top of page

လွှတ်တော်ထဲ ခေါင်းမြီးခြုံဝတ်စုံနဲ့ဝင်လာလို့ သြစတြေးလျလွှတ်တော်အမတ် ဝေဖန်ခံနေရ

  • Writer: BVJ
    BVJ
  • 14 hours ago
  • 1 min read

အေတီ/BVJ_ နိုဝင်ဘာ ၂၅၊ ၂၀၂၅

ree

ဘူရ်ကာလို့ခေါ်တဲ့ မူဆလင်အမျိုးသမီးတွေဝတ်တဲ့ ခေါင်းမြီးခြုံဝတ်စုံကိုမဝတ်ဖို့တားမြစ်တဲ့ဥပဒေမူကြမ်း လွှတ်တော်မှာတင်သွင်းတဲ့အထက်လွှတ်တော်အမတ် ပေါလင်းဟန်ဆန်ရဲ့အဆိုကို သြစတြေးလျလွှတ်တော်ကပယ်ချလိုက်ပြီးနောက် မထင်မှတ်တဲ့အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါတယ်။


သူ့ရဲ့အဆိုတင်သွင်းမှုကို သြစတြေးလျလွှတ်တော်က ပိတ်ပင်တားမြစ်လိုက်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ အသက်၇၁နှစ်အရွယ်လွှတ်တော်အမတ်ဖြစ်တဲ့ ပေါလင်းဟန်ဆန်ဟာ အိမ်ကိုခဏပြန်သွားပြီးနောက် မျက်လုံးပဲဖော်ထားတဲ့ တကိုယ်လုံးအနက်ဝတ်စုံနဲ့လွှတ်တော်ထဲပြန်ဝင်လာခဲ့ပါတယ်။ ပြီးတော့ သူ့ထိုင်ခုံမှာ အေးအေးဆေးသွားထိုင်နေပါတယ်။ လွှတ်တော်ထဲ ခေါင်းမြီးခြုံဝတ်စုံကို သူဝတ်လာတာဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး၊၂၀၁၇ကလည်း အခုလိုမျိုးလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။


သူ့ရဲ့လုပ်ရပ်ကို လွှတ်တော်အမတ်အားလုံးနီးပါးက ဆန့်ကျင်ကန့်ကွက်ကြပြီးဒီလုပ်ရပ်ကို "လူမျိုးရေးခွဲခြားမှု" နဲ့ "ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူး"လို့ ပြောခဲ့ကြပါတယ်။ ဒါ့အပြင် လွှတ်တော်အမတ်အချို့က သူ့ကိုလွှတ်တော်ထဲက "ဆွဲထုတ်"ဖို့အထိ တောင်းဆိုခဲ့ကြပါတယ်။


တစ်သီးပုဂ္ဂလ အထက်လွှတ်တော်အမတ် ဖာတီမာပေမန်းက ပေါလင်းဟန်ဆန် ကို “ ဘာသာတရားတစ်ခုကို မလေးမစားပြုနေတဲ့သူ၊ မွတ်စလင်တွေ၊ ဩစတြေးလျမွတ်ဆလင်တွေအားလုံးကို မလေးမစားပြုနေတဲ့သူ” လို့ ပြောပါတယ်။ပေါလင်းဟန်ဆန်ကို လွှတ်တော်အဆောက်အဦးထဲက ထွက်ခွာသွားဖို့ အမိန့်ပေးခဲ့ပြီး သိပ်မကြာမီမှာပဲ အထက်လွှတ်တော်အစည်းအဝေးကျင်းပနေတာကိုလည်း ယာယီရပ်ဆိုင်းခဲ့ပါတယ်။

ree

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်ကလည်း ပေါလင်းဟန်ဆန်ရဲ့ လုပ်ရပ်ကိုကန့်ကွက်ခဲ့ပြီး လွှတ်တော်အမတ်တွေအနေနဲ့ လွှတ်တော်နဲ့အခြားလူမျိုးတွေ၊ အခြားသူတွေရဲ့ ဘာသာတရားတိုင်းကို လေးစားတန်ဖိုးထားသင့်ကြောင်း ထောက်ပြပါတယ်။

ပေါလင်းဟန်ဆာဟာ ရွှေ့ပြောင်းအခြေချမှုဆန့်ကျင်ရေး လက်ယာစွန်း One Nation ပါတီခေါင်းဆောင် သြစတြေးလျနိုင်ငံမြောက်ပိုင်း ကွင်းစလန်းပြည်နယ်ကိုယ်စားပြု အထက်လွှတ်တော်အမတ်ဖြစ်ပြီး၊လူမြင်ကွင်းနေရာတွေမှာ မျက်နှာဖုံးထားတဲ့ခေါင်းမြီးခြုံဝတ်စုံတွေမဝတ်ဖို့ကိစ္စ လွှတ်တော်မှာ ဥပဒေကြမ်းတစ်ရပ်တင်သွင်းဖို့ ကြိုးပမ်းနေတဲ့သူတစ်ဦးဖြစ်ပါတယ်။


ခရက်ဒစ်-BBC

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page