦးဟာ ဒီနေ့ပြန်လွတ်မြောက်လာတဲ့သူတွေထဲ ပါဝင်လာပြီလို့သိရပါတယ်။ ကိုဇော်လင်းထွဋ်(ခ)ဖိုးသား၊မမြမဉ္ဇူနဲ့မနှင်းအိခိုင်တို့သုံးဦးဟာ ရန်ကုန်၊ အင်းစိန်ထောင်ကလွတ်မြောက်လာသူ ၁၉၂ ဦးထဲမှာပါဝင်ပြီး ကိုအောင်မင်းနိုင်(ခ)မဲကြီးကတော့ ဟင်္သာတထောင်ကလွတ်မြောက်လာတာလို့ တကသကျောင်းသားများအင်အားစုနဲ့နီးစပ်သူတစ်ဦးက Burma VJက

BVJ
Nov 28, 20251 min read


"လန်ဒန်မှာကျင်းပမယ့် အယ်လွန်းဝါနဲ့ခင်ဘုဏ်းတို့ရဲ့ စစ်ဘေးရှောင်ရန်ပုံငွေ ဂီတပွဲ"
BVJ_နိုဝင်ဘာ ၂၇၊ ၂၀၂၅ ဒီလ နိုဝင်ဘာ ၂၉ရက်နေ့မှာကျင်းပမယ့် စစ်ဘေးရှောင်ဂီတရန်ပုံငွေပွဲအတွက်ကို အဆိုတော်အယ်လွန်းဝါနဲ့အဆိုတော့ခင်ဘုဏ်းတို့ဟာ လန်ဒန်မှာရောက်ရှိနေပြီး သီချင်းတိုက်တာတွေလုပ်ဆောင်နေပါတယ်။ လက်ရှိမှာ အဲ့ဒီစစ်ဘေးရှောင်ရန်ပုံငွေပွဲအတွက် လက်မှတ်တွေရောင်းချနေပြီး လက်မှတ်အနည်းငယ်သာကျန်တော့တယ်လို့လည်း ပွဲစီစဉ်သူတွေကပြောပါတယ်။

BVJ
Nov 28, 20251 min read


“ဓာတ်ပုံတပုံကပြောတဲ့ ၅၀၅(က) ဇာတ်လမ်းတခု”
BVJ/နိုဝင်ဘာ ၂၈၊ ၂၀၂၅ ၅၀၅(က)ပုဒ်မနဲ့ထောင်ချခံရပြီး ရန်ကုန်၊အင်းစိန်ထောင်က ဒီနေ့ပြန်လွတ်လာသူတွေရဲ့ပုံတွေထဲမှာ လူစိတ်ဝင်အစားဆုံးနဲ့ကြည့်မြင်ရသူတိုင်း စိတ်ထိခိုက်ခံစားခဲ့ရတဲ့ဓာတ်ပုံတစ်ပုံကတော့ သားအမိနှစ်ယောက်ပြန်ဆုံတွေ့တဲ့မှတ်တမ်းဓာတ်ပုံတပုံပဲ ဖြစ်ပါတယ်။ ထောင်ကလွတ်လာတဲ့သားဖြစ်သူကို အပြင်မှာကျန်ခဲ့တဲ့ ကျန်းမာရေးမကောင်းတဲ့မိခင်ကလာကြိုတာလို့ လူအများကထင်ခဲ့ကြပေမယ့် တကယ်တမ်းနောက်ကြောင်းအသေအချာလိုက်ကြည့်လိုက်တဲ့အခါမှာတော့ သားအမိနှစ်ယောက်လုံးဟာ အင်းစိန်ထောင်ကနေအတူတူပြန်လွတ်လာကြတယ်ဆိုတာ

BVJ
Nov 28, 20251 min read


အင်းစိန်ထောင်က ပုဒ်မ ၅၀၅(က)နဲ့ထိန်းသိမ်းခံထားရသူ ၁၉၂ယောက် ပြန်လွတ်လာ
မိုနာ/BVJ_နိုဝင်ဘာ ၂၇၊ ၂၀၂၅ ဓါတ်ပုံ-Zawwinnaing ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်ကနေ ဒီနေ့ နိုဝင်ဘာ ၂၇ရက်မှာ ပုဒ်မ ၅၀၅(က)နဲ့ထောင်ကျနေသူ ၁၉၂ယောက်ပြန်လွတ်လာတယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲ မဲပေးဖို့အတွက်ဆိုပြီး စစ်အုပ်စုလွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သူတွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLDဗဟိုပြန်ကြားရေး ဦးကြည်တိုးနဲ့ တကသကျောင်းသားဟောင်းများအင်အားစုက ကိုဖိုးသားတို့လည်းပါဝင်လာတာတွေ့ရပါတယ်။ ကိုဖိုးသားလွတ်မြောက်လာကြောင်းကိုလည်း တကသကျောင်းသားဟောင်းများအင်အားစုက အသိပေးထားပါတယ်။ ဓါတ်ပုံ

