top of page

အမေရိကန် သက်တမ်းဝက်ရွေးကောက်ပွဲ ဒီမိုကရက်တစ်ပါတီက ရီပတ်ဘလစ်ကန်ပါတီကို သမိုင်းဝင် အပြတ်အသတ် အနိုင်ရရှိ

Writer: BVJ
BVJ
Nov 4
3 min read
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့က တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့ အမေရိကန် ကြားဖြတ်ရွေးကောက်မှာ  ဒီမိုကရက်တစ် အမေရိကန် အထက်လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံလိုက်ရတဲ့  James Talarico သည် အောင်ပွဲခံနေစဥ်
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့က တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့ အမေရိကန် ကြားဖြတ်ရွေးကောက်မှာ ဒီမိုကရက်တစ် အမေရိကန် အထက်လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံလိုက်ရတဲ့ James Talarico သည် အောင်ပွဲခံနေစဥ်

အေတီ/BVJ


နှစ်ပေါင်း ၃၀ နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် တောင်ကာရိုလိုင်းနား ပြည်နယ်ကို ကိုယ်စားပြုပြီး ဒီမိုကရက်တစ် အမတ်တစ်ဦး အမေရိကန် ဆီးနိတ် အထက်လွှတ်တော်မှာ ထိုင်ခုံနေရာရရှိသွားခဲ့ပါပြီ။ အမေရိကန် မဲဆန္ဒရှင်တွေဟာ သမ္မတ ဒေါ်နယ်ထရမ့်ကို အံ့အားသင့်ဖွယ် ငြင်းပယ်လိုက်ကြပြီး၊ ထရမ့်ရဲ့ ကျန်ရှိနေတဲ့ သမ္မတသက်တမ်းတင်မကဘဲ အနာဂတ် နိုင်ငံရေးအခင်းအကျင်းကိုပါ ပြောင်းလဲစေမယ့် ဒီမိုကရက်တစ်ပါတီရဲ့ ခေတ်သစ်တစ်ခုကို လမ်းဖွင့်ပေးလိုက်ကြတာပါ။


၂၀၂၂ ခုနှစ်တုန်းက သမ္မတဟောင်း ဂျိုးဘိုင်ဒင် လက်ထက် ကိုဗစ်အလွန် ကုန်ဈေးနှုန်းကြီးမြင့်မှုတွေနဲ့အတူ ရီပတ်ဘလစ်ကန်တွေ လက်ထဲ ရောက်သွားခဲ့တဲ့ အောက်လွှတ်တော် (US House of Representatives) ထိန်းချုပ်ခွင့်ကို ဒီမိုကရက်တွေ ပြန်လည်ရရှိခဲ့ပါတယ်။ အောက်လွှတ်တော်ရဲ့ ပထမဆုံးသော လူမည်းလွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာတော့မယ့် ဒီမိုကရက်တစ် ခေါင်းဆောင် ဟားကင်းမ် ဂျက်ဖရီးစ် (Hakeem Jeffries) ကတော့ ဒီရလဒ်တွေဟာ "အမေရိကန်ပြည်ထောင်စုရဲ့ ရှင်သန်ဆဲ အားကောင်းမှုကို" သက်သေပြလိုက်တာပဲလို့ အောင်ပွဲခံ သတင်းစကားပါခဲ့ပါတယ်။


"ဒီနေ့ဟာ အမေရိကန်ရဲ့ ကြီးမားတဲ့ ပြန်လည်စတင်ခြင်းနေ့ ဖြစ်ပါတယ်။ ပင်လယ်ပြင်ကနေ အခြား ပင်လယ်ပြင်အထိ အမေရိကန် ပြည်သူတွေဟာ သူတို့ရဲ့ သဘောထားကို အပြတ်အသတ် ထုတ်ဖော်ပြသခဲ့ကြပါပြီ။ အစွန်းရောက်မှုတွေ၊ အဂတိလိုက်စားမှုတွေကို ကျနော်တို့ ငြီးငွေ့လှပြီဆိုတာကို ရှင်းရှင်းလင်းလင်း ပြသလိုက်တာပါ။ ပြည်သူတွေဟာ သူတို့အတွက် တကယ် အလုပ်လုပ်ပေးမယ့် လွှတ်တော်ကိုပဲ လိုချင်ကြတာဖြစ်ပြီး၊ အောက်လွှတ်တော် ဒီမိုကရက်တွေအနေနဲ့ အဲဒီအတိုင်း အတိအကျ လုပ်ဆောင်သွားမှာပါ" လို့ အင်္ဂါနေ့က ဝါရှင်တန်ဒီစီမှာရှိတဲ့ ထောက်ခံသူတွေကို ဂျက်ဖရီးစ် က ပြောကြားခဲ့တာပါ။


