top of page

တော်လှန်ရေးဘဏ္ဍာရန်ပုံငွေအပေါ် နိုင်ငံတကာစွပ်စွဲပြောဆိုမှုတွေရှိလာဟု NUGဝန်ကြီးပြော

Writer: BVJ
BVJ
5 days ago
1 min read

ယူဂရင်း/BVJ_နိုဝင်ဘာ ၉၊ ၂၀၂၆

၂၀၂၆၊ နိုဝင်ဘာ ၈ ရက်နေ့က ကိုရီးယားနိုင်ငံ၊အင်ချွန်း ဘူဖျောင်းမြို့ခန်းမမှာကျင်းပခဲ့တဲ့ SCEFကိုယ်စားလှယ်အဖွဲ့၏ “ကိုရီးယားနိုင်ငံ လူထုတွေ့ဆုံပွဲ”(ဓါတ်ပုံ-NUGကိုရီးယားကိုယ်စားလှယ်ရုံး)
၂၀၂၆၊ နိုဝင်ဘာ ၈ ရက်နေ့က ကိုရီးယားနိုင်ငံ၊အင်ချွန်း ဘူဖျောင်းမြို့ခန်းမမှာကျင်းပခဲ့တဲ့ SCEFကိုယ်စားလှယ်အဖွဲ့၏ “ကိုရီးယားနိုင်ငံ လူထုတွေ့ဆုံပွဲ”(ဓါတ်ပုံ-NUGကိုရီးယားကိုယ်စားလှယ်ရုံး)

တော်လှန်‌ရေး ၆နှစ်အတွင်းဝင်ရောက်လာချိန်မှာ တော်လှန်ရေးဘဏ္ဍာရန်ပုံငွေနဲ့ပတ်သက်ပြီး နိုင်ငံတကာနဲ့လူပုဂ္ဂိုလ်အချို့က စွပ်စွဲပြောဆိုမှုတွေရှိလာတယ်လို့ NUG စီမံကိန်း၊ဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိုင်က မနေ့က နိုဝင်ဘာ ၈ရက်မှာပြောပါတယ်။


"တော်လှန်ရေး ၆နှစ်တာကာလထဲရောက်လာတဲ့အခါကြတော့ တချို့လူတွေ နိုင်ငံတကာကစွပ်စွပ်စွဲစွဲပြောလာတာလေးတွေရှိတယ်။ မင်းတို့တော်လှန်ရေးကနောက်ဆုံးကြတော့လည်း ဘဏ္ဍာရန်ပုံငွေကို မူးယစ်ဆေးရောင်းတာလိုလို ကျားဖြန့်လိုလိုပေါ့နော်။ ဒီလိုတရားမဝင်တဲ့နည်းလမ်းတွေနဲ့မင်းတို့ပိုက်ဆံတွေရှာနေတယ်ဆိုပြီး စွပ်စွဲပြီးပြောတာမျိုးလည်းရှိတယ်။ ဒါကိုလည်းကျနော်တို့သည် အော်ဂဲနစ်ဖြစ်တယ်ပေါ့ဗျာ။ ငါတို့တော်လှန်ရေးသည် တကယ့်ကိုလူထုဆီကနေပြီးတော့ တကယ့်ထောက်ခံမှုကနေလာတယ်ဆိုတဲ့ဟာမျိုးလေး ကျနော်တို့ရချင်တယ်"လို့ SCEFကိုယ်စားလှယ်အဖွဲ့နဲ့ ကိုရီးယားလူထုတွေ့ဆုံပွဲမှာပြောခဲ့တာပါ။

ဒါကြောင့် တော်လှန်ရေးအောင်မြင်ဖို့အတွက် မတူကွဲပြားမှုတွေကို ခဏဘေးဖယ်ပြီး SCEFကိုဝိုင်းဝန်းထောက်ခံပေးကြဖို့နဲ့ "လမ်းများအားလုံး SCEFဆီသို့"ဆိုပြီးလည်း ကိုရီးယားရောက်တိုင်းရင်းသားတွေနဲ့တော်လှန်လူထုအသိုင်းအဝိုင်းကို ဝန်ကြီးဦးတင်ထွန်းနိုင်က တိုက်တွန်းနေပါတယ်။