BVJ
Nov 27, 20251 min read


TPSရပ်ဆိုင်းလိုက်တာကိုပြန်ရုတ်သိမ်းပေးဖို့ အမေရိကန်အစိုးရကို အာဆီယံလူ့အခွင့်အရေး လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ တောင်းဆို
BVJ/ဂျိုး_နိုဝင်ဘာ ၂၇၊ ၂၀၂၅ ဓာတ်ပုံ- APHR အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေအတွက်ယာယီခိုလှုံခွင့် (TPS) ကိုပယ်ဖျက်လိုက်တဲ့ အမေရိကန် ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS)ရဲ့ဆုံးဖြတ်ချက်ကို အာဆီယံလူ့အခွင့်အရေး လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR)က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်သလို ဆုံးဖြတ်ချက်ကို ပြန်ရုတ်သိမ်းပေးဖို့တယ်လို့ မနေ့ကထုတ်ပြန်ပါတယ်။ DHSရဲ့ဆုံးဖြတ်ချက်ဟာ အမေရိကန်ရောက်ထောင်နဲ့ချီတဲ့ဒုက္ခသည်တွေအတွက် ဥပဒေအကာကွယ်ပေးထားတာကို ဖယ်ရှားလိုက်တာနဲ့အတူတူပဲလို့ APHR ဥက္ကဋ္ဌန

BVJ
Nov 27, 20251 min read


ဟောင်ကောင်မီးလောင်မှု သေဆုံးအရေအတွက် ၄၄ ဦးထိရှိလာ
အီးကေ/BVJ_ နိုဝင်ဘာ ၂၇၊ ၂၀၂၅ ဟောင်ကောင်၊ တိုင်ပိုခရိုင်အထပ်မြင့်တိုက်ခန်းတွေ မနေ့ကမီးလောင်မှုမှာ အနည်းဆုံး လူ ၄၄ ဦးသေဆုံးမှုရှိလာပြီး၊ ၄၅ ဦးကစိုးရိမ်ရတဲ့အခြေအနေမှာရှိနေပါတယ်။ ဒါ့အပြင်၂၇၉ ဦးကပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ Wang Fuk Court ထဲက အဆောက်အဦးရှစ်ခုမီးလောင်ကျွမ်းမှုကို မီးသတ်သမား ၈၀၀ ကျော်ကငြှိမ်းသတ်ခဲ့ရပါတယ်။ မီးလောင်ကျွမ်းမှုဖြစ်ပွားရတဲ့ အဓိကအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး၊ ပြုပြင်မွမ်းမံမှုတွေပြုလုပ်နေတဲ့နေရာမှာ ပိုလီစတိုင်ရင်းပျဉ်ပြားတွေအသုံးပြုထားတာ၊ ငြမ်းအဖြစ်

BVJ
Nov 27, 20251 min read


စစ်အုပ်စုရွေးကောက်ပွဲ ယုံကြည်စရာမရှိဘူးလို့ပြောခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုအမြန်ပြန်လွှတ်ပေးဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတောင်းဆို
အီးကေ/BVJ_ နိုဝင်ဘာ ၂၆၊ ၂၀၂၅ လာမယ့် ဒီဇင်ဘာလထဲမှာ အာဏာသိမ်းစစ်ကောင်စီကဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲဟာလွတ်လပ်မှုမရှိသလို ယုံကြည်နိုင်တဲ့အနေအထားမရှိဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ခ် ဖူအန်ကက်ခွိုင်းကပြောလိုက်ပြီး၊လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ပြန်လွှတ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ "လွတ်လပ်ပြီးယုံကြည်စိတ်ချရတဲ့ရွေးကောက်ပွဲတစ်ခု ကျွန်တော်တို့ကဖြစ်စေချင်တယ်။ ဒါပေမယ့် အဲဒီလိုဖြစ်လာမှာမဟုတ်ဘူးဆိုတာလဲ ကျွန်တော်တို့သိပြီးသားပါ။ ဒီရွေးကောက်ပွဲကိုအသိအမှတ်ပြုနိုင်

BVJ
Nov 27, 20251 min read


ရွေးကောက်ပွဲမဲပေးဖို့အကြောင်းပြချက်နဲ့ ၅၀၅ကပုဒ်မနဲ့အရေးယူခံခဲ့ရတဲ့ အချုပ်သား၊အကျဥ်းသား ရှစ်ထောင်နီးပါးကို စစ်အုပ်စုကလွတ်ငြိမ်းချမ်းသာခွင့်ပြု
အေတီ/BVJ_ နိုဝင်ဘာ ၂၆၊ ၂၀၂၅ ပုဒ်မ၅၀၅(က)နဲ့တရားစွဲဆိုခံထားရသူ ၅၅၈၀ဦးတို့ရဲ့ကြားနာနေဆဲအမှုတွေကို ရုတ်သိမ်းလိုက်ပြီး ၅၀၅(က)နဲ့ထောင်ချခံထားရတဲ့သူ ၂၃၆၁ဦးကိုပြန်လွှတ်ပေးမယ်လို့ အာဏာသိမ်းစစ်အုပ်စုက ဒီနေ့သတင်းထုတ်ပြန်ပါတယ်။ ဒ့ါအပြင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကနဲ့ထောင်ချခံထားရတဲ့သူ ၇၂၄ဦးကိုလည်း “နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ရင်ယင်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိနေတဲ့ပြစ်ဒဏ်ကိုပါ ပူးပေါင်းကျခံပါမယ်"ဆိုတဲ့ခံဝန်ချက်နဲ့လွှတ်ပေးမယ်လို့ သိရပါတယ်။ အမှုရုတ်သိမ်းပြီး၊အကျဥ်းထောင်ကပြန်လွှတ်ပေးရတာဟ

