top of page

၇၆ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့အခမ်းအနားကို AA ၊ KPLA နဲ့ BPLA တာဝန်ရှိသူတွေ တက်ရောက်ခဲ့

  • Writer: BVJ
    BVJ
  • Jan 31, 2025
  • 1 min read

BVJ/အိုင်းရစ် _ ဇန်နဝါရီ ၃၁ ၊ ၂၀၂၅



ကရင်ပြည်နယ် ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုဌာနချုပ် နေရာတစ်ခုမှာ ကျင်းပတဲ့ ၇၆ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့အခမ်းအနားကို KNU ဌာနချုပ်ဟောင်း မာနယ်ပလောနယ်မြေမှာ ဒီနေ့ ဇန်နဝါရီ ၃၁ ရက် မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ ဒီနေ့အခမ်းအနားကို KNU ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့အတူ မဟာမိတ်တပ်ဖွဲ့က တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


နှစ်ပေါင်း ၃၀ ကျော်ကြာ လက်လွှတ်ခဲ့ရပြီးနောက် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၆ ရက်က ပြန်လည်သိမ်းယူနိုင်ခဲ့တဲ့ မာနယ်ပလောနယ်မြေမှာ ၇၆ နှစ်ပြည့် ကရင့်တော်လှန်ရေးနေ့အခမ်းအနားကို ပထမဆုံးအကြိမ် ပြန်လည်ကျင်းပခဲ့နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး (ဗဟို) က ဥက္ကဌ ပဒိုစောကွယ်ထူးဝင်း၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) စစ်ဦးစီးချုပ် စောဂျော်နီအပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြသလို မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ အာရက္ခတပ်တော် (AA) ၊ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KPLA) နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တို့က တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။



"ကျနော်တို့ရဲ့ ကွပ်ကဲရေးမှူး ကိုဆောင်းခနဲ့ တာဝန်ရှိသူတချို့ တက်ရောက်ခဲ့ပါတယ်။ ကျနော်တို့ရဲ့ အမှတ်(၁၀၇)စစ်ဒေမှာ ဖော်ဆောင်ခဲ့တဲ့ အရင်ကတိုက်ပွဲတွေရော အခုလက်ရှိတိုက်နေတဲ့ ဖာပွန်တိုက်ပွဲအားလုံးက မဟာမိတ် KNLA နဲ့အတူ ပူးတွဲဖော်ဆောင်ခဲ့တာဖြစ်ပါတယ်" လို့ ၇၆ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့အခမ်းအနားကို BPLA ခေါင်းဆောင် မောင်ဆောင်းခ တက်ရောက်ခဲ့မှုနဲ့ပတ်သက်ပြီး ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းကလည်း Burma VJ ကို အတည်ပြုပြောပါတယ်။


၁၉၄၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်မှာ စတင်ခဲ့တဲ့ ကရင့်တော်လှန်ရေးဟာ ကရင်တမျိုးသားလုံးနဲ့သက်ဆိုင်ပြီး လိုလားချက်တွေ ပြည့်ဝဖို့အတွက် ကရင်တမျိုးသားလုံးရဲ့ တာဝန်ဖြစ်သလို စည်းစည်းလုံးလုံး၊ ရဲရဲရင့်ရင့်နဲ့ ကျရာကဏ္ဍမှာ ပါဝင်ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းကလည်း ကရင့်တော်လှန်ရေးနေ့ သဝဏ်လွှာမှာ ရေးသားဖော်ပြထားပါတယ်။


ဒါ့အပြင် ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်ကို တည်ဆောက်ဖို့ KNU ရဲ့ နိုင်ငံရေး ရည်မှန်းချက်ဟာလည်း ပြည်သူအားလုံးရဲ့ အကျိုးစီးပွားအတွက်ပဲ ဖြစ်တာမို့ တိုင်းရင်းသားလူမျိုးများ၊ နိုင်ငံရေးအဖွဲ့တွေနဲ့လည်း လက်တွဲဆာင်ရွက်သွားဖို့ လိုအပ်တယ်လို့လည်း ဖော်ပြထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page