အင်းစိန်ထောင်က ပုဒ်မ ၅၀၅(က)နဲ့ထိန်းသိမ်းခံထားရသူ ၁၉၂ယောက် ပြန်လွတ်လာ
- BVJ

- Nov 27, 2025
- 1 min read
မိုနာ/BVJ_နိုဝင်ဘာ ၂၇၊ ၂၀၂၅

ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်ကနေ ဒီနေ့ နိုဝင်ဘာ ၂၇ရက်မှာ ပုဒ်မ ၅၀၅(က)နဲ့ထောင်ကျနေသူ ၁၉၂ယောက်ပြန်လွတ်လာတယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲ မဲပေးဖို့အတွက်ဆိုပြီး စစ်အုပ်စုလွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သူတွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLDဗဟိုပြန်ကြားရေး ဦးကြည်တိုးနဲ့ တကသကျောင်းသားဟောင်းများအင်အားစုက ကိုဖိုးသားတို့လည်းပါဝင်လာတာတွေ့ရပါတယ်။
ကိုဖိုးသားလွတ်မြောက်လာကြောင်းကိုလည်း တကသကျောင်းသားဟောင်းများအင်အားစုက အသိပေးထားပါတယ်။

စစ်အုပ်စုဟာ ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကနဲ့ဖမ်းဆီးထိန်းသိမ်းထားသူ ၃,၀၈၅ ဦးကိုလွတ်ငြိမ်းခွင့်နဲ့ ပြစ်ဒဏ်လျှော့ပေါ့ပေးမယ်ဆိုပြီး အဲ့ဒီထဲက ၇၂၄ ဦးကိုတော့ ခံဝန်နဲ့လွှတ်ပေးပြီး၊ ကျန်တဲ့ ၂,၃၆၁ဦးကိုပြစ်ဒဏ်လျှော့ပေါ့ပေးမယ်လို့ မနေ့ကကြေညာခဲ့ပါတယ်။
ဒါ့အပြင် ၅၀၅(က)နဲ့တရားစွဲခံထားရပြီးထွက်ပြေးတိမ်းရှောင်နေရတဲ့ အမှုဖွင့်ခံထားရသူ ၅,၅၈၀ ဦးကိုလည်း အမှုတွေပိတ်သိမ်းပေးတယ်လို့ စစ်အုပ်စုကကြေညာပါတယ်။
လက်ရှိမှာတော့ စစ်အုပ်စုကြေညာထားတဲ့ အကျဉ်းသားအရေအတွက်အတိုင်း လွတ်မြောက်လာခြင်းရှိမရှိကို အတည်မပြုနိုင်သေးပါဘူး။




Comments