စစ်အုပ်စုနဲ့တိုက်ပွဲအတွင်း ဒီးမော့ဆိုPDFက အမျိုးသမီးရဲဘော်တစ်ဦးကျဆုံးခဲ့

ယူဂရင်း/BVJ_နိုဝင်ဘာ ၆၊ ၂၀၂၆

ရှမ်း-ကရင်နီနယ်စပ်က မိုးဗြဲမြို့အနီး လွယ်ယင်းတောင်ခြေတိုက်ပွဲအတွင်းမှာ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်မတော်၊DMO PDF အမှတ်(၁၁၀၂)တပ်ရင်းက အမျိုးသမီးရဲဘော် အယ်ဗလင်းကျဆုံးခဲ့တယ်လို့ တပ်ရင်းက မနေ့က နိုဝင်ဘာ ၅ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
ရဲဘော် အယ်ဗလင်းဟာ အခုလ နိုဝင်ဘာလ (၂)ရက်နေ့ကဖြစ်ပွားခဲ့တဲ့ လွယ်ယင်းတောင်ခြေတိုက်ပွဲမှာ တာဝန်ထမ်းဆောင်ရင်း မြင့်မြတ်စွာကျဆုံးခဲ့တာဖြစ်ပြီး စစ်အာဏာရှင်ကျရှုံးရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် မြင့်မြတ်စွာအသက်ပေးခဲ့ရတဲ့ ရဲဘော် အယ်ဗလင်းအတွက် ကျန်ရစ်တဲ့မိသားစုဝင်တွေနဲ့အတူ ထပ်တူအထူးဝမ်းနည်းကြေကွဲရတယ်လို့ တပ်ရင်းက ဖော်ပြထားပါတယ်။
ရဲဘော်ရဲ့ ပေးဆပ်အနစ်နာခံမှုနဲ့တာဝန်ထမ်းဆောင်ခဲ့မှုတွေအပေါ် DMOPDF အမှတ် (၁၁၀၂) တပ်ရင်းက ပြည်သူ့အာဇာနည်သူရဲကောင်းအဖြစ်မှတ်တမ်းတင် ဦးညွှတ်ဂုဏ်ပြုအပ်တယ်လို့ ထုတ်ပြန်ပါတယ်။
ရဲဘော်အယ်ဗလင်းဟာ ကျဆုံးချိန်မှာ အသက် (၁၈)နှစ်ကျော်ရှိပြီး စျာပနအခမ်းအနားကိုတော့ မနေ့က နိုဝင်ဘာလ (၄) ရက်မှာ မိသားစုနဲ့တပ်ရင်းကပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

DMO PDF (အမှတ် ၁၁၀၂)တပ်ရင်းဟာ ရှမ်းတောင်-ကယား (ကရင်နီ) စစ်တိုင်း၊ နည်းဗျူဟာအမှတ် (၁၁)ရဲ့ ကွပ်ကဲမှုအောက်ရှိတဲ့တပ်ရင်းဖြစ်ပြီး ပြီးခဲ့တဲ့အောက်တိုဘာ ၁၅ရက်ကလည်း အောက်တိုဘာလ (၁၅)ရက်ကလည်း လွယ်ယင်းတောင်ခြေတိုက်ပွဲမှာပဲ တပ်ရင်းက ရဲဘော်ဂျွန်ဘောစကို(ခ) ကို့ ကျဆုံးခဲ့ပါသေးတယ်။
DMO PDF (အမှတ် ၁၁၀၂)တပ်ရင်းဟာ လက်ရှိမှာ ကရင်နီဘက်ကိုစစ်ကြောင်းထိုးတိုက်ခိုက်နေတဲ့ စစ်အုပ်စုတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အတူ ခုခံတိုက်ခိုက်မှုတွေလုပ်နေတဲ့တပ်ရင်းလည်းဖြစ်ပါတယ်။
ဓါတ်ပုံ-DMO PDF (အမှတ် ၁၁၀၂)တပ်ရင်းက လွယ်ယင်းတောင်ခြေတိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်အယ်ဗလင်းနဲ့ ရဲဘော်ဂျွန်ဘောစကို(ခ) ကို့။




Comments