top of page

အိမ်ဖြူတော် ညစာစားပွဲတက်ရောက်ခဲ့တဲ့ ရော်နယ်ဒို

  • Writer: BVJ
    BVJ
  • Nov 20, 2025
  • 1 min read

BVJ_နိုဝင်ဘာ ၁၉၊၂၀၂၅

ကမ္ဘာကျော်ဘောလုံးသမား ခရီတီယာနိုရော်နယ်ဒိုဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆော်ဒီအိမ်ရှေ့မင်းသားကိုတည်ခင်းတဲ့ အိမ်ဖြူတော်ညစာစားပွဲကို တက်ရောက်ခဲ့ပါတယ်။ ရော်နယ်ဒယ်ကို အိမ်ရှင်အဖြစ်ဧည့်ခံရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိကြောင်း၊သူ့သားက ရော်နယ်ဒိုရဲ့အမာခံပရိသတ်တစ်ဦးဖြစ်ကြောင်း ညစာစားပွဲမှာဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။


ဆော်ဒီလိဂ် Al-Nassr အသင်းမှာကစားနေတဲ့ ရော်နယ်ဒိုဟာ ဆော်ဒီအိမ်ရှေ့မင်းသား ဘင် ဆယ်လ်မန်ရဲ့ တရားဝင်ကိုယ်စားလှယ်အဖွဲ့အနေနဲ့ အိမ်ဖြူတော်ညစာစားပွဲကိုတက်တာလား ဒါမှမဟုတ် အိမ်ဖြူတော်ကသီးသန့်ဖိတ်လို့ တက်တာလားတော့မသိရပါဘူး။ ဒါ့အပြင် ဒေါ်နယ်ထရမ့်က ရောနယ်ဒိုတို့ ဇနီးမောင်နှံကို သူ့ရဲ့ Oval Office ဘဲဥပုံရုံးခန်းထဲမှာ သီးသန့်ခေါ်ယူတွေ့ဆုံခဲ့ပါသေးတယ်။

အဲ့ဒီအိမ်ဖြူတော်ညစာစားပွဲကို Appleကုမ္ပဏီ CEO တင်မ်ကွတ်ခ်၊ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာ အီလွန်မက်စ်၊ အမေဇုန်ကုမ္ပဏီတည်ထောင်သူ ဂျက်ဘီဇော့တို့လည်း တက်ရောက်ခဲ့တာတွေ့ရပါတယ်။

ဓာတ်ပုံခရက်ဒစ် - Team Trump

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page