၂၀၂၆၊ နိုဝင်ဘာ ၈ ရက်နေ့က ကိုရီးယားနိုင်ငံ၊အင်ချွန်း ဘူဖျောင်းမြို့ခန်းမမှာကျင်းပခဲ့တဲ့ SCEFကိုယ်စားလှယ်အဖွဲ့၏ “ကိုရီးယားနိုင်ငံ လူထုတွေ့ဆုံပွဲ”(ဓါတ်ပုံ-NUGကိုရီးယားကိုယ်စားလှယ်ရုံး)
၂၀၂၆၊ နိုဝင်ဘာ ၈ ရက်နေ့က ကိုရီးယားနိုင်ငံ၊အင်ချွန်း ဘူဖျောင်းမြို့ခန်းမမှာကျင်းပခဲ့တဲ့ SCEFကိုယ်စားလှယ်အဖွဲ့၏ “ကိုရီးယားနိုင်ငံ လူထုတွေ့ဆုံပွဲ”(ဓါတ်ပုံ-NUGကိုရီးယားကိုယ်စားလှယ်ရုံး)

ဒါ့အပြင် အဲ့ဒီတွေ့ဆုံပွဲမှာ “နွေဦးတော်လှန်ရေး ၂နှစ်အတွင်းအောင်မြင်မလား”လို့ တက်ရောက်လာတဲ့ပြည်သူတွေထဲက မေးခွန်းထုတ်မေးခဲ့ပါတယ်။


အဲ့ဒီမေးမြန်းမှုကို SCEFကိုယ်စားလှယ်အဖွဲ့တာဝန်ရှိသူတွေက ဦးဆောင်မှုလည်းမှန်ကန်ပြီး ပြည်သူလူထုကလည်းစုစည်းညီညွတ်စွာ ပါဝင်ကြိုးစားကြမယ်ဆိုရင် နွေဦးတော်လှန်ရေး ၂နှစ်အတွင်း မအောင်မြင်နိုင်စရာမရှိဘူးလို့ပြန်လည်ဖြေဆိုခဲ့ကြောင်း ကိုရီးယားနိုင်ငံ NUG ကိုယ်စားလှယ်ရုံးက ဒီနေ့ နိုဝင်ဘာ ၉ရက်မှာသတင်းထုတ်ပြန်ပါတယ်။

၂၀၂၆၊ နိုဝင်ဘာ ၈ ရက်နေ့က ကိုရီးယားနိုင်ငံ၊အင်ချွန်း ဘူဖျောင်းမြို့ခန်းမမှာကျင်းပခဲ့တဲ့ SCEFကိုယ်စားလှယ်အဖွဲ့၏ “ကိုရီးယားနိုင်ငံ လူထုတွေ့ဆုံပွဲ”(ဓါတ်ပုံ-NUGကိုရီးယားကိုယ်စားလှယ်ရုံး)
၂၀၂၆၊ နိုဝင်ဘာ ၈ ရက်နေ့က ကိုရီးယားနိုင်ငံ၊အင်ချွန်း ဘူဖျောင်းမြို့ခန်းမမှာကျင်းပခဲ့တဲ့ SCEFကိုယ်စားလှယ်အဖွဲ့၏ “ကိုရီးယားနိုင်ငံ လူထုတွေ့ဆုံပွဲ”(ဓါတ်ပုံ-NUGကိုရီးယားကိုယ်စားလှယ်ရုံး)

ဖက်ဒရယ်ဒီမိုကရေစီ‌ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်အဖွဲ့ဟာ ကိုရီးယားနိုင်ငံ၊အင်ချွန်း ဘူဖျောင်းမြို့ခန်းမမှာ နိုဝင်ဘာ ၈ရက်က လူထုတွေ့ဆုံပွဲကျင်းပခဲ့တာဖြစ်ပြီး တွေ့ဆုံပွဲကို NUGနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ SCEFအတွင်းရေးမှူးအဖွဲ့ဝင်တွေဖြစ်တဲ့ KNPP အတွင်းရေးမှူး(၁)၊ Karenni IEC နိုင်ငံခြားရေးရာကော်မတီတာဝန်ခံ Neineh Plo၊ CNF အထွေထွေအတွင်းရေးမှူး Salai Thla Hei၊နဲ့ SCEF ဘဏ္ဍာရေးလုပ်ငန်းအဖွဲ့ဝင်ဖြစ်တဲ့ NUG စီမံကိန်း၊ဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိုင်တို့တက်‌ရောက်ခဲ့ပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page