top of page

အမေရိကန်ရဲ့ပိတ်ဆို့အရေးယူမှုတွေကြောင့် အီရန်ဘောလုံးအသင်း စီးနင်းလာတဲ့လေယာဉ် ဘာဆရာမြို့မှာဆင်းသက်ခွင့်မရခဲ့

Writer: BVJ
BVJ
3 days ago
1 min read

သူရ/BVJ-နိုဝင်ဘာ ၁၁၊ ၂၀၂၆

အမေရိကန်ရဲ့ပိတ်ဆို့မှုကြောင့် လေယာဉ်ဆင်းသက်ခွင့်ပိတ်ပင်ခံရအပြီး အီရန်ကနေကုန်းလမ်းအတိုင်းထွက်ခွာလာခဲ့တဲ့ အီရန်လက်ရွေးစင်အသင်းကစားသမားတစ်ဦး အီရတ်နိုင်ငံ ဘာဆရာမြို့ရှိ ဟိုတယ်သို့ ရောက်ရှိလာစဉ်။
အမေရိကန်ရဲ့ပိတ်ဆို့မှုကြောင့် လေယာဉ်ဆင်းသက်ခွင့်ပိတ်ပင်ခံရအပြီး အီရန်ကနေကုန်းလမ်းအတိုင်းထွက်ခွာလာခဲ့တဲ့ အီရန်လက်ရွေးစင်အသင်းကစားသမားတစ်ဦး အီရတ်နိုင်ငံ ဘာဆရာမြို့ရှိ ဟိုတယ်သို့ ရောက်ရှိလာစဉ်။

အမေရိကန်က အီရန်လေကြောင်းလိုင်းတွေအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ပတ်သက်ပြီး အီရန်လက်ရွေးစင်ဘောလုံးအသင်းစီးနင်းလာတဲ့လေယာဉ်ကို ဘာဆရာ (Basra) လေဆိပ်မှာ ဆင်းသက်ခွင့်ကို အီရတ်မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့က အင်္ဂါနေ့မှာ ပိတ်ပင်လိုက်တယ်လို့ ဘာဆရာလေဆိပ်တာဝန်ရှိသူနှစ်ဦးကပြောပါတယ်။


အဲဒီလေယာဉ်ဟာ အီရန်နိုင်ငံကိုပြန်လှည့်သွားခဲ့ပြီး အာဘာဒန် (Abadan) လေဆိပ်မှာ ပြန်လည်ဆင်းသက်ခဲ့တာကြောင့် အသင်းအနေနဲ့ ဘာဆရာမြို့ကို ကုန်းလမ်းကနေဆက်လက်ထွက်ခွာသွားမယ်လို့ ဘာဆရာမြို့ရှိ အီရန်ကောင်စစ်ဝန်ရုံးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အီရန်အသင်းဟာ အီရတ်၊ လီဘနွန်နဲ့ ပယ်လက်စတိုင်းတို့ပါဝင်မယ့် ဘာဆရာမြို့မှာကျင်းပမယ့် လေးနိုင်ငံဖိတ်ခေါ် ပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ဖို့ အီရတ်နိုင်ငံကို လာရောက်ခဲ့တာဖြစ်ပါတယ်။


ဒီဖြစ်စဉ်ဟာ အီရတ်နိုင်ငံအတွင်းက အီရန်ရဲ့လေကြောင်းလိုင်း လုပ်ငန်းဆောင်ရွက်မှုတွေအပေါ် အမေရိကန်ပိတ်ဆို့အရေးယူမှုတွေရဲ့ ရိုက်ခတ်မှု ပိုမိုကြီးမားလာတာကို မီးမောင်းထိုးပြနေပါတယ်။ ဝါရှင်တန်အနေနဲ့ ကမ္ဘာတဝန်းက အီရန်ရဲ့ မြို့ပြလေယာဉ်အုပ်စုတစ်ခုလုံး ပျံသန်းမှု ရပ်ဆိုင်းသွားစေဖို့ရည်ရွယ်ပြီး အီရန်လေကြောင်းလိုင်းတွေနဲ့ စီးပွားရေးလုပ်ကိုင်နေတဲ့ မည်သည့် ကမ္ဘာ့ကုမ္ပဏီကိုမဆိုပိတ်ဆို့အရေးယူသွားမယ်လို့ စက်တင်ဘာ ၂၃ ရက်နောက်ပိုင်းမှာ ကြေညာခဲ့တာပါ။


အီရန် လေကြောင်းလိုင်းတွေကို လက်ခံဝန်ဆောင်မှုပေးတဲ့ လေဆိပ်တွေနဲ့ ဝန်ဆောင်မှုကုမ္ပဏီတွေကို ဒုတိယအဆင့် ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ အမေရိကန်ကခြိမ်းခြောက်ခဲ့ပြီးနောက် အီရတ်နိုင်ငံက ဘဂ္ဂဒက်လေဆိပ်ဆီပျံသန်းနေတဲ့ အီရန်လေကြောင်းလိုင်းခရီးစဉ်တွေကို စက်တင်ဘာလမှာဆိုင်းငံ့ဖို့အမိန့်ထုတ်ခဲ့ပါတယ်။


အမေရိကန် ဘဏ္ဍာရေးဝန်ကြီး သစ် စကော့တ် ဘက်ဆန့် (Scott Bessent) ကလည်း အီရန်လေကြောင်းလိုင်းတွေကို ဝန်ဆောင်မှုပေးတဲ့ လေဆိပ်တွေဟာ အမေရိကန်ဒေါ်လာ စနစ်သုံးစွဲခွင့်ပိတ်ပင်ခံရတာ အပါအဝင် ပိတ်ဆို့အရေးယူမှုတွေနဲ့ကြုံတွေ့ရနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။


ဒီသတိပေးချက်ဟာ အီရန်ရဲ့ ပို့ဆောင်ရေးကဏ္ဍနဲ့ ပိတ်ဆို့အရေးယူခံထားရတဲ့ အီရန်လေကြောင်းလိုင်းတွေကိုဝန်ဆောင်မှုပေးနေတဲ့ နိုင်ငံခြားအဖွဲ့အစည်းတွေအပေါ် ကန့်သတ်ချက်တွေကို ပိုမိုတင်းကြပ်ဖို့ ဆောင်ရွက်နေတဲ့ အကောင်အထည်ဖော်မှုတွေရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

ခရက်ဒစ် - Reuters


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page