top of page

အာဆီယံထိပ်သီးအစည်းအဝေး စစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရ၊

Writer: BVJ
BVJ
2 days ago
1 min read

ညွှန်ကြားရေးမှူးချုပ်အဆင့်သာ တက်ရောက်ခွင့်ပေးမယ်

အေတီ/BVJ_ နိုဝင်ဘာ ၁၁၊ ၂၀၂၆

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ နိုဝင်ဘာ ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဆီယံရဲ့မူလရပ်တည်ချက်အတိုင်းမပြောင်းလဲဘဲ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပြုဘူးလို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။


ဒီနေ့ နိုဝင်ဘာ ၁၁ ရက်စွဲနဲ့ထုတ်ပြန်တဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာ “ဒီနှစ်ထိပ်သီးအစည်းအဝေး ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မယ့် သမ္မတ ဖာဒီနန် မားကိုစ် ဂျူနီယာ (Ferdinand R. Marcos Jr.)နဲ့အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ တီမောလက်စတေနဲ့ ဗီယက်နမ်နိုင်ငံတို့ကခေါင်းဆောင်တွေ တက်ရောက်ကြမှာဖြစ်ပါတယ်။


မြန်မာနိုင်ငံကိုယ်စားအနေနဲ့ကတော့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်က တက်ရောက်ရမှာဖြစ်ပါတယ်” လို့ ဖော်ပြထားပါတယ်။

၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက အာဆီယံ ထိပ်သီးအစည်းအဝေးလိုမျိုး အဆင့်မြင့်အစည်းအဝေးတွေကို မြန်မာစစ်ခေါင်းဆောင်တွေ တက်ရောက်ခွင့်ရမလာအောင် အာဆီယံဘက်က ဆက်လက်ပိတ်ပင်ထားဆဲပါ။ မြန်မာ့အရေးဖြေရှင်းဖို့အတွက် အာဆီယံကချမှတ်ထားတဲ့ ဘုံသဘောတူညီချက် (၅) ချက်ကို စစ်ကောင်စီဘက်က အပြည့်အဝအကောင်အထည်ဖော်ဖို့ ပျက်ကွက်နေဆဲဖြစ်တာကြောင့် အခုလိုပိတ်ပင်ထားရတာဖြစ်ပါတယ်။


ဒါပေမဲ့ လူသားချင်းစာနာမှုအကူအညီနဲ့ပတ်သက်လို့တော့ အာဆီယံအနေနဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို အထူးသံတမန်တွေကတဆင့် ဆက်လက် ဆောင်ရွက်ပေးနေပါတယ်။


ဒါ့အပြင် နိုဝင်ဘာ ၁၇ ရက်နေ့မှာပြုလုပ်မယ့် အာဆီယံ-အမေရိကန် အထူးထိပ်သီးအစည်းအဝေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကိုယ်တိုင်တက်ရောက်မှာဖြစ်သလို အာဆီယံအပေါင်းသုံး (ASEAN Plus Three) နဲ့ အရှေ့အာရှထိပ်သီးအစည်းအဝေးတွေကိုလည်း တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ဩစတြေးလျ၊ နယူးဇီလန်နဲ့ ရုရှားနိုင်ငံတို့က ခေါင်းဆောင်တွေနဲ့ကိုယ်စားလှယ်တွေ တက်ရောက်ကြမှာဖြစ်ပါတယ်။


နောက်ဆုံးအစီအစဉ်အဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald J. Trump) တက်ရောက်မယ့် အာဆီယံ-အမေရိကန် အထူးထိပ်သီးအစည်းအဝေးနဲ့ အဆုံးသတ်မှာဖြစ်ပါတယ်။ဒီအစည်းအဝေးတွေဟာ ဒေသတွင်း မဟာဗျူဟာ၊ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ဘုံအကျိုးစီးပွားတွေကိုဆွေးနွေးတဲ့ အဓိကခေါင်းဆောင်များအဆင့် ဖိုရမ်ဖြစ်ပါတယ်။ ဒါ့အပြင် သမ္မတကပိတ်ပွဲအခမ်းအနားကိုဦးဆောင်မှာဖြစ်ပြီး အာဆီယံဥက္ကဋ္ဌတာဝန်ကို စင်ကာပူနိုင်ငံဆီလွှဲပြောင်းပေးအပ်သွားမှာပါ။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page