top of page

ရွေးကောက်ပွဲမဲပေးဖို့အကြောင်းပြချက်နဲ့ ၅၀၅ကပုဒ်မနဲ့အရေးယူခံခဲ့ရတဲ့ အချုပ်သား၊အကျဥ်းသား ရှစ်ထောင်နီးပါးကို စစ်အုပ်စုကလွတ်ငြိမ်းချမ်းသာခွင့်ပြု

  • Writer: BVJ
    BVJ
  • Nov 27, 2025
  • 1 min read

အေတီ/BVJ_ နိုဝင်ဘာ ၂၆၊ ၂၀၂၅


ပုဒ်မ၅၀၅(က)နဲ့တရားစွဲဆိုခံထားရသူ ၅၅၈၀ဦးတို့ရဲ့ကြားနာနေဆဲအမှုတွေကို ရုတ်သိမ်းလိုက်ပြီး ၅၀၅(က)နဲ့ထောင်ချခံထားရတဲ့သူ ၂၃၆၁ဦးကိုပြန်လွှတ်ပေးမယ်လို့ အာဏာသိမ်းစစ်အုပ်စုက ဒီနေ့သတင်းထုတ်ပြန်ပါတယ်။


ဒ့ါအပြင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကနဲ့ထောင်ချခံထားရတဲ့သူ ၇၂၄ဦးကိုလည်း “နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ရင်ယင်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိနေတဲ့ပြစ်ဒဏ်ကိုပါ ပူးပေါင်းကျခံပါမယ်"ဆိုတဲ့ခံဝန်ချက်နဲ့လွှတ်ပေးမယ်လို့ သိရပါတယ်။


အမှုရုတ်သိမ်းပြီး၊အကျဥ်းထောင်ကပြန်လွှတ်ပေးရတာဟာ လာမယ့်လမှာ ကျင်းပမယ့်ရွေးကောက်ပွဲမှာ မဲပေးခွင့်ရဖို့ဖြစ်ကြောင်း စစ်အုပ်စုရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။


၅၀၅(က)နဲ့ဖမ်းဆီးထားနဲ့ ပြည်အကျဉ်းထောင်ကနိုင်ငံရေးအကျဥ်းသား ၈ ဦးကို ဒီနေ့ညမှာစလွှတ်ပေးနေပြီဆိုတာ Burma VJကအတည်ပြုနိုင်ပေမယ့် အခြားထောင်တွေကဘယ်နှစ်ယောက်ပြန်လွှတ်ပြီးပြီလဲဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။


၅၀၅(က)ပုဒ်မဟာ အမြင့်ဆုံးပြစ်ဒဏ်ထောင် ၃ နှစ်အထိပဲချလို့ရတဲ့ပုဒ်မဖြစ်ပြီး၊ အခြားပုဒ်မမျိုးစုံနဲ့ထောင်ချခံနေရတဲ့ နိုင်ငံရေးအကျဥ်းသားသောင်းနဲ့ချီ အကျဥ်းထောင်ထဲမှာကျန်နေပါသေးတယ်။


"ရွေးကောက်ပွဲနီးလာတော့ နိုင်ငံတကာကိုဖော်ရှိုးလုပ်ချင်လို့ ၅၀၅(က)တွေကို အလွှတ်ပြတာပါ။ကျန်တဲ့ပုဒ်မမျိုးစုံနဲ့ နှစ်တွေအများကြီးထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေအများကြီး ထောင်ထဲမှာရှိနေသေးတယ်"လို့ ရန်ကုန်မြို့က နိုင်ငံရေးအကျဥ်းသားတစ်ဦးက BVJ ကိုပြောပါတယ်။

၂၀၂၁ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းစစ်အုပ်စုကဖမ်းဆီးခဲ့တဲ့ နိုင်ငံရေးအကျဥ်းသားအရေအတွက်က ၃၀၀၃၁ သုံးသောင်းကျော်ရှိခဲ့ပြီး၊ လက်ရှိအချိန်အထိ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၂၂၇၀၈ နိုင်ငံရေးအကျဥ်းသား နှစ်သောင်းနှစ်ထောင်ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page