ဂွမြိုနဲ့မြောက်ဦးမြို့ ဗုံးကြဲတိုက်ခိုက်ခံရ၊ လူသေဆုံး ဒဏ်ရာရမှုရှိ
- BVJ

- 2 days ago
- 1 min read
BVJ/ဂျိုး_နိုဝင်ဘာ ၂၁၊ ၂၀၂၅

အာဏာသိမ်းစစ်အုပ်စုက ရခိုင်ပြည်နယ်မှာ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် သေဆုံးဒဏ်ရာရမှုတွေရှိနေပါတယ်။ မနေ့က ရခိုင်ပြည်နယ်မြောက်ပိုင်းက မြောက်ဦးမြို့ကိုဗုံးကြဲခဲ့ပြီး၊ ရခိုင်တောင်ပိုင်းက ဂွမြို့တို့ကို ဒီနေ့မှာဗုံးကြဲခဲ့ပါတယ်။
ရခိုင်တောင်ပိုင်း ဂွမြိုနယ်၊ ကျိန္တလီမြို့ အမှတ်(၁)ရပ်ကွက်ဟာ ဒီကနေ့ နေ့လည် ၁နာရီကျော်လောက်မှာ ဗုံးကြဲတိုက်ခိုက်ခံရပြီး အရပ်သား ၁ ဦးသေဆုံးကာ ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် မနေ့ညနေပိုင်းမှာလဲ မြောက်ဦးမြို့နယ် ဘောင်းဒွတ်ကျေးရွာကိုစစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကျွဲ၊ နွားတိရစ္ဆာန်တချို့ သေဆုံးဒဏ်ရာရမှု တွေရှိခဲ့ပါတယ်။
လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ ကျောက်ဖြူမြို့နယ်အတွင်းက ကျေးရွာတော်တော်များများကို စစ်အုပ်စုလေကြောင်းဗုံးကြဲတာတွေ ဆက်တိုက်လုပ်ဆောင်နေပြီး နေအိမ်တွေမီးလောင်ပျက်စီးတာတွေရှိနေတယ်လို့ ကျောက်ဖြူဒေသခံတွေက ပြောဆိုကြပါတယ်။
စစ်အုပ်စုဟာ အာရက္ခတပ်တော် AAထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တော်တော်များများကို ပြီးခဲ့တဲ့ အောက်တိုဘာလအကုန်ပိုင်းကစပြီး ဆက်တိုက်ဆိုသလို လေကြောင်းဗုံးကြဲနေတာကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေတိုးလာနေပါတယ်။
စစ်အုပ်စုရဲ့လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အောက်တိုဘာလ ၂၉ရက်နေ့က ဒီကနေ့အထိ ရခိုင်ပြည်မှာဒေသခံအရပ်သား ၅၀ကျော်သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။







Comments