BVJ
Nov 27, 20251 min read


စဉ့်ကူးကို စစ်အုပ်စုစစ်ကြောင်းထိုးဖို့ပြင်နေတာကြောင့် ဒေသခံတွေ မန္တလေးနဲ့စစ်ကိုင်းဘက်ကို တိမ်းရှောင်နေရ
အယ်နာ/BVJ_ နိုဝင်ဘာ ၂၆၊ ၂၀၂၅ တော်လှန်ရေးတပ်ဖွဲ့သိမ်းယူထားတဲ့ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီး ရေလှောင်တမံနဲ့နယ်မြေခံတပ်ဌာနချုပ်တွေကို ပြန်လည်သိမ်းယူလိုက်ကြောင်း စစ်အုပ်စုက ၂၀၂၅၊ နိုဝင်ဘာ ၇ရက်ကကြေညာထားပုံ။ ပြည်သူ့ကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းက ကျေးရွာတချို့မှာ အခုရက်ပိုင်းအတွင်း စစ်အုပ်စုစစ်ကြောင်းထိုးလာတာကြောင့် ဒေသတွင်းကကျေးရွာတွေ ရွာလုံးကျွတ်နီးပါးစစ်ရှောင်နေရပြီလို့ ဒေသခံတွေဆီကသိရပါတယ်။ စဉ့်ကူးနယ်ထဲက ရွှေပြည်ကျေးရွာအပါအဝင် ရွှေပြည်အုပ်စု

BVJ
Nov 26, 20251 min read


TPSဖျက်သိမ်းခံရတဲ့ အမေရိကန်ရောက်မြန်မာတွေပြန်လာပြီးမဲပေးဖို့ စစ်အုပ်စုဖိတ်ခေါ်နေ
BVJ/ဂျိုး_နိုဝင်ဘာ ၂၆၊ ၂၀၂၅ မြန်မာနိုင်ငံအခြေအနေတိုးတက်ကောင်းမွန်လာတာကြောင့် အမေရိကန်ရောက်မြန်မာနိုင်ငံသားတွေကိုပေးထားတဲ့ ယာယီခိုလှုံခွင့် (Temporary Protected Status - TPS)ကို အခုလ နိုဝင်ဘာ ၂၄ ရက်နေ့ကစပြီး ရပ်ဆိုင်းလိုက်တယ်လို့ အမေရိကန်ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS)က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အခုလို TPSကိုရပ်ဆိုင်းလိုက်ရတာဟာ မြန်မာနိုင်ငံအစိုးရအနေနဲ့ အရေးပေါ်အခြေအနေက ရုပ်သိမ်းပေးခဲ့မှု၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ဖို့ ဆောင်ရွက်နေမှု၊ တိုင်းရင်းသားလက်

BVJ
Nov 26, 20251 min read


ဝက်လက်တိုက်ပွဲမှာ တပ်မ ၃၃လက်အောက်ခံတပ် အထိနာ၊ သေဆုံးသူများ
မိုနာ/BVJ_နိုဝင်ဘာ ၂၆၊ ၂၀၂၅ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကြောင်းထိုးလှုပ်ရှားနေပြီး ရွာတွေကိုမီးရှို့ဖျက်ဆီးနေတဲ့စစ်အုပ်စုကို အမှတ်(၂)ရွှေဘိုခရိုင် ကွပ်ကဲရေးမှူးစီမံချက်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေက အခုလ ၂၃ရက်မှာတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဝက်လက်မြို့နယ် စိုင်နိုင်ကွေ့ကထွက်လာတဲ့ ဗိုလ်ကြီး ဆန်းညွန့်ထွန်း(ကြည်း-၆၃၉၅၅)ဦးစီး၊ တပ်မ ၃၃ လက်အောက်ခံ (ခမရ-၁၁)/(ခလရ-၄၂)/ပျူစောထီးပူးပေါင်းတို့ပါဝင်တဲ့ ခန့်မှန်းအင်အား (၁၂၀)ဦးပါစစ်ကြောင်းဟာ ပုဏ္ဏားကျေးရွာကိုစစ်ကြောင်းထိုး...

BVJ
Nov 26, 20251 min read
bottom of page



