NUGနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ
- BVJ

- 6 days ago
- 1 min read
အေတီ/BVJ_နိုဝင်ဘာ ၁၉၊ ၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဟာ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်ကို ကန်ဘာရာမြို့ ပါလီမန်အဆောက်အအုံထဲက ဝန်ကြီးရုံးခန်းမှာ အခုလ နိုဝင်ဘာ ၁၇ ရက်က သွားရောက်တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံပွဲဟာ ပွင့်လင်းနွေးထွေးမှုရှိပြီး၊ မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့ ဒေသတွင်းတည်ငြိမ်အေးချမ်းဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က သူ့ရဲ့ဆိုရှယ်မီဒီယာအကောင့်ကနေ ပြောပါတယ်။

ပြီးခဲ့တဲ့၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၆ရက်နေ့ကလည်း NUGနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ ယူကေနိုင်ငံခြားရေးဝန်ကြီး James Cleverly နဲ့ လန်ဒန်မြို့ယူကေအစိုးရ နိုင်ငံခြားရေးဝန်ကြီးရုံးမှာ တရားဝင်တွေ့ဆုံခဲ့ပါသေးတယ်။







Comments