top of page

ဒါရိုက်တာမိုက်တီးနဲ့ သရုပ်ဆောင်နှစ်ဦး ထောင်ဒဏ် ၇ နှစ်ချမှတ်ခံရ

  • Writer: BVJ
    BVJ
  • Dec 1, 2025
  • 1 min read

အေတီ/BVJ_ နိုဝင်ဘာ ၃၀၊ ၂၀၂၅

ဒါရိုက်တာမိုက်တီး၊ ဇာတ်ပို့သရုပ်ဆောင်ကျော်ဝင်းထွဋ်နဲ့ ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ကို အာဏာသိမ်းစစ်အုပ်စုက ရွေးကောက်ပွဲနှောင့်ယှက်မှုဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်လိုက်ပါတယ်။


ဒါရိုက်တာမိုက်တီးကို နိုဝင်ဘာ၂၇ရက်မှာ ရန်ကင်းတရားရုံးက ထောင်ဒဏ် ၇ နှစ်၊ သရုပ်ဆောင်ကျော်ဝင်းထွဋ်ကို ဗဟန်းမြို့နယ်တရားရုံးကနေ နိုဝင်ဘာ ၂၈ ရက်မှာ ထောင်ဒဏ် ၇ နှစ်၊ ဟာသသရုပ်ဆောင် အုန်းဒိုင်းကိုတော့ တောင်ဒဂုံမြို့နယ်တရားရုံးက နိုဝင်ဘာ ၂၅ ရက်မှာ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ကြောင်း သိရပါတယ်။


အာဏာသိမ်းစစ်အုပ်စုကထုတ်လွှင့်ခဲ့တဲ့ “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ရွေးကောက်ပွဲဝါဒဖြန့်ချီရေး ဇာတ်ကားနဲ့အဲ့ဒီရုပ်ရှင်ထဲက သရုပ်ဆောင်တွေကို ဝေဖန်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အဲ့ဒီရုပ်ရှင်အနုပညာရှင်သုံးဦးကို အောက်တိုဘာ ၂၇ ရက်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။


သူတို့သုံးဦးကို ရှေ့နေလည်ခေါ်ခွင့်မပေးခဲ့သလို တရားရုံးမှာလည်းတစ်စုံတစ်ရာခုခံခွင့်မပေးခဲ့ဘဲ ရုံးချိန်တစ်ချိန်းထဲနဲ့ ပြစ်ဒဏ်ချမှတ်ခဲ့တာလို့ ရုပ်ရှင်အသိုင်းအဝန်းကလာတဲ့သတင်းတွေအရ သိရပါတယ်။


ရွေးကောက်ပွဲနှောင့်ယှက်မှုကာကွယ်ရေးဥပဒေ (ပုဒ်မ ၂၃ က)နဲ့ အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရတဲ့ ဒါရိုက်တာမိုက်တီးဟာ အာဏာသိမ်းစစ်အုပ်စုကိုဝေဖန်မှုနဲ့ ပုဒ်မ ၅၀၅ (က)နဲ့ ၂၀၂၁ခုနှစ်အဖမ်းခံခဲ့ရပြီး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်နေ့မှာခံဝန်နဲ့ပြန်လွတ်ထားသူ တစ်ဦးလည်းဖြစ်ပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page