ဒါ့အပြင် ဒီမိုကရက်တွေဟာ တောင်ပိုင်းနဲ့ အလယ်ပိုင်း အနောက်ဘက်ဒေသတွေက ရီပတ်ဘလစ်ကန် အားကောင်းရာ ပြည်နယ်တွေမှာ အနည်းဆုံး ၆ နေရာအထိ အနိုင်ရရှိခဲ့ပြီး အမေရိကန် ကွန်ဂရက်လွှတ်တော် နှစ်ရပ်လုံးကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပါတယ်။


ဒီမိုကရက်များသည် "တစ်နိုင်ငံလုံးရှိ ရီပတ်ဘလီကန်ခေါင်းဆောင်များကို ချေမှုန်းနိုင်ခဲ့တယ်"လို့  Hakeem Jeffries က အစောပိုင်း က ပြောကြားခဲ့ပါတယ်။
ဒီမိုကရက်များသည် "တစ်နိုင်ငံလုံးရှိ ရီပတ်ဘလီကန်ခေါင်းဆောင်များကို ချေမှုန်းနိုင်ခဲ့တယ်"လို့ Hakeem Jeffries က အစောပိုင်း က ပြောကြားခဲ့ပါတယ်။

ရွေးကောက်ပွဲ မတိုင်မီက "ငါကိုယ်တိုင် မဲစာရင်းမှာ ပါနေတယ်လို့ သဘောထားကြ" လို့ ရီပတ်ဘလစ်ကန်တွေကို ခဏခဏ ပြောခဲ့တဲ့ ထရမ့်ကတော့ ပါတီ ပျက်စီးဆုံးရှုံးမှုကြီးနဲ့ ကြုံလိုက်ရပြီးတဲ့နောက်မှာ အဲဒီစကားကို နောက်ဆုတ်သွားခဲ့ပါတယ်။"ငါက မဲစာရင်းမှာ ပါတာမှ မဟုတ်တာ။ အကယ်၍ ငါသာ ပါခဲ့ရင် အပြတ်အသတ်ကို နိုင်မှာ" လို့ ထရမ့်က လူမှုကွန်ရက်မှာ ရေးသားခဲ့တာပါ။


တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သမိုင်းဝင် ရလဒ်များ


ဒီမိုကရက်တစ်ပါတီရဲ့ အနိုင်ရရှိမှုတွေဟာ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် နယ်မြေနှစ်ခုလုံးမှာ အနိုင်ရသွားခဲ့တာကြောင့် အမေရိကန်အစိုးရရဲ့ ဥပဒေပြုရေးစနစ် တစ်ခုလုံးကို ပါတီက စိုးမိုးလိုက်နိုင်ပြီ ဖြစ်ပါတယ်။


မဲရေတွက်မှုတွေ ဆက်လက်ပြုလုပ်နေဆဲ ဖြစ်ပေမဲ့ ဒီမိုကရက်တစ်ပါတီဟာ အောက်လွှတ်တော်မှာ အမတ်နေရာ ၂၃၀ ကျော်အထိ ရရှိဖို့ သေချာသလောက် ရှိနေပြီး၊ ဒါဟာ လွန်ခဲ့တဲ့ နှစ် ၂၀ နီးပါးက သမ္မတဟောင်း ဘားရက်အိုဘာမာရဲ့ ပထမ သက်တမ်းနောက်ပိုင်း အကြီးမားဆုံး အသာစီးရရှိမှုလည်း ဖြစ်ပါတယ်။

