top of page

ပြည်သူ့ဆန္ဒအမြန်ဆုံးပြည့်ဝရေးအတွက် ကြိုးစားရုန်းကန်တိုက်ပွဲဝင်သွားကြဖို့ အေအေတပ်မှူးချုပ် တိုက်တွန်း

Writer: BVJ
BVJ
5 days ago
1 min read

ယူဂရင်း/BVJ_နိုဝင်ဘာ ၉၊ ၂၀၂၆

နိုဝင်ဘာ ၇ရက်မှာကျရောက်တဲ့ ၄၈ နှစ်မြောက်မွေးနေ့အတွက် ဆုတောင်းပေးကြသူတွေကို ရခိုင်အမျိုးသားအဖွဲ့ချုပ်-ULA ဥက္ကဌ၊အာရက္ခတပ်တော်-AAရဲ့ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အထူးကျေးဇူးတင်ကြောင်း ပြောလာပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ကျေးဇူးတင်လွှာထဲမှာ မွေးနေ့ဆုတောင်းပေးကြတဲ့ သက်ဆိုင်ရာအဖွဲ့အစည်း၊လူပုဂ္ဂိုလ်တယောက်ချင်းစီတိုင်းကိုလည်း ကျန်းမာ၊လုံခြုံ၊ ဘေးကင်းကြစေဖို့ ပြန်လည်ဆုတောင်းမေတ္တာပို့‌ပေးထားပြီး မြန်မာပြည်သူလူထုရဲ့ မျှော်လင့်ချက်၊ ဆန္ဒတွေ အမြန်ဆုံးပြည့်ဝစေဖို့ အလျော့မပေးတဲ့ ဇွဲလုံ့လ၊မရပ်မတန့်တဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ ဆက်လက်ကြိုးစားရုန်းကန် တိုက်ပွဲဝင်သွားကြဖို့ ဆိုပြီး တိုက်တွန်းလာတာပါ။

မြစ်ဝကျွန်းပေါ်အမျိုးသားများတပ်ဖွဲ့-DNF ရဲဘော်တွေ ဆုတောင်းပေးနေပုံ။
မြစ်ဝကျွန်းပေါ်အမျိုးသားများတပ်ဖွဲ့-DNF ရဲဘော်တွေ ဆုတောင်းပေးနေပုံ။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့မွေးနေ့ကို ကချင်လွတ်လပ်​ရေးအဖွဲ့/ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA)ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးဂွန်မော်၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)ကွပ်ကဲ​ရေးမှူး မောင်​ဆောင်းခ၊ ပြည်သူ့တော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) ၊ဗမာ့တပ်တော် (Bamar Army) စတဲ့ တော်လှန်ရေးအင်အားစုအသီးသီးက ဆုတောင်းစကားနဲ့သဝဏ်လွှာတွေ ဖော်ပြခဲ့ကြပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page