top of page

ဌာနကြီးမှူး ၈ ဦးနဲ့အတွင်းရေးမှူးတစ်ဦးပါဝင်တဲ့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း

  • Writer: BVJ
    BVJ
  • Dec 1, 2025
  • 1 min read

အီးကေ/BVJ_နိုဝင်ဘာ ၂၈၊ ၂၀၂၅

ဓာတ်ပုံ- Aye Myint Aung Aung facebook
ဓာတ်ပုံ- Aye Myint Aung Aung facebook

ဌာနကြီးမှူး ၈ ဦး၊ အတွင်းရေးမှူးတစ်ဦးပါဝင်တဲ့ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းကြောင်း ဒီနေ့သတင်းထုတ်ပြန်ပါတယ်။


အုပ်ချုပ်ရေးဌာန၊ ကာကွယ်ရေးနဲ့လုံခြုံရေးဌာန၊ ဘဏ္ဍာရေးနဲ့အခွန်နဲ့သဘာဝသယံဇာတ စီမံခန့်ခွဲရေးဌာန၊ ပညာရေးဌာန၊ လူငယ် အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာဌာန၊ လူသားချင်းစာနာကူညီရေးနဲ့ အရေးပေါ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန၊ ကျန်းမာရေးဌာနဆိုပြီး ဌာနကြီး ၈ခုဖွဲ့စည်းထားတာတွေ့ရပါတယ်။


ဒီဖွဲ့စည်းတာဝန်ပေးခံရမှုနဲ့ပတ်သက်ပြီး သူ့အနေနဲ့ တာဝန်ယူမှု၊တာဝန်ခံမှုရှိရှိ လုပ်ဆောင်သွားမယ်လို့ လူသားချင်းစာနာမှုကူညီရေးနှင့်အရေးပေါ်ဆိုင်ရာစီမံခန့်ခွဲရေးဌာန ဌာနကြီးမှူးအဖြစ်တာဝန်ပေးအပ်ခံရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်အေးမြင့်အောင်အောင်က သူ့ရဲ့ဆိုရှယ်မီဒီယာစာမျက်နှာကတဆင့် အခုလိုပြောပါတယ်။


“မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီမှာ လူသားစာနာလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့တာဝန်ပေးအပ်ခံရပါတယ်။ ဒီကနေ့ကစလို့ (၂)နှစ်တိတိ တာဝန်ယူမှု တာဝန်ခံမှုရှိရှိအလုပ်လုပ်သွားပါမယ်လို့ ကတိပေးပါတယ်။ တဖက်မှာလည်း ဝေဖန်အကြံပြုမှုတွေကိုလည်း စောင့်မျှော်ကြိုဆိုပါတယ်”

မန္တလေးဒေသကြားကာလနိုင်ငံရေးအစီအမံ ပုဒ်မ (၇၅)အရ ကောင်စီကို အောက်ပါအတိုင်းဖွဲ့စည်းတာဝန်ပေးခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page