"ဒါဟာ ရိုးရိုး လှိုင်းလုံးတစ်ခု မဟုတ်ပါဘူး၊ ဆူနာမီ လှိုင်းကြီးပါ" လို့ ဒီမိုကရက်တစ် အရာရှိတစ်ဦးက အယ်လ်ဂျာဇီးယား သတင်းဌာနကို ပြောပါတယ်။


နှစ်ပေါင်း ၉၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကန်းဆပ်ပြည်နယ်ကို ကိုယ်စားပြုပြီး ဒီမိုကရက်တစ် ဆီးနိတ်အမတ်တစ်ဦး ရောက်ရှိလာခဲ့တာပါ။ ဒါဟာ အကြီးမားဆုံး မက်သဒစ်အသင်းတော်ရဲ့ သင်းအုပ်ဆရာတစ်ဦးဖြစ်သူ အာဒံ ဟာမိုတွန် (Adam Hamilton) က ပြည်သူ့ကြိုက်နှစ်သက်မှု မရှိတော့တဲ့ ရီပတ်ဘလစ်ကန် ဆီးနိတ်အမတ် ရော်ဂျာ မာရှယ် (Roger Marshall) ကို အံ့အားသင့်ဖွယ် အနိုင်ယူခဲ့လို့ပဲ ဖြစ်ပါတယ်။


လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ထရမ့်က ၁၃ မှတ်အကွာနဲ့ အနိုင်ရခဲ့ပေမဲ့၊ သူ့ရဲ့ မရေရာတဲ့ တာရီဖ် အခွန်မူဝါဒတွေကြောင့် ရိုက်ခတ်မှု အပြင်းထန်ဆုံး ခံခဲ့ရတဲ့ အိုင်အိုဝါ ပြည်နယ်မှာတော့ ဒီမိုကရက် ဂျို့ရှ် တူးရက်ခ် (Josh Turek) က ရုပ်သံသတင်းထောက်ဟောင်း ရီပတ်ဘလစ်ကန် အက်ရှ်လေ ဟင်ဆန် (Ashley Hinson) ကို အနိုင်ရသွားခဲ့ပါတယ်။


ဒါ့အပြင် အရင်က ရီပတ်ဘလစ်ကန်တွေ စိုးမိုးထားလို့ ဒီမိုကရက်တွေ ထိုးဖောက်ဖို့ ခက်ခဲခဲ့တဲ့ အမေရိကန် တောင်ပိုင်းမှာလည်း မျှော်လင့်ချက်အသစ်တွေ ပေါ်ထွက်လာခဲ့တာပါ။ ပြည်နယ်အုပ်ချုပ်ရေးမှူး နှစ်သက်တမ်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ရွိုင် ကူးပါး (Roy Cooper) က မြောက်ကာရိုလိုင်းနား ပြည်နယ်မှာ ရီပတ်ဘလစ်ကန် အမတ် သွန် သီးလစ် (Thom Tillis) ရဲ့ နေရာကို အနိုင်ယူပြီး ဒီမိုကရက်တွေအတွက် ပထမဆုံး အောင်ပွဲကို ဖော်ဆောင်ပေးခဲ့ပါတယ်။


ဂျော်ဂျီယာ ပြည်နယ်မှာလည်း ဆီးနိတ်အမတ် ဂျွန် အော့ဆော့ဖ် (Jon Ossoff) က အလွယ်တကူ ပြန်လည်ရွေးချယ်ခံခဲ့ရသလို၊ သူ့ရဲ့ ပါတီဝင် ကီးရှား လန့်စ် ဘော့တွမ်စ် (Keisha Lance Bottoms) ကလည်း ပထမဆုံးသော လူမည်းအမျိုးသမီး ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် သမိုင်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။

"ပြတ်သားလှတဲ့ ဒီအောင်ပွဲတွေနဲ့အတူ အမေရိကန် ပြည်သူတွေဟာ မအောင်မြင်တဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အဂတိလိုက်စားမှုနဲ့ အရည်အသွေး မရှိမှုတွေကို ပြတ်ပြတ်သားသား ငြင်းပယ်လိုက်ကြတာ ဖြစ်ပါတယ်" လို့ အတ္တလန်တာမြို့က ထောက်ခံသူတွေရှေ့မှာ အော့ဆော့ဖ် က ကြေညာခဲ့ပါတယ်။

"လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း အကြမ်းဖက်မှုတွေနဲ့ ယုတ်မာမှုတွေကြားမှာ ကျနော်တို့ရဲ့ သမ္မတနိုင်ငံကြီး ဆက်လက်ရှင်သန်နိုင်ပါ့မလားလို့ ခင်ဗျားတို့ သံသယဖြစ်ခဲ့ရင်တောင်၊ ဒီနေ့ည ရလဒ်တွေက ခင်ဗျားတို့ကို သတ္တိတွေ ပေးစွမ်းနိုင်ပါစေ"


မကြာသေးမီဆယ်စုနှစ်များအတွင်း လူဦးရေအလျင်အမြန်တိုးပွားလာမှုကို မြင်တွေ့ခဲ့ရတဲ့ တက်ဆပ်စ်ပြည်နယ်မှာတော့ ဂျိမ်းစ် တာလာရီကို (James Talarico) က အရှုပ်တော်ပုံတွေနဲ့ ရင်ဆိုင်နေရသူ ကန် ပက်စ်တွန် (Ken Paxton) ကို အနိုင်ရရှိခဲ့တာပါ။ ဒါပေမဲ့ ရီပတ်ဘလစ်ကန်တွေကို အကြီးမားဆုံးနဲ့ မထင်မှတ်ထားဆုံး ထိုးနှက်ချက် ပေးလိုက်တာကတော့ လွန်ခဲ့တဲ့ နှစ်နှစ်က ထရမ့် ၁၈ မှတ်အကွာနဲ့ နိုင်ခဲ့တဲ့ တောင်ကာရိုလိုင်းနား ပြည်နယ်ပဲ ဖြစ်ပါတယ်။



နှစ်ပေါင်း ၃၀ နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် ဒီမိုကရက်တစ် အမတ်တစ်ဦးက ဒီပြည်နယ်ကို ကိုယ်စားပြုခွင့် ရသွားတာပါ။ ကလေးအထူးကု ဆရာဝန်တစ်ဦးဖြစ်သူ ဒီမိုကရက်တစ် ဆီးနိတ်အမတ်လောင်း အန်နီ အန်းဒရူးစ် (Annie Andrews) ဟာ ကွယ်လွန်သူ အစ်ကိုဖြစ်သူ လင်းဆေး ဂရေဟမ်ရဲ့ နေရာမှာ အစားထိုး ခန့်အပ်ခြင်းခံခဲ့ရတဲ့ ဒေလင်း ဂရေဟမ် (Darline Graham) ကို ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။


"ဝါရှင်တန်က ဘယ်သူမှ မဲဆွယ်ဖို့ ကျမကို စည်းရုံးခဲ့တာ မဟုတ်ပါဘူး။ ဘယ်သူမှလည်း ဒီနေရာကို ပေးခဲ့တာ မဟုတ်သလို၊ စခရင်ပတ်တွေကို ရေးပေးခဲ့တာလည်း မရှိပါဘူး" လို့ အန်းဒရူးစ် က ရှားလက်စတန်မြို့ရှိ ထောက်ခံသူတွေကို ပြောခဲ့ပါတယ်။ "ကျမ ဝါရှင်တန်ကို ဘာမှ ပေးဆပ်စရာ မလိုပါဘူး။ ဒါပေမဲ့ တောင်ကာရိုလိုင်းနား ပြည်သူတွေကိုတော့ အရာအားလုံး ပေးဆပ်ဖို့ တာဝန်ရှိပါတယ်။ ကျမ အလုပ်လုပ်ပေးရမှာကလည်း အဲဒီ ပြည်သူတွေအတွက်ပဲ ဖြစ်ပါတယ်"


စီးပွားရေး အကျပ်အတည်းနှင့် အနာဂတ် ရီပတ်ဘလစ်ကန်တွေရဲ့ လမ်းကြောင်း


လွန်ခဲ့တဲ့ လေးနှစ်က ရီပတ်ဘလစ်ကန်တွေကို အာဏာရစေခဲ့တဲ့ စီးပွားရေး အကျပ်အတည်းတွေဟာ အခုအခါမှာတော့ သူတို့ကို အာဏာပြင်ပရောက်အောင် တွန်းပို့လိုက်တာပါ။


Associated Press ရဲ့ လုပ်အားပေး မဲ ဆန္ဒကောက်ယူမှုတွေအရ မဲဆန္ဒရှင်တွေဟာ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေအပေါ် စိတ်ပျက်နေကြပြီး၊ ၄ ယောက်မှာ ၁ ယောက်က စီးပွားရေးကို အဓိက ပြဿနာအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ အထူးသဖြင့် ဖေဖော်ဝါရီလက အီရန်နဲ့ စစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း မြင့်တက်လာတဲ့ စက်သုံးဆီနဲ့ ကုန်ခြောက်ဈေးနှုန်းတွေအပေါ် စိုးရိမ်နေကြတာပါ။


ဒါဟာ ရွေးကောက်ပွဲ ရှုံးနိမ့်ရတဲ့ အဓိကအကြောင်းအရင်း ဖြစ်တယ်လို့ ရီပတ်ဘလစ်ကန်တွေဘက်က ဝန်ခံထားကြပြီး၊ ပါတီတွင်း သတင်းအရင်းအမြစ် တစ်ခုကတော့ ဒီရှုံးနိမ့်မှုဟာ ထရမ့်ရဲ့ ကာကွယ်ရေးဝန်ကြီး ပီးတ် ဟက်ဂ်ဆက်သ် (Pete Hegseth) ရဲ့ ပခုံးပေါ်မှာပဲ တာဝန်ရှိတယ်လို့ သုံးသပ်ထားပါတယ်။ "သူက ထရမ့်ကို စစ်ပွဲဟာ အလွယ်တကူ နိုင်မယ်လို့ စည်းရုံးခဲ့တာ။ အဲဒီစစ်ပွဲက ကျနော်တို့ကို ဒီရွေးကောက်ပွဲ ရှုံးစေခဲ့တာပဲ" လို့ ဆိုပါတယ်။


တစ်ဖက်မှာလည်း ထရမ့်က အင်္ဂလနေ့ စမတ်ဖုန်း အက်ပလီကေးရှင်း Truth Social မှာ ရေးသားခဲ့ရာမှာ အတိတ်က တက်ဆပ်စ် အုပ်ချုပ်ရေးမှူး ဂရက်ဂ် အဘော့တ် (Greg Abbott) ရဲ့ နိုင်ငံရေး အမှားတွေကြောင့် ရှုံးရတာဖြစ်ကြောင်း ပါတီဝင်တွေကို ပစ်မှတ်ထား ပြစ်တင်ခဲ့ပါတယ်။

အနိုင်ရရှိခဲ့သူ အန်းဒရူးစ် ရဲ့ ရလဒ်ထွက်ပေါ်လာပြီးနောက် ရှုံးနိမ့်ကြောင်း ဝန်ခံခဲ့တဲ့ ဒေလင်း ဂရေဟမ် ကတော့ ရီပတ်ဘလစ်ကန် ပါတီအနေနဲ့ ပြန်လည် ဆန်းစစ်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း ထောက်ခံသူတွေကို ပြောကြားခဲ့ပြီး၊ အနာဂတ် လမ်းကြောင်းသစ်ကို ဖော်ဆောင်ရာမှာ အားလုံး ပါဝင်ကြဖို့ တိုက်တွန်းသွားခဲ့ပါတယ်။


AL JAZEERA သတင်းဌာနက Evan Semones ဆောင်းပါးကို ဘာသာပြန်ထားတာဖြစ်ပါတယ်